လီဗာပူးအသင်းဟာ ပေါင် သန်း ၆၀ တန် လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာကို စောင့်ကြည့်လျက်သာ ရှိခဲ့ပေမယ့် ခေါ်ယူဖို့ လှုပ်ရှားမှု ပြုလုပ်လာခဲ့ပြီလို့ သတင်းထွက်လာခဲ့ကာ ချယ်ဆီးနဲ့ အပြိုင် ကြိုးပမ်းရဖွယ် ရှိနေပါတယ်။

ဟော်လန်သား ခံစစ်မှူး ဗန်ဒိုက်ဟာ လီဗာပူး ခံစစ်မှာ ပြစ်မျိုးမှဲ့မထင်နီးပါး စွမ်းဆောင်ပြထားပြီး မြင်ဖူးသမျှ ဗဟိုခံစစ်မှူးတွေထဲ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ လီဗာပူး ကစားသမားဟောင်း ဒန်နီ မာဖီက ချီးကျူးပြောဆိုလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ၁၉၉၀ နောက်ပိုင်းနဲ့ ၂၀၀၀ ပြည့်နှစ်နားမှာ မန်ချက်စတာယူနိုက်တက် အင်္ဂလန်မှာ လွှမ်းမိုးခဲ့သလိုမျိုး ထပ်မံ အောင်မြင်မှုတွေ ယူပြနိုင်တယ်လို့ အင်္ဂလန်ကစားသမားဟောင်း ဂျာမိန်း ဂျီးနက်စ်က ဟောကိန်း ထုတ်လိုက်ပါတယ်။

ယနေ့ည အန်းဖီးမှာ ကန်မယ့်ပွဲစဉ်အတွက် ထွက်ခွာလာမယ့် ယူနိုက်တက် အသင်းမှာ တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ် မပါဝင်ကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနများက ဖောြ်ပထားပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ပထမနေရာမှာ ရှိနေချိန် ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရတာက ပြိုင်ပွဲသမိုင်းတလျောက် ဒီညပွဲက ပထမဆုံး ဖြစ်တယ်လို့ သိရပါတယ်။

“လီဗာပူးအသင်းက ရန်သူတွေ သိပ်ပေါပါတယ်။ အခြားအသင်းတွေထက်ကို ပိုပြီး ရန်သူတွေ ပေါပါတယ်။ ဒါကလည်း ကျနေ်ာတို့ရဲ့ သမိုင်းနဲ့ အောင်မြင်ခဲ့တဲ့ အနေအထားတွေကြောင့်ပါ။ ” လို့ နည်းပြ ယာဂင်ကလော့ပ်က ပြောကြားလိုက်ပါတယ်။

Zawgyi – လီဗာပူးအသင္းဟာ ေပါင္ သန္း ၆၀ တန္ လိုက္ပ္ဇစ္ တိုက္စစ္မွဴး တီမို၀ါနာကို ေစာင့္ၾကည့္လ်က္သာ ရွိခဲ့ေပမယ့္ ေခၚယူဖို႔ လႈပ္ရွားမႈ ျပဳလုပ္လာခဲ့ျပီလို႔ သတင္းထြက္လာခဲ့ကာ ခ်ယ္ဆီးနဲ႕ အျပိဳင္ ၾကိဳးပမး္ရဖြယ္ ရွိေနပါတယ္။

ေဟာ္လန္သား ခံစစ္မွဴး ဗန္ဒိုက္ဟာ လီဗာပူး ခံစစ္မွာ ျပစ္မ်ိဳးမွဲ႕မထင္နီးပါး စြမ္းေဆာင္ျပထားျပီး ျမင္ဖူးသမွ် ဗဟိုခံစစ္မွဴးေတြထဲ အေကာင္းဆံုး ကစားသမား ျဖစ္တယ္လို႔ လီဗာပူး ကစားသမားေဟာင္း ဒန္နီ မာဖီက ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။

လီဗာပူးအသင္းဟာ ၁၉၉၀ ေနာက္ပိုင္းနဲ႕ ၂၀၀၀ ျပည့္နွစ္နားမွာ မန္ခ်က္စတာယူနုိက္တက္ အဂၤလန္မွာ လႊမ္းမိုးခဲ့သလိုမ်ိဳး ထပ္မံ ေအာင္ျမင္မႈေတြ ယူျပနိုင္တယ္လို႔ အဂၤလန္ကစားသမားေဟာင္း ဂ်ာမိန္း ဂ်ီးနက္စ္က ေဟာကိန္း ထုတ္လိုက္ပါတယ္။

ယေန႔ည အန္းဖီးမွာ ကန္မယ့္ပြဲစဥ္အတြက္ ထြက္ခြာလာမယ့္ ယူနိုက္တက္ အသင္းမွာ တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္ မပါ၀င္ေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနမ်ားက ေဖာျ္ပထားပါတယ္။

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ပထမေနရာမွာ ရွိေနခ်ိန္ ျပိဳင္ဘက္ မန္ခ်က္စတာယူနိုက္တက္ကို အိမ္ကြင္းမွာ ဧည့္ခံ ကစားရတာက ျပိဳင္ပြဲသမိုင္းတေလ်ာက္ ဒီညပြဲက ပထမဆံုး ျဖစ္တယ္လို႔ သိရပါတယ္။

“လီဗာပူးအသင္းက ရန္သူေတြ သိပ္ေပါပါတယ္။ အျခားအသင္းေတြထက္ကို ပိုၿပီး ရန္သူေတြ ေပါပါတယ္။ ဒါကလည္း က်ေန္ာတို႔ရဲ႕ သမိုင္းနဲ႔ ေအာင္ျမင္ခဲ့တဲ့ အေနအထားေတြေၾကာင့္ပါ။ ” လို႔ နည္းျပ ယာဂင္ကေလာ့ပ္က ေျပာၾကားလိုက္ပါတယ္။