လီဗာပူးနဲ့ ယူနိုက်တက်ပွဲကြို ပရိုဂရမ်မှာ အသင်းမန်နေဂျာ ယာဂင်ကလော့ပ်က လီဗာပူးအသင်း အဝတ်လဲခန်းဟာ ပြိုင်ဘက်က ဘယ်သူတွေဆိုတာထက် ကိုယ်ဘာသာကိုပဲ ဂရုစိုက်ပါတယ်လို့ ပြောဆိုပါတယ်။

အရမ်းကောင်းတဲ့ ကစားဟန်တွေကို ပြသနေပေမယ့် အခြားသော ပြင်ပက အမြင်တွေကို ဂရုမစိုက်ပဲ ကိုယ်အသင်းရဲ့ အကောင်းဆုံး အရည်အချင်းကို ဆက်ထိန်းနိုင်ဖို့ အရေးကြီးတယ်လို့ ကလော့ပ်က မြင်ပါတယ်။ မန်နေဂျာကြီးက လက်ရှိဆိုတဲ့ အနေအထားကို အာရုံစိုက်ပြီး ပွဲတိုင်းမှာ ပိုကောင်းလာဖို့ လိုအပ်တဲ့ စိတ်ထားက လီဗာပူး အဝတ်လဲခန်းမှာ ရှိနေတယ်လို့ ဆိုခဲ့တာဖြစ်တယ်။

ကလော့ပ်က “ ဒီရာသီမှာ ကျနော်တို့ဟာ မှန်ကန်တဲ့ ဟန်ချက်ညီမှုနဲ့ အကောင်းဆုံး လုပ်ဆောင်ထားနိုင်တယ်။ ကျနေ်ာတို့က ပြိုင်ဘက်တွေရဲ့ အင်အားကို လေးစားပါတယ်။ ဒါပေမယ့်လို့ ပြိုင်ဘက်တွေကို ဂရုစိုက်ဖို့ထက် ကျနေ်ာတို့ရဲ့ အဓိက အာရုံစိုက်မှုက ကိုယ်ရဲ့ အရည်အချင်း၊ ကိုယ်ရဲ့အင်အားနဲ့ ကိုယ်ဘာသာ အပေါ်မှာပဲ ဖြစ်ပါတယ်။

ကျနေ်ာတို့က သိပ်ကောင်းတဲ့ ဘောလုံးအသင်းဆိုတာ ကိုယ်ဘာသာသိတယ်။ ကျနေ်ာတို့ရဲ့ ကစားသမားတွေက မှန်ကန်တဲ့ ချဉ်းကပ်မှုတွေရှိတယ်ဆိုတာ သိတယ်။ ကိုယ်အချင်းချင်းနဲ့တကွ ဘာတွေလုပ်နိုင်မယ်ဆိုတာလည်း ကျနေ်ာတို့ ယုံကြည်တယ်။ ကိုယ်ရဲ့ ယုံကြည်ချက်တွေနဲ့ အလုပ်လုပ်ပြီး ပြိုင်ဘက်ကို လေးစားဖို့ထက် ကိုယ်ရဲ့ အရည်အချင်းကို အမြဲတမ်း အကောင်းဆုံးအဆင့်မှာ ရှိနေအောင် လုပ်ဆောင်ဖို့က အရေးကြီးဆုံးဆိုတာကို နားလည်ထားတယ်။

ကျနေ်ာတို့ နေထိုင်တဲ့ ကမ္ဘာကြီးက ဘယ်လိုတွေ မြင်နေကြပါစေ ဒီပွဲကိုကျော်ပြီး နောက်ပွဲတွေကို အာရုံစိုက်မယ်ဆိုရင် စွမ်းဆောင်ရည်မှာ ခံစားသွားရမယ်ဆိုတာ ကျနော် သေချာကို ပြောနိုင်ပါတယ်။ အသင်းဝတ်လဲခန်းနဲ့ ပက်သက်လို့လည်း အားရကျေနပ်မှုရှိတယ်။ အင်တာဗျူးတွေမှာ လီဗာပူးအသင်းသားတွေက အပြောတစ်မျိုးဖြစ်ပေမယ့် တကယ်တမ်း ယုံကြည်နေတာက တစ်မျိုးလို့ ထင်ကြမှာတွေ ရှိကြမှာပေါ့။

ဒါပေမယ့် ကျနော် မြင်နေရတဲ့ အသင်းသားတွေက သိပ်ကောင်းတဲ့ စိတ်ဓါတ်နဲ့ အာရုံစိုက်မှု ရှိကြတယ်။ ဒါကို ကြားရုံတင်မဟုတ်ပဲ စပါးနဲ့ပွဲတုန်းက အဝတ်လဲခန်းမှာ မြင်ခဲ့ရတယ်။ ကြီးမားတဲ့ ရလဒ်ကောင်းတစ်ခုဖြစ်ပြီး အနိုင်သုံးမှတ်ကို ရခဲ့တယ်ဆိုတာ ကျနော် သိတယ်။ ရိုးရိုးသားသား ပြောရရင် အနိုင်ရရင် အမြင့်ဆုံးက သုံးမှတ်ရတာဖြစ်လို့ ဒီအခြေအနေမှာ သုံးမှတ်ရတာက လုံလောက်ပါတယ်။

ကျနော်တို့ကို သတိပေးမှုတွေ ရှိလာမယ့် ပွဲတွေကို ရင်ဆိုင်ရနိုင်တာလည်း သိထားပါတယ်။ သတိပေးမှုဆိုတာက သင်ခန်းစာအဖြစ် အသုံးချနိုင်ရင် သိပ်ကောင်းပါတယ်။ ကျနေ်ာတို့ သင်ယူတယ် တိုးတက်ဖိုဖ့ အလုပ်လုပ်တယ်။ ဒါကို စပါးနဲ့ပွဲ အဝတ်လဲခန်းမှာ မြင်ခဲ့ရတယ်။ ကစားသမားတိုင်းက ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို လိုတယ်ဆိုတာ သိထားကြတယ်။ ဒါကို ကျနော် နှစ်သက်မိပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ ယူႏုိက္တက္ပြဲၾကိဳ ပရိုဂရမ္မွာ အသင္းမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က လီဗာပူးအသင္း အဝတ္လဲခန္းဟာ ျပိဳင္ဘက္က ဘယ္သူေတြဆိုတာထက္ ကိုယ္ဘာသာကိုပဲ ဂရုစိုက္ပါတယ္လို႔ ေျပာဆိုပါတယ္။

အရမ္းေကာင္းတဲ့ ကစားဟန္ေတြကို ျပသေနေပမယ့္ အျခားေသာ ျပင္ပက အျမင္ေတြကို ဂရုမစိုက္ပဲ ကိုယ္အသင္းရဲ႕ အေကာင္းဆံုး အရည္အခ်င္းကို ဆက္ထိန္းႏုိင္ဖို႔ အေရးၾကီးတယ္လုိ႔ ကေလာ့ပ္က ျမင္ပါတယ္။ မန္ေနဂ်ာၾကီးက လက္ရွိဆိုတဲ့ အေနအထားကို အာရံုစိုက္ျပီး ပြဲတိုင္းမွာ ပိုေကာင္းလာဖို႔ လိုအပ္တဲ့ စိတ္ထားက လီဗာပူး အဝတ္လဲခန္းမွာ ရွိေနတယ္လို႔ ဆိုခဲ့တာျဖစ္တယ္။

ကေလာ့ပ္က “ ဒီရာသီမွာ က်ေနာ္တို႔ဟာ မွန္ကန္တဲ့ ဟန္ခ်က္ညီမႈနဲ႔ အေကာင္းဆံုး လုပ္ေဆာင္ထားႏုိင္တယ္။ က်ေန္ာတုိ႔က ျပိဳင္ဘက္ေတြရဲ႕ အင္အားကို ေလးစားပါတယ္။ ဒါေပမယ့္လို႔ ျပိဳင္ဘက္ေတြကို ဂရုစိုက္ဖို႔ထက္ က်ေန္ာတို႔ရဲ႕ အဓိက အာရံုစိုက္မႈက ကိုယ္ရဲ႕ အရည္အခ်င္း၊ ကိုယ္ရဲ႔အင္အားနဲ႔ ကိုယ္ဘာသာ အေပၚမွာပဲ ျဖစ္ပါတယ္။

က်ေန္ာတို႔က သိပ္ေကာင္းတဲ့ ေဘာလံုးအသင္းဆိုတာ ကိုယ္ဘာသာသိတယ္။ က်ေန္ာတုိ႔ရဲ႕ ကစားသမားေတြက မွန္ကန္တဲ့ ခ်ဥ္းကပ္မႈေတြရွိတယ္ဆိုတာ သိတယ္။ ကိုယ္အခ်င္းခ်င္းနဲ႔တကြ ဘာေတြလုပ္ႏုိင္မယ္ဆိုတာလည္း က်ေန္ာတို႔ ယံုၾကည္တယ္။ ကိုယ္ရဲ႕ ယံုၾကည္ခ်က္ေတြနဲ႔ အလုပ္လုပ္ျပီး ျပိဳင္ဘက္ကို ေလးစားဖို႔ထက္ ကိုယ္ရဲ႕ အရည္အခ်င္းကို အျမဲတမ္း အေကာင္းဆုံးအဆင့္မွာ ရွိေနေအာင္ လုပ္ေဆာင္ဖို႔က အေရးၾကီးဆံုးဆိုတာကို နားလည္ထားတယ္။

က်ေန္ာတို႔ ေနထိုင္တဲ့ ကမၻာၾကီးက ဘယ္လုိေတြ ျမင္ေနၾကပါေစ ဒီပြဲကိုေက်ာ္ျပီး ေနာက္ပြဲေတြကို အာရံုစိုက္မယ္ဆိုရင္ စြမ္းေဆာင္ရည္မွာ ခံစားသြားရမယ္ဆိုတာ က်ေနာ္ ေသခ်ာကို ေျပာႏုိင္ပါတယ္။ အသင္းဝတ္လဲခန္းနဲ႔ ပက္သက္လို႔လည္း အားရေက်နပ္မႈရွိတယ္။ အင္တာဗ်ဴးေတြမွာ လီဗာပူးအသင္းသားေတြက အေျပာတစ္မ်ိဳးျဖစ္ေပမယ့္ တကယ္တမ္း ယံုၾကည္ေနတာက တစ္မ်ိဳးလို႔ ထင္ၾကမွာေတြ ရွိၾကမွာေပါ့။

ဒါေပမယ့္ က်ေနာ္ ျမင္ေနရတဲ့ အသင္းသားေတြက သိပ္ေကာင္းတဲ့ စိတ္ဓါတ္နဲ႔ အာရံုစိုက္မႈ ရွိၾကတယ္။ ဒါကို ၾကားရံုတင္မဟုတ္ပဲ စပါးနဲ႔ပြဲတုန္းက အဝတ္လဲခန္းမွာ ျမင္ခဲ့ရတယ္။ ၾကီးမားတဲ့ ရလဒ္ေကာင္းတစ္ခုျဖစ္ျပီး အႏုိင္သံုးမွတ္ကို ရခဲ့တယ္ဆိုတာ က်ေနာ္ သိတယ္။ ရိုးရိုးသားသား ေျပာရရင္ အႏုိင္ရရင္ အျမင့္ဆံုးက သံုးမွတ္ရတာျဖစ္လုိ႔ ဒီအေျခအေနမွာ သံုးမွတ္ရတာက လံုေလာက္ပါတယ္။

က်ေနာ္တုိ႔ကို သတိေပးမႈေတြ ရွိလာမယ့္ ပြဲေတြကို ရင္ဆိုင္ရႏုိင္တာလည္း သိထားပါတယ္။ သတိေပးမႈဆိုတာက သင္ခန္းစာအျဖစ္ အသံုးခ်ႏုိင္ရင္ သိပ္ေကာင္းပါတယ္။ က်ေန္ာတုိ႔ သင္ယူတယ္ တိုးတက္ဖိုဖ႔ အလုပ္လုပ္တယ္။ ဒါကို စပါးနဲ႔ပြဲ အဝတ္လဲခန္းမွာ ျမင္ခဲ့ရတယ္။ ကစားသမားတိုင္းက ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္ကို လိုတယ္ဆိုတာ သိထားၾကတယ္။ ဒါကို က်ေနာ္ ႏွစ္သက္မိပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။