ဘီဘီစီ အားကစားသုံးသပ်သူ ဂယ်ရီလင်ကာက မနေ့ကပွဲမှာ မန်စီးတီး သရေကျခဲ့ပြီးနောက် အမှတ်ပေးဖလား ပြိုင်ဆိုင်မှုအတွက် ကြိုးစားနေတဲ့ လီဗာပူးကို သတင်းပေးမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အီသီဟတ်မှာ ယှဉ်ပြိုင်တဲ့ ပဲလေစ့်နဲ့ပွဲမှာ မန်စီးတီးဟာ ၂-၂ သရေလဒ် ထွက်ပေါ်ခဲ့တာကြောင့် လီဗာပူးဟာ ပွဲစဉ် ၂ ပွဲ ကစားဖို့ လိုသေးချိန်မှာပဲ အနီးကပ် ပြိုင်ဘက်ကို ၁၃ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲဗာတန်က အငှားချထားတဲ့ တိုဆန်ကြောင့် ပဲလေစ့်က ပွဲကို ဦးဆောင်နိုင်ခဲ့သလို အဂွယ်ရို နှစ်ဂိုး ပြန်သွင်းခဲ့ပေမယ့် ဖာနန်ဒင်ဟိုရဲ့ ကိုယ်ဂိုးကို ပြန်သွင်းမှုက မန်စီးတီးကို ရလဒ် ထိခိုက်စေခဲ့တာဖစ်တယ်။

လီဗာပူးရဲ့ အမှတ်ပေးဇယား ဦးဆောင်နေမှု အနေအထားက ၁၃ မှတ် ဖြစ်ပေမယ့် နှစ်ပွဲထိ ပွဲလျော့ကစားထားတာကို သတိထားမိခဲ့တဲ့ လင်ကာက ” လီဗာပူးက နှစ်ပွဲတောင် ကစားဖို့ ကျန်သေးချိန်မှာ ၁၃ မှတ်အသာနဲ့ ဦးဆောင်နေတယ်။ သူတိုက သမိုင်းမှာ အစောဆုံး ဗိုလ်ဆွဲသွားတဲ့ အသင်းအဖြစ်တောင် တစ်သင်းတည်း ဆက်သွားရနိုင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

လင်ကာရဲ့ စကားက မှားတော့ မမှားပေမယ့် အဲ့လို အပြောမျိုးကို ကလော့ပ်ကတော့ သဘောကျမယ် မထင်ပါဘူး။ ဒီကနေ့မှာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမှာအတွက် လီဗာပူးအသင်းသားတွေထံက စွမ်းဆောင်ရည်ကောင်းကို တောင်းဆိုထားတဲ့ ကလော့ပ်ဟာ ပွဲတိုင်းကို အာရုံစိုက်မှုအပြည့် ရဖို့ မျှော်လင့်နေသူပါ။

နှစ်ပေါင်း ၃၀ အကြာမှာ ပထမဆုံး အကြိမ်အဖြစ် အမှတ်ပေးဖလားကို ကိုင်မြောက်နိုင်ဖို့ တစ်ပန်းသာလာတဲ့ လီဗာပူးဟာ ဥရောပဖလားကို ကာကွယ်ဖို့လည်း ကြိုးစားနေသေးတာကြောင့် ပွဲတိုင်းကို အာရုံစိုက်မှုအပြည့်နဲ့ ယှဉ်ပြိုင်ကစားကြဖို့ အသင်းသားတွေကို ကလော့ပ်က သတိပေးချက် ထုတ်ထားတာဖြစ်ပါတယ်။

ZAWGYI

ဘီဘီစီ အားကစားသံုးသပ္သူ ဂယ္ရီလင္ကာက မေန႔ကပြဲမွာ မန္စီးတီး သေရက်ခဲ့ျပီးေနာက္ အမွတ္ေပးဖလား ျပိဳင္ဆိုင္မႈအတြက္ ၾကိဳးစားေနတဲ့ လီဗာပူးကို သတင္းေပးမႈတစ္ခု ျပဳလုပ္ခဲ့ပါတယ္။

အီသီဟတ္မွာ ယွဥ္ျပိဳင္တဲ့ ပဲေလစ့္နဲ႔ပြဲမွာ မန္စီးတီးဟာ ၂-၂ သေရလဒ္ ထြက္ေပၚခဲ့တာေၾကာင့္ လီဗာပူးဟာ ပြဲစဥ္ ၂ ပြဲ ကစားဖို႔ လိုေသးခ်ိန္မွာပဲ အနီးကပ္ ျပိဳင္ဘက္ကို ၁၃ မွတ္ထိ ျဖတ္ထားႏုိင္ခဲ့ျပီျဖစ္ပါတယ္။ အဲဗာတန္က အငွားခ်ထားတဲ့ တိုဆန္ေၾကာင့္ ပဲေလစ့္က ပြဲကို ဦးေဆာင္ႏုိင္ခဲ့သလို အဂြယ္ရို ႏွစ္ဂိုး ျပန္သြင္းခဲ့ေပမယ့္ ဖာနန္ဒင္ဟိုရဲ႕ ကိုယ္ဂိုးကို ျပန္သြင္းမႈက မန္စီးတီးကို ရလဒ္ ထိခိုက္ေစခဲ့တာဖစ္တယ္။

လီဗာပူးရဲ႕ အမွတ္ေပးဇယား ဦးေဆာင္ေနမႈ အေနအထားက ၁၃ မွတ္ ျဖစ္ေပမယ့္ ႏွစ္ပြဲထိ ပြဲေလ်ာ့ကစားထားတာကို သတိထားမိခဲ့တဲ့ လင္ကာက ” လီဗာပူးက ႏွစ္ပြဲေတာင္ ကစားဖို႔ က်န္ေသးခ်ိန္မွာ ၁၃ မွတ္အသာနဲ႔ ဦးေဆာင္ေနတယ္။ သူတိုက သမိုင္းမွာ အေစာဆံုး ဗိုလ္ဆြဲသြားတဲ့ အသင္းအျဖစ္ေတာင္ တစ္သင္းတည္း ဆက္သြားရႏိုင္ပါတယ္ ” လိို႔ ဆိုခဲ့တာျဖစ္တယ္။

လင္ကာရဲ႕ စကားက မွားေတာ့ မမွားေပမယ့္ အဲ့လို အေျပာမ်ိဳးကို ကေလာ့ပ္ကေတာ့ သေဘာက်မယ္ မထင္ပါဘူး။ ဒီကေန႔မွာ ယူႏုိက္တက္နဲ႔ ယွဥ္ျပိဳင္ရမွာအတြက္ လီဗာပူးအသင္းသားေတြထံက စြမ္းေဆာင္ရည္ေကာင္းကို ေတာင္းဆိုထားတဲ့ ကေလာ့ပ္ဟာ ပြဲတိုင္းကို အာရံုစိုက္မႈအျပည့္ ရဖို႔ ေမွ်ာ္လင့္ေနသူပါ။

ႏွစ္ေပါင္း ၃၀ အၾကာမွာ ပထမဆံုး အၾကိမ္အျဖစ္ အမွတ္ေပးဖလားကို ကိုင္ေျမာက္ႏုိင္ဖို႔ တစ္ပန္းသာလာတဲ့ လီဗာပူးဟာ ဥေရာပဖလားကို ကာကြယ္ဖို႔လည္း ၾကိဳးစားေနေသးတာေၾကာင့္ ပြဲတိုင္းကို အာရံုစိုက္မႈအျပည့္နဲ႔ ယွဥ္ျပိဳင္ကစားၾကဖို႔ အသင္းသားေတြကို ကေလာ့ပ္က သတိေပးခ်က္ ထုတ္ထားတာျဖစ္ပါတယ္။