လီဗာပူးနဲ့ ယူနိုက်တက်တိုရဲ့ အင်္ဂလန်ဒါဘီပွဲမှာတော့ လီဗာပူးဟာ ပြိုင်ဘက် ယူနိုက်တက်ကို အိမ်ကွင်းမှာ ဗန်ဒိုက်၊ ဆာလက်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ နဲ့ အနိုင်ယူပြီး အမှတ်ပေးဖယားကို ၁၆ မှတ်ထိ ဖြတ်ခဲ့ပါပြီ။

ဒီနေ့ပွဲမှာ လီဗာပူးဟာ အကောင်းဆုံး အသင်းကို ပွဲထုတ်ခဲ့တာဖြစ်တယ်။ ယူနိုက်တက်မှာ အဓိက ကစားသမား အနည်းငယ် ဒဏ်ရာရနေခဲ့ပြီး လူအင်အားမပြည့်စုံပေမယ့် ဒီလိုအသင်းကို ယှဉ်ပြိုင်ဖို့ ယာဂင်ကလော့ပ်က လူစာရင်းအပြည့်ကို ထုတ်သုံးခဲ့တာက ပြိုင်ဘက်က ဘာပဲဖြစ်နေနေ အနိုင်ယူမယ်ဆိုတာကို ဆုံးဖြတ်ထားတာ မြင်သာခဲ့ပါတယ်။

ပွဲအစပိုင်းမှာ ယူနိုက်တက်က အနည်းငယ် အသာရခဲ့ပေမယ့် မကြာခင်မှာပဲ လီဗာပူးက ပွဲကို လွှမ်းမိုးလာခဲ့ပြီး ပွဲချိန် ၁၄ မိနစ်မှာ ဗန်ဒိုက်ရဲ့ ခေါင်းတိုက်ဘောကနေ အဖွင့်ဂိုး ရခဲ့ပါတယ်။ ထပ်ပြီးလည်း လီဗာပူးက ဒုတိယ ဦးဆောင်ဂိုးအဖြစ် ဖာမင်နို ဂိုးရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခင်မှာ ဒီဂီယာကို ဗန်ဒိုက် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး VAR က ပယ်ဖျက်ခဲ့တာဖြစ်တယ်။ ဒီအနေအထားက အငြင်းပွားစရာဖြစ်ပြီး အစောပိုင်းမှာတင် ပြစ်ဒဏ်မပေးပဲ ဖာမင်နိုရဲ့ အကောင်းဆုံး အဆုံးသတ်မှုကို ပယ်ဖျက်တာက စိတ်ပျက်စရာပါပဲ။

လီဗာပူးကပဲ ဆက်လက် လွှမ်းမိုး ကစားခဲ့ပြီး ဝိုက်နယ်ဒမ် သွင်းဂိုးတစ်ဂိုးကို လှလှပပ ထပ်ယူပေမယ့် လူကျွံဘောအဖြစ် သက်မှတ်ခံရတယ်။ ဒီပွဲအတွက်တော့ ကွင်းလယ်ဒိုင်ကို အပြစ်မမြင်လိုပါဘူး။ ပွဲကောင်းတစ်ပွဲအပေါ် သူရဲ့ ကိုင်တွယ်မှုက ကျေနပ်စရာ မကောင်းပေမယ့် အမှန်ကန်ဆုံးဖြစ်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်။

လီဗာပူးဘက်က ဝိုက်နယ်ဒမ်၊ ဆာလက်၊ ဖာမင်နို၊ ဗန်ဒိုက်တို့က ပထမပိုင်းမှာ အတော်ကောင်းခဲ့ကာ ရော်ဘတ်ဆန်ကတော့ ရုန်းကန်ခဲ့ရတာဖြစ်တယ်။ ဘယ်ခြမ်းကနေ ယူနိုက်တက်က အတော်လေး ထိုးဖောက်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာအစမှာ လီဗာပူးရဲ့ အကောင်းဆုံး ခြေစွမ်းကို မြင်တွေ့ခဲ့ရပြီး တကယ်ကို လျှပ်စီးလက်နေတဲ့ ခြေစွမ်းနဲ့ ပြိုင်ဘက်ကို ထိုးဖောက်ခဲ့တာပါ။ ဆာလက်၊ ဟန်ဒါဆန်တို့ရဲ့ အကြိမ်ကြိမ်သော ထိုးဖောက်မှုတွေနဲ့အတူ လုံးဝကို ခမ်းနားတဲ့ ကစားဟန်ကို ပြသခဲ့တယ်။ အဲ့နောက် မကြာခင်မှာတော့ ယူနိုက်တက်က ပွဲကို ပြန်လှန်နိုင်ဖို့ လုပ်နိုင်ခဲ့တယ်။ ဒါကလည်း လီဗာပူးရဲ့ ကစားဟန်ကို တစ်ချိန်လုံး တင်နေရအောင် ကြံ့ခိုင်မှုပိုင်း ထိန်းဖို့ လိုတာကြောင့်လို့ ထင်မိပါတယ်။

ယူနိုက်တက်က အခွင့်အရေး ရပေမယ့် ဂိုးအဖြစ် မပြောင်းနိုင်ခဲ့ဘူး။ လီဗာပူးဘက်က ဟန်ဒါဆန်ရဲ့ လှုပ်အားက တကယ်ကို ကြောက်စရာကောင်းအောင် ပြင်းထန်လှတယ်။ ချိန်ဘာလိန် ဒဏ်ရာရနိုင်တဲ့ အနေအထား ကြုံခဲ့တဲ့နောက် ယာဂင်ကလော့ပ်က ချက်ခြင်း လူစားလဲခဲ့တယ်။ ပွဲကို ထိန်းကစားထားတဲ့ လီဗာပူးဟာ စိတ်ရှည်မှု ကုန်လာခဲ့တဲ့ ယူနိုက်တက်ရဲ့ အချိန်ပိုမှာ ဒီဂီယာ ရှေ့တက်လာပြီး နောက်ပြန်ဆင်းမှု ဟန်ချက်မညီမှုကနေ ဆာလက် ဂိုးသွင်းခဲ့ပါတယ်။

လီဗာပူးဟာ ချန်ပီယံခြေစွမ်းကို ပြသခဲ့တာဖြစ်ပြီး စိတ်ရှည်မှု၊ စိတ်ပြင်းပြမှု၊ စိတ်အားထက်သန်မှု အားလုံး ရှိခဲ့တာဖြစ်တယ်။ ယူနိုက်တက်ဘက်က ဖိအားပေးနိုင်ခဲ့တယ်လို့ ဆိုနိုင်ပေမယ့် ပွဲကို ထိန်းဖို့ လိုအပ်တဲ့အချိန်မှာ လီဗာပူးဘက်က ကစားအား ချခဲ့တာကလည်း ပြိုင်ဘက်ကို အခွင့်အရေး ရစေခဲ့ပြီး သွင်းဂိုး ယူရဖို့ အရေးကြီးဆုံး အချိန်မှာ ဆာလက်က ဂိုးရယူခဲ့တာဖြစ်တယ်။

ဒီပွဲမှာ ဆာလက်ဟာ သူ ဂိုးမသွင်းထားနိုင်တဲ့ ပရီးမီးယားလိဂ် ကလပ်တွေထဲက တစ်သင်းကို ဂိုးသွင်းခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားကို ၁၆ မှတ်ထိ ဖြတ်ထားကာ ချန်ပီယံလောင်း နေရာကို ရပ်တည်ခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ ယူႏုိက္တက္တိုရဲ႕ အဂၤလန္ဒါဘီပြဲမွာေတာ့ လီဗာပူးဟာ ျပိဳင္ဘက္ ယူႏုိက္တက္ကို အိမ္ကြင္းမွာ ဗန္ဒိုက္၊ ဆာလက္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ ၂-၀ နဲ႔ အႏုိင္ယူျပီး အမွတ္ေပးဖယားကို ၁၆ မွတ္ထိ ျဖတ္ခဲ့ပါျပီ။

ဒီေန႔ပြဲမွာ လီဗာပူးဟာ အေကာင္းဆံုး အသင္းကို ပြဲထုတ္ခဲ့တာျဖစ္တယ္။ ယူႏုိက္တက္မွာ အဓိက ကစားသမား အနည္းငယ္ ဒဏ္ရာရေနခဲ့ျပီး လူအင္အားမျပည့္စံုေပမယ့္ ဒီလိုအသင္းကို ယွဥ္ျပိဳင္ဖို႔ ယာဂင္ကေလာ့ပ္က လူစာရင္းအျပည့္ကို ထုတ္သံုးခဲ့တာက ျပိဳင္ဘက္က ဘာပဲျဖစ္ေနေန အႏုိင္ယူမယ္ဆိုတာကို ဆံုးျဖတ္ထားတာ ျမင္သာခဲ့ပါတယ္။

ပြဲအစပိုင္းမွာ ယူႏုိက္တက္က အနည္းငယ္ အသာရခ့ဲေပမယ့္ မၾကာခင္မွာပဲ လီဗာပူးက ပြဲကို လႊမ္းမိုးလာခဲ့ျပီး ပြဲခ်ိန္ ၁၄ မိနစ္မွာ ဗန္ဒိုက္ရဲ႕ ေခါင္းတိုက္ေဘာကေန အဖြင့္ဂိုး ရခ့ဲပါတယ္။ ထပ္ျပီးလည္း လီဗာပူးက ဒုတိယ ဦးေဆာင္ဂိုးအျဖစ္ ဖာမင္ႏို ဂိုးရခဲ့ေပမယ့္ ဂိုးမသြင္းႏုိင္ခင္မွာ ဒီဂီယာကို ဗန္ဒိုက္ ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္ဆိုျပီး VAR က ပယ္ဖ်က္ခဲ့တာျဖစ္တယ္။ ဒီအေနအထားက အျငင္းပြားစရာျဖစ္ျပီး အေစာပိုင္းမွာတင္ ျပစ္ဒဏ္မေပးပဲ ဖာမင္ႏိုရဲ႕ အေကာင္းဆံုး အဆံုးသတ္မႈကို ပယ္ဖ်က္တာက စိတ္ပ်က္စရာပါပဲ။

လီဗာပူးကပဲ ဆက္လက္ လႊမ္းမိုး ကစားခ့ဲျပီး ဝိုက္နယ္ဒမ္ သြင္းဂိုးတစ္ဂိုးကို လွလွပပ ထပ္ယူေပမယ့္ လူကၽြံေဘာအျဖစ္ သက္မွတ္ခံရတယ္။ ဒီပြဲအတြက္ေတာ့ ကြင္းလယ္ဒိုင္ကို အျပစ္မျမင္လိုပါဘူး။ ပြဲေကာင္းတစ္ပြဲအေပၚ သူရဲ႕ ကိုင္တြယ္မႈက ေက်နပ္စရာ မေကာင္းေပမယ့္ အမွန္ကန္ဆံုးျဖစ္ဖို႔ ၾကိဳးစားခဲ့တာျဖစ္တယ္။

လီဗာပူးဘက္က ဝိုက္နယ္ဒမ္၊ ဆာလက္၊ ဖာမင္ႏို၊ ဗန္ဒိုက္တို႔က ပထမပိုင္းမွာ အေတာ္ေကာင္းခဲ့ကာ ေရာ္ဘတ္ဆန္ကေတာ့ ရုန္းကန္ခဲ့ရတာျဖစ္တယ္။ ဘယ္ျခမ္းကေန ယူႏုိက္တက္က အေတာ္ေလး ထိုးေဖာက္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာအစမွာ လီဗာပူးရဲ႕ အေကာင္းဆံုး ေျခစြမ္းကို ျမင္ေတြ႔ခဲ့ရျပီး တကယ္ကို လွ်ပ္စီးလက္ေနတဲ့ ေျခစြမ္းနဲ႔ ျပိဳင္ဘက္ကို ထိုးေဖာက္ခဲ့တာပါ။ ဆာလက္၊ ဟန္ဒါဆန္တို႔ရဲ႕ အၾကိမ္ၾကိမ္ေသာ ထိုးေဖာက္မႈေတြနဲ႔အတူ လံုးဝကို ခမ္းနားတဲ့ ကစားဟန္ကို ျပသခဲ့တယ္။ အဲ့ေနာက္ မၾကာခင္မွာေတာ့ ယူႏုိက္တက္က ပြဲကို ျပန္လွန္ႏုိင္ဖို႔ လုပ္ႏုိင္ခဲ့တယ္။ ဒါကလည္း လီဗာပူးရဲ႕ ကစားဟန္ကို တစ္ခ်ိန္လံုး တင္ေနရေအာင္ ၾကံ႕ခိုင္မႈပိုင္း ထိန္းဖို႔ လိုတာေၾကာင့္လို႔ ထင္မိပါတယ္။

ယူႏုိက္တက္က အခြင့္အေရး ရေပမယ့္ ဂိုးအျဖစ္ မေျပာင္းႏုိင္ခဲ့ဘူး။ လီဗာပူးဘက္က ဟန္ဒါဆန္ရဲ႕ လႈပ္အားက တကယ္ကို ေၾကာက္စရာေကာင္းေအာင္ ျပင္းထန္လွတယ္။ ခ်ိန္ဘာလိန္ ဒဏ္ရာရႏုိင္တဲ့ အေနအထား ၾကံဳခဲ့တဲ့ေနာက္ ယာဂင္ကေလာ့ပ္က ခ်က္ျခင္း လူစားလဲခဲ့တယ္။ ပြဲကို ထိန္းကစားထားတဲ့ လီဗာပူးဟာ စိတ္ရွည္မႈ ကုန္လာခဲ့တဲ့ ယူႏုိက္တက္ရဲ႕ အခ်ိန္ပိုမွာ ဒီဂီယာ ေရွ႔တက္လာျပီး ေနာက္ျပန္ဆင္းမႈ ဟန္ခ်က္မညီမႈကေန ဆာလက္ ဂိုးသြင္းခဲ့ပါတယ္။

လီဗာပူးဟာ ခ်န္ပီယံေျခစြမ္းကို ျပသခဲ့တာျဖစ္ျပီး စိတ္ရွည္မႈ၊ စိတ္ျပင္းျပမႈ၊ စိတ္အားထက္သန္မႈ အားလံုး ရွိခဲ့တာျဖစ္တယ္။ ယူႏုိက္တက္ဘက္က ဖိအားေပးႏုိင္ခဲ့တယ္လုိ႔ ဆိုႏုိင္ေပမယ့္ ပြဲကို ထိန္းဖို႔ လိုအပ္တဲ့အခ်ိန္မွာ လီဗာပူးဘက္က ကစားအား ခ်ခဲ့တာကလည္း ျပိဳင္ဘက္ကို အခြင့္အေရး ရေစခဲ့ျပီး သြင္းဂိုး ယူရဖို႔ အေရးၾကီးဆံုး အခ်ိန္မွာ ဆာလက္က ဂိုးရယူခဲ့တာျဖစ္တယ္။

ဒီပြဲမွာ ဆာလက္ဟာ သူ ဂိုးမသြင္းထားႏုိင္တဲ့ ပရီးမီးယားလိဂ္ ကလပ္ေတြထဲက တစ္သင္းကို ဂိုးသြင္းခဲ့တာျဖစ္ျပီး ဒီႏိုင္ပြဲေၾကာင့္ အမွတ္ေပးဇယားကို ၁၆ မွတ္ထိ ျဖတ္ထားကာ ခ်န္ပီယံေလာင္း ေနရာကို ရပ္တည္ခဲ့ျပီျဖစ္ပါတယ္။