ဒီအပတ်မှာ မန်စီးတီးနဲ့ လက်စတာတို့ ခြေချော်ခဲ့ပြန်ပြီး လီဗာပူးကတော့ အတည်ငြိမ်ဆုံး အနေအထားဖြင့် ယူနိုက်တက်ကို အနိုင်ယူကာ အမှတ်ပေးဇယားကို ၁၆ မှတ် ဖြတ်ခဲ့ပါပြီ။

လီဗာပူး အဝတ်လဲခန်းကတော့ ရောက်နေတဲ့ အနေအထားအပေါ်မှာ သာယာမှုမဖြစ်ပဲ ယှဉ်ပြိုင်ရမယ့် တစ်ပွဲချင်းကို အာရုံစိုက်ကာ နောက်ဆုံး ရက်အထိ ပွဲတွေကို အာရုံစိုက်ဖို့ ပဲ ဦးတည်တယ်လိ့ ဟန်ဒါဆန်နဲ့ ဆာလက်က ပွဲအပြီး ပြောဆိုခဲ့တယ်။ ဒီနှစ် အမှတ်ပေးဖလားကို လီဗာပူး အနိုင်ရပြီလို့ ပြောဆိုမှုတွေ များနေပေမယ့် မန်နေဂျာကလော့ပ်နဲ့ အသင်းသားတွေက ဒီအပြောကို သာယာနေဖို့ မသင့်တာကို နားလည်ထားကြပါတယ်။

ဟန်ဒါဆန်က “ အဆုံးသတ်နဲ့ ပက်သက်လို့ ကျနေ်ာတို့ တကယ်ကို မတွေးပါဘူး။ ဘာလို့များ အဲ့တာကို ပြောင်းလဲပြီး အခုချိန်မှာ တွေးနေရမှာလဲ? ဘာလို့ ရာသီသိမ်းတဲ့ အကြောင်းကို တွေ့ရမှာလဲ? ပွဲတွေ အများကြီး ကစားဖို့ ကျန်ပါသေးတယ်။ အခုကနေစပြီးလည်း ပြိုင်ရမယ့် ပွဲတိုင်းကို အကောင်းဆုံး ကစားရမှာဖြစ်ကာ ပြောင်းလဲလိုက်လို့ မရပါဘူး။

ဒီကနေ့မှာ ပရိသတ်တွေက အရမ်းကို ကောင်းမွန်ကြတယ်။ ဒါပေမယ့် ကစားသမားတွေအတွက် ကျနေ်ာတို့အတွက်ကတော့ ဒါက နောက်ထပ် ပွဲတစ်ပွဲ စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့ရုံတင်ပါ။ ပရီးမီးယားလိဂ်က ခက်ခဲပါတယ်။ ခက်ခဲတဲ့ အသင်းတွေလည်း ရှိတယ်။ ဒီနေ့မှာ ယူနိုက်တက်က ကစားပုံ ကောင်းခဲ့ပေမယ့် အားလုံးကို ခြုံကြည့်ရင် အနိုင်သုံးမှတ်က ကျနေ်ာတို့နဲ့ပဲ ထိုက်တန်တာကို မြင်ရမှာပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးရဲ့ သက်တမ်းအရှည်ဆုံး အသင်းသားတစ်ဦးလည်းဖြစ်တဲ့ ဟန်ဒါဆန်ဟာ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီ အမှတ်ပေးဖလားကို စိန်ခေါ်မှုမှာ အဓိကကျခဲ့သူတစ်ဦးပါ။ သူက လီဗာပူးရဲ့ အမြဲတမ်း မျှော်လင့်ချက်က ဘာဆိုတာကို နားလည်ပြီး ဒီ မျှော်လင့်ချက်အတွက် ဆက်လက် ဆာလောင်နေဖို့ လိုအပ်တယ်လို့ သတိပေးစကား ပြောဆိုပါတယ်။

“ လီဗာပူးဘောလုံးအသင်းမှာ အမြဲတမ်း မျှော်လင့်ချက်ရှိပါတယ်။ ကျနော် ဒီကို ရောက်လာကတည်းက အနိုင်ရဖို့နဲ့ အောင်မြင်ဖို့ မျှော်လင့်ချက်ရှိပြီး ဒါကို ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဆက်လက် သင်ယူပြီး ဒီအစုအဖွဲ့က ပိုလို အောင်မြင်လိုပါတယ်။ ကျနေ်ာတို့ ဆာလောင်နေဆဲပါ။

မန်နေဂျာကလည်း အချိန်တိုင်းမှာ ကျနေ်ာတို့ကို တိုးတက်စေချင်တယ်။ သေချာပေါက်ကို တိုးတက်လာရမယ်ဆိုတာ ကျနေ်ာတို့ သိပါတယ်။ ဒီတော့ နေ့တိုင်းမှာ ဆက်လက်ပြီး ကြိုးစားမယ် ရာသီကုန် နောက်ဆုံးရက်ထိ ကြိုးစားပါမယ် ” လို့ ဟန်ဒါဆန်က ဆိုပါတယ်။

အသင်းဖော် တိုက်စစ်သမား ဆာလက်ကလည်း “ ပွဲတိုင်းကို ကျနေ်ုတိ့ ဆက်ပြီး အာရုံစိုက်နေဖို့ လိုပါတယ်။ ကျနေ်ာတို့တွေက ပရီးမီးယားလိဂ်တော့ အနိုင်ရတော့မှာပဲလို့ တွေးနေကြသူတွေ မဟုတ်ပါဘူး။ တစ်ပွဲချင်း ကျနေ်ာတို့ ယှဉ်ပြိုင်ကစားပြီး ဒါကပဲ အမှတ်ပေးဖလားကို အနိုင်ရစေမယ့် နည်းလမ်းပါ။ မနှစ်တုန်းက တူညီတဲ့ အချိန်မှာ ကျနေ်ာတို့ ရုန်းကန်ခြ့ရတယ်။ ဒီတော့ ပွဲတိုင်းမှာ ကျနေ်ာတို့ တည်ငြိမ်ပြီး အာရုံစိုက်နေဖို့ လိုပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာ မန္စီးတီးနဲ႔ လက္စတာတို႔ ေျခေခ်ာ္ခဲ့ျပန္ျပီး လီဗာပူးကေတာ့ အတည္ျငိမ္ဆံုး အေနအထားျဖင့္ ယူႏုိက္တက္ကို အႏုိင္ယူကာ အမွတ္ေပးဇယားကို ၁၆ မွတ္ ျဖတ္ခဲ့ပါျပီ။

လီဗာပူး အဝတ္လဲခန္းကေတာ့ ေရာက္ေနတဲ့ အေနအထားအေပၚမွာ သာယာမႈမျဖစ္ပဲ ယွဥ္ျပိဳင္ရမယ့္ တစ္ပြဲခ်င္းကို အာရံုစိုက္ကာ ေနာက္ဆံုး ရက္အထိ ပြဲေတြကို အာရံုစိုက္ဖို႔ ပဲ ဦးတည္တယ္လိ႔ ဟန္ဒါဆန္နဲ႔ ဆာလက္က ပြဲအျပီး ေျပာဆိုခဲ့တယ္။ ဒီႏွစ္ အမွတ္ေပးဖလားကို လီဗာပူး အႏုိင္ရျပီလုိ႔ ေျပာဆိုမႈေတြ မ်ားေနေပမယ့္ မန္ေနဂ်ာကေလာ့ပ္နဲ႔ အသင္းသားေတြက ဒီအေျပာကို သာယာေနဖို႔ မသင့္တာကို နားလည္ထားၾကပါတယ္။

ဟန္ဒါဆန္က “ အဆံုးသတ္နဲ႔ ပက္သက္လို႔ က်ေန္ာတုိ႔ တကယ္ကို မေတြးပါဘူး။ ဘာလို႔မ်ား အဲ့တာကို ေျပာင္းလဲျပီး အခုခ်ိန္မွာ ေတြးေနရမွာလဲ? ဘာလို႔ ရာသီသိမ္းတဲ့ အေၾကာင္းကို ေတြ႔ရမွာလဲ? ပြဲေတြ အမ်ားၾကီး ကစားဖို႔ က်န္ပါေသးတယ္။ အခုကေနစျပီးလည္း ျပိဳင္ရမယ့္ ပြဲတိုင္းကို အေကာင္းဆံုး ကစားရမွာျဖစ္ကာ ေျပာင္းလဲလိုက္လို႔ မရပါဘူး။

ဒီကေန႔မွာ ပ၇ိသတ္ေတြက အရမ္းကို ေကာင္းမြန္ၾကတယ္။ ဒါေပမယ့္ ကစားသမားေတြအတြက္ က်ေန္ာတို႔အတြက္ကေတာ့ ဒါက ေနာက္ထပ္ ပြဲတစ္ပြဲ စိန္ေခၚမႈတစ္ခု ျဖစ္ခဲ့ရံုတင္ပါ။ ပရီးမီးယားလိဂ္က ခက္ခဲပါတယ္။ ခက္ခဲတဲ့ အသင္းေတြလည္း ရွိတယ္။ ဒီေန႔မွာ ယူႏုိက္တက္က ကစားပံု ေကာင္းခဲ့ေပမယ့္ အားလံုးကို ျခံဳၾကည့္ရင္ အႏုိင္သံုးမွတ္က က်ေန္ာတို႔နဲ႔ပဲ ထိုက္တန္တာကို ျမင္ရမွာပါ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးရဲ႕ သက္တမ္းအရွည္ဆံုး အသင္းသားတစ္ဦးလည္းျဖစ္တဲ့ ဟန္ဒါဆန္ဟာ ၂၀၁၃-၂၀၁၄ ေဘာလံုးရာသီ အမွတ္ေပးဖလားကို စိန္ေခၚမႈမွာ အဓိကက်ခဲ့သူတစ္ဦးပါ။ သူက လီဗာပူးရဲ႕ အျမဲတမ္း ေမွ်ာ္လင့္ခ်က္က ဘာဆိုတာကို နားလည္ျပီး ဒီ ေမွ်ာ္လင့္ခ်က္အတြက္ ဆက္လက္ ဆာေလာင္ေနဖို႔ လိုအပ္တယ္လို႔ သတိေပးစကား ေျပာဆိုပါတယ္။

“ လီဗာပူးေဘာလံုးအသင္းမွာ အျမဲတမ္း ေမွ်ာ္လင့္ခ်က္ရွိပါတယ္။ က်ေနာ္ ဒီကို ေရာက္လာကတည္းက အႏိုင္ရဖို႔နဲ႔ ေအာင္ျမင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိျပီး ဒါကို ေျပာင္းလဲသြားမွာ မဟုတ္ပါဘူး။ ဆက္လက္ သင္ယူျပီး ဒီအစုအဖြဲ႔က ပိုလို ေအာင္ျမင္လိုပါတယ္။ က်ေန္ာတုိ႔ ဆာေလာင္ေနဆဲပါ။

မန္ေနဂ်ာကလည္း အခ်ိန္တိုင္းမွာ က်ေန္ာတုိ႔ကို တိုးတက္ေစခ်င္တယ္။ ေသခ်ာေပါက္ကို တိုးတက္လာရမယ္ဆိုတာ က်ေန္ာတုိ႔ သိပါတယ္။ ဒီေတာ့ ေန႔တိုင္းမွာ ဆက္လက္ျပီး ၾကိဳးစားမယ္ ရာသီကုန္ ေနာက္ဆံုးရက္ထိ ၾကိဳးစားပါမယ္ ” လို႔ ဟန္ဒါဆန္က ဆိုပါတယ္။

အသင္းေဖာ္ တုိက္စစ္သမား ဆာလက္ကလည္း “ ပြဲတိုင္းကို က်ေန္ုတိ႔ ဆက္ျပီး အာရံုစိုက္ေနဖို႔ လိုပါတယ္။ က်ေန္ာတုိ႔ေတြက ပရီးမီးယားလိဂ္ေတာ့ အႏုိင္ရေတာ့မွာပဲလို႔ ေတြးေနၾကသူေတြ မဟုတ္ပါဘူး။ တစ္ပြဲခ်င္း က်ေန္ာတုိ႔ ယွဥ္ျပိဳင္ကစားျပီး ဒါကပဲ အမွတ္ေပးဖလားကို အႏုိင္ရေစမယ့္ နည္းလမ္းပါ။ မႏွစ္တုန္းက တူညီတဲ့ အခ်ိန္မွာ က်ေန္ာတုိ႔ ရုန္းကန္ချ့ရတယ္။ ဒီေတာ့ ပြဲတိုင္းမွာ က်ေန္ာတုိ႔ တည္ျငိမ္ျပီး အာရံုစိုက္ေနဖို႔ လိုပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။