အန်ဖီးကွင်းမှာ ယူနိုက်တက်ကို လီဗာပူးက ၂-၀ နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားကို ၁၆ မှတ် ဖြတ်ခဲ့တဲ့နောက် အင်္ဂလန်မီဒီယာတွေမှာ ပွက်လောတွေရိုက်ခဲ့ပြီး ခေါင်းကြီးသတင်းတွေရဲ့ ခေါင်းစီးတွေက မျက်ခုံးပင့်စရာ ဖြစ်ခဲ့ပါတယ်။

လီဗာပူး ဒီလောက် မိုင်ဝေးဝေးပြေးနိုင်တာက လီဗာပူးကောင်းရုံတင်ပဲလား ပြိုင်ဘက်တွေရဲ့ နိမ့်ကျမှုက ရှက်စရာကို ကောင်းနေပြီလားဆိုတဲ့ သတင်းခေါင်းစီးမျိုးအပြင် ကမ္ဘာစံချိန်တင်ကြေးရှင် မက်ဂွဲရားကို ဗန်ဒိုက်နဲ့ နှိုင်းယှဉ်ကြတယ် တကယ်တမ်းမှာ သူက ဟန်ဒါဆန်ရဲ့ ဦးဆောင်မှုကိုတောင် လိုက်မှီပါရဲ့လား ဆိုတဲ့ နှိုင်းယှဉ်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ယူနိုက်တက် အသင်းခေါင်ဆောင်ဟောင် ရိုင်ကိန်းကဆိုရင် မနေ့ကပွဲမှာ ခံစစ်ကြောင်းကို တည်ငြိမ်အောင် လွှမ်းမိုးထားနိုင်တဲ့ ဗန်ဒိုက်အပေါ် ” တကယ်ကို သားရဲကြီးတစ်ကောင်လိုပဲ။ တကယ်ကို သားရဲလို ကစားသမားပဲ။ ဘုရားသခင်.. ဗန်ဒိုက်က ဘယ်လိုတောင် ကောင်းတဲ့ ကစားသမားကောင်းတစ်ယောက်လဲဗျာ ” လို့ ထုတ်ဖော် ချီးကျူးခဲ့ရတယ်။

လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါကတော့ “ အင်္ဂလန်က လူတိုင်းက လီဗာပူးက ပရီးမီးယားလိဂ်ကို အနိုင်ရပြီလို့တောင် ထင်နေကြပါပြီ။ သိပ်ကို ကောင်းလွန်းတဲ့အသင်းပါ။ လိဂ်ရဲ့ အကောင်းဆုံးပါ၊ ဥရောပရဲ့ အကောင်းဆုံးပါ၊ ဒီအခြေအနေမှာတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းပါ ” လို့ ကြွေးကြော်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ရလဒ်တွေမှာ ရုန်းကန်နေရပြီး ဒဏ်ရာရကစားသမားတွေလည်း များနေတာကြောင့် ဒီပွဲကို လီဗာပူးကပဲ အနိုင်ရလိမ့်မယ်လို့ ပွဲမစခင်တည်းက ခန့်မှန်းမှုတွေ ရှိထားခဲ့တယ်။ ရေပန်းစားတဲ့ ရလဒ်အတိုင်း ထွက်ပေါ်လာခဲ့ပေမယ့် လီဗာပူးနဲ့ ပက်သက်ပြီး များပြားတဲ့ ချီးကျူးမှုတွေက ယူနိုက်တက်ကို အနိုင်ရခြင်းထက် ပရီးမီးယားလိဂ်သမိုင်းမှာ မကြုံဖူးလောက်အောင် ရပ်တန့်မရဖြစ်နေတဲ့ အသင်းတစ်သင်းကို မြင်တွေ့နေရခြင်းကြောင့်ဖြစ်ပါတယ်။

အခြားသော အင်္ဂလန်မီဒီယာတွေလိုပဲ တယ်လီဂရပ် သတင်းဌာနမှ သတင်းထောက် Chris Bascombe ကလည်း လီဗာပူးရဲ့ ရပ်တန့်မရတဲ့ ခြေစွမ်းကို အသိအမှတ်ပြုခဲ့ပြီး အဓိက အသင်းသားတစ်ဦးအဖြစ် ခြေစွမ်းပြနေတဲ့ ဗန်ဒိုက်နဲ့ ပက်သက်လို့ နှစ် ၂၀ အတွင်း အကောင်းဆုံး ခံစစ်မှူးဆိုတဲ့ ခေါင်းစီးဖြင့် လက်ဖျားခါတဲ့ သုံးသပ်ချက် ဆောင်းပါးတစ်ခုကိုလည်း ဖော်ပြခဲ့ပါတယ်။

အဆိုပါ ဖော်ပြမှုမှာတော့ ” ဗန်ဒိုက်က ဒီရာသီမှာ ဘလွန်းဒီအော့ဆုကို လွဲချော်ခဲ့တယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို လည်မှာ ဆွဲခွင့်ရဖို့ အလားအလာရှိနေတဲ့ သူဟာ ဗြိတိန်ရဲ့ အထင်ရှားဆုံးသော အနုပညာဆုဖြစ်တဲ့ Turner Prize အတွက် ဆန်ကာတင်စာရင်းထဲ ဝင်လောက်အောင်ကို ဘောလုံးမှာ အနုပညာမြောက်နေသူဖြစ်တယ်။

လီဗာပူးအတွက် သူစွမ်းဆောင်ပြနေတာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ဘူး။ သတင်းထောက်တွေ ဘာပြောကြတယ်ဆိုတာကို မေ့လိုက်ပါ။ သူဟာ အနုပညာမြောက်တဲ့ ဆုတွေအတွက်တောင် ဆန်ကာတင် ဝင်သင့်ပါတယ် (တင်စားခြင်း)။

ယာဂင်ကလော့ပ်က လီဗာပူးရဲ့ ပြတိုက်မှူးပေါ့။ ဒီရာသီကုန် အန်ဖီးမှာ ပရီးမီးယားလိဂ်ဆုဖလားက ပြသဖို့အကောင်းဆုံး အမြတ်တနိုး ထားစရာ ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် အဲ့တာအတွက် ဗန်ဒိုက် ဦးဆောင်တဲ့ ခံစစ်တန်းဟာ လီဗာပူးရဲ့ ယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ်ခဲ့တဲ့ နှစ်လုံးအိမ်လည်း ဖြစ်လာပါမယ်။ ဗန်ဒိုက်က ထိပ်တန်းကျတဲ့ ခံစစ်သမားတစ်ဦးတင် မဟုတ်ပါဘူး။ သူက အဲ့ထက် အများကြီး ပိုပါတယ်။

ဗန်ဒိုက်က ရှေးရိုးဆန်တဲ့ ခေါင်းတိုက်မှုကို ရှင်းရှင်းလင်းလင်းလုပ်ပြီး ဂိုးရယူခဲ့တယ်။ ယူနိုက်တက်ရဲ့ ထိုးဖောက်မှု မှန်သမျှကို လီဗာပူးခံစစ်ကနေ ရှင်းထုတ်ခဲ့တယ်။ ထောင့်ကန်ဘောတိုင်းမှာ အားလုံးက ဗန်ဒိုက်ကို ရှာဖွေခဲ့ကြပါတယ်။ ဗန်ဒိုက်က ဖန်တီးရှင်တစ်ယောက်လို ကစားခဲ့သေးသလို လှုပ်ရှားသူတစ်ဦးအဖြစ်လည်း ကစားပြခဲ့သေးတာဖြစ်တယ်။

သူလက်ရှိ ကစားနေတဲ့ နေရာထက် ၁၀ ကိုက်လောက် ရှေ့တိုးကစားမယ်ဆိုရင် သူက ဇာဗီ အလွန်ဆိုလို ကစားပြလိမ့်မယ်။ သူက ဖာဒီနန်လို တင့်တင်ပြီး ဂျရတ် ပီကေးလို နည်းစနစ်ပိုင်း အရည်အချင်းနဲ့တကွ ကွန်ပနီရဲ့ ဦးဆောင်မှု အရည်အချင်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူဟာ ဂျွန်တယ်ရီလို ဂိုးခြိမ်းခြောက်နိုင်စွမ်း ရှိသူဆိုတာလည်း ဒီရာသီ လေးဂိုးမြောက် သွင်းဂိုးနဲ့ သက်သေထူးပြခဲ့ပါပြီ။

ရာမိုစ့်ထက် ပိုကောင်းသူလို့ သက်မှတ်ဖို့ အနည်းငယ် လျော့ကျတဲ့ ထင်မြင်ချက်တွေ ရှိပေမယ့် နှစ်ပေါင်း ၂၀ အတွင်း အကောင်းဆုံး ခံစစ်မှူးဆိုတဲ့ အရည်အချင်းတွေ အားလုံးကို ပိုင်ဆိုင်ထားတဲ့ သူပါ။ ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေး ပေးထားရပြီး အန်ဖီးကွင်းကို အသင်းခေါင်းဆောင် လက်ပတ်ပတ်ပြီး မက်ဂွဲရား ရောက်လာခဲ့ပေမယ့် နှိုင်းယှဉ်ဖို့က မနီးစပ်လှပါဘူး။ သူ့ရဲ့ ယူနိုက်တက် ကစားသမားဘဝ ဘယ်လောက်ပဲ တိုးတက်လာပေမယ့် လီဗာပူးရဲ့ ကောင်တာတွေကို ဟန့်တားဖို့က လုံလောက်တဲ့ အမြင်မျိုး မရှိပါဘူး။

ဗန်ဒိုက် မတိုင်ခင် လီဗာပူးနဲ့ ဗန်ဒိုက်ရောက်လာပြီး လီဗာပူး အနေအထားအရ ကုန်ခဲ့တဲ့ ၂၅ နှစ်လောက်တုန်းက ဆုံးရံှူးခဲ့တဲ့ အနေအထားကို ပြန်ရလာခြင်းက မြင်နိုင်ပါတယ်။ ကာရေဂါနဲ့ ဟစ်ပီယာ၊ စတီဖန် ဟန်းချော့ရဲ့ အကောင်းဆုံး အနေအထား၊ ဒန်နီရယ် အဂ္ဂါတို့လို လီဗာပူးခံစစ်သမားတွေကိုလည်း ချွင်းချက်ထဲမှာ ထည့်မထားပါဘူး။

၂၀၁၄ မှာ လီဗာပူူးက အမှတ်ပေးဖလားကို အနိုင်ရဖို့ နီးစပ်ခဲ့ပေမယ့် ဆာခိုနဲ့ စကာတယ်တို့က ပထမဦးစားပေးတွေ ဖြစ်ခဲ့တယ်။ ၃-၀ နဲ့ အနိုင်ရထားတာတောင် အဆုံးမှာ ရမှတ်တွေ ခွဲရပြီး တည်ကန်ဘောတွေမှာ ကြောက်ရွံ့နေခဲ့ရတယ်။ အခုတော့ အဲ့လို ဖိအားတွေ မရှိတော့ပါဘူး။

အခုချိန်မှာ အန်ဖီးမှာ စတင်ရေတွက်မှုတွေ လုပ်လာပါပြီ။ ၁၀ ပွဲနိုင်ရင် နှစ် ၃၀ ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို အနိုင်ရတော့မှာပါ။ ဒါက ဗန်ဒိုက်ရဲ့ သက်ရောက်မှုပါပဲ။ မိုင်းတွေအပြည့် မြုပ်ထားတဲ့ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုရဲ့ အလယ်မှာ သူနဲ့ သူဦးဆောင်တဲ့ အသင်းသားတွေကတော့ သာယာလှတဲ့ နေ့လယ်ခင်းနဲ့အတူ အကောင်းဆုံး ဖြတ်လျှောက်သွားတော့မယ့် အနေအထားကို ရောက်နေပြီဖြစ်ပါတယ် ” လို့ ချီးကျူး ရေးသားခဲ့တာဖြစ်ပါတယ်။

ZAWGYI

အန္ဖီးကြင္းမွာ ယူႏုိက္တက္ကို လီဗာပူးက ၂-၀ နဲ႔ အႏုိင္ယူျပီး အမွတ္ေပးဇယားကို ၁၆ မွတ္ ျဖတ္ခဲ့တဲ့ေနာက္ အဂၤလန္မီဒီယာေတြမွာ ပြက္ေလာေတြရိုက္ခဲ့ျပီး ေခါင္းၾကီးသတင္းေတြရဲ႕ ေခါင္းစီးေတြက မ်က္ခံုးပင့္စရာ ျဖစ္ခဲ့ပါတယ္။

လီဗာပူး ဒီေလာက္ မိုင္ေဝးေဝးေျပးႏုိင္တာက လီဗာပူးေကာင္းရံုတင္ပဲလား ျပိဳင္ဘက္ေတြရဲ႕ နိမ့္က်မႈက ရွက္စရာကို ေကာင္းေနျပီလားဆိုတဲ့ သတင္းေခါင္းစီးမ်ိဳးအျပင္ ကမၻာစံခ်ိန္တင္ေၾကးရွင္ မက္ဂြဲရားကို ဗန္ဒိုက္နဲ႔ ႏိႈင္းယွဥ္ၾကတယ္ တကယ္တမ္းမွာ သူက ဟန္ဒါဆန္ရဲ႕ ဦးေဆာင္မႈကိုေတာင္ လိုက္မွီပါရဲ႕လား ဆိုတဲ့ ႏိႈင္းယွဥ္မႈေတြလည္း ထြက္ေပၚခဲ့ပါတယ္။

ယူႏုိက္တက္ အသင္းေခါင္ေဆာင္ေဟာင္ ရိုင္ကိန္းကဆိုရင္ မေန႔ကပြဲမွာ ခံစစ္ေၾကာင္းကို တည္ျငိမ္ေအာင္ လႊမ္းမိုးထားႏုိင္တဲ့ ဗန္ဒိုက္အေပၚ ” တကယ္ကို သားရဲၾကီးတစ္ေကာင္လုိပဲ။ တကယ္ကို သားရဲလို ကစားသမားပဲ။ ဘုရားသခင္.. ဗန္ဒိုက္က ဘယ္လိုေတာင္ ေကာင္းတဲ့ ကစားသမားေကာင္းတစ္ေယာက္လဲဗ်ာ ” လို႔ ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့ရတယ္။

လီဗာပူးခံစစ္မွဴးေဟာင္း ကာေရဂါကေတာ့ “ အဂၤလန္က လူတိုင္းက လီဗာပူးက ပရီးမီးယားလိဂ္ကို အႏုိင္ရျပီလို႔ေတာင္ ထင္ေနၾကပါျပီ။ သိပ္ကို ေကာင္းလြန္းတဲ့အသင္းပါ။ လိဂ္ရဲ႕ အေကာင္းဆံုးပါ၊ ဥေရာပရဲ႕ အေကာင္းဆံုးပါ၊ ဒီအေျခအေနမွာေတာ့ ကမၻာေပၚမွာ အေကာင္းဆံုး အသင္းပါ ” လို႔ ေၾကြးေၾကာ္ခဲ့တာျဖစ္ပါတယ္။

ယူႏုိက္တက္ဟာ ရလဒ္ေတြမွာ ရုန္းကန္ေနရျပီး ဒဏ္ရာရကစားသမားေတြလည္း မ်ားေနတာေၾကာင့္ ဒီပြဲကို လီဗာပူးကပဲ အႏုိင္ရလိမ့္မယ္လို႔ ပြဲမစခင္တည္းက ခန္႔မွန္းမႈေတြ ရွိထားခဲ့တယ္။ ေရပန္းစားတဲ့ ရလဒ္အတိုင္း ထြက္ေပၚလာခဲ့ေပမယ့္ လီဗာပူးနဲ႔ ပက္သက္ျပီး မ်ားျပားတဲ့ ခ်ီးက်ဴးမႈေတြက ယူႏုိက္တက္ကို အႏုိင္ရျခင္းထက္ ပရီးမီးယားလိဂ္သမိုင္းမွာ မၾကံဳဖူးေလာက္ေအာင္ ရပ္တန္႔မရျဖစ္ေနတဲ့ အသင္းတစ္သင္းကို ျမင္ေတြ႔ေနရျခင္းေၾကာင့္ျဖစ္ပါတယ္။

အျခားေသာ အဂၤလန္မီဒီယာေတြလိုပဲ တယ္လီဂရပ္ သတင္းဌာနမွ သတင္းေထာက္ Chris Bascombe ကလည္း လီဗာပူးရဲ႕ ရပ္တန္႔မရတဲ့ ေျခစြမ္းကို အသိအမွတ္ျပဳခဲ့ျပီး အဓိက အသင္းသားတစ္ဦးအျဖစ္ ေျခစြမ္းျပေနတဲ့ ဗန္ဒိုက္နဲ႔ ပက္သက္လို႔ ႏွစ္ ၂၀ အတြင္း အေကာင္းဆံုး ခံစစ္မွဴးဆိုတဲ့ ေခါင္းစီးျဖင့္ လက္ဖ်ားခါတဲ့ သံုးသပ္ခ်က္ ေဆာင္းပါးတစ္ခုကိုလည္း ေဖာ္ျပခဲ့ပါတယ္။

အဆိုပါ ေဖာ္ျပမႈမွာေတာ့ ” ဗန္ဒိုက္က ဒီရာသီမွာ ဘလြန္းဒီေအာ့ဆုကို လြဲေခ်ာ္ခဲ့တယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို လည္မွာ ဆြဲခြင့္ရဖို႔ အလားအလာရွိေနတဲ့ သူဟာ ျဗိတိန္ရဲ႕ အထင္ရွားဆံုးေသာ အႏုပညာဆုျဖစ္တဲ့ Turner Prize အတြက္ ဆန္ကာတင္စာရင္းထဲ ဝင္ေလာက္ေအာင္ကို ေဘာလံုးမွာ အႏုပညာေျမာက္ေနသူျဖစ္တယ္။

လီဗာပူးအတြက္ သူစြမ္းေဆာင္ျပေနတာ ဒါ ပထမဆံုးအၾကိမ္ေတာ့ မဟုတ္ဘူး။ သတင္းေထာက္ေတြ ဘာေျပာၾကတယ္ဆိုတာကို ေမ့လိုက္ပါ။ သူဟာ အႏုပညာေျမာက္တဲ့ ဆုေတြအတြက္ေတာင္ ဆန္ကာတင္ ဝင္သင့္ပါတယ္ (တင္စားျခင္း)။

ယာဂင္ကေလာ့ပ္က လီဗာပူးရဲ႕ ျပတိုက္မွဴးေပါ့။ ဒီရာသီကုန္ အန္ဖီးမွာ ပရီးမီးယားလိဂ္ဆုဖလားက ျပသဖို႔အေကာင္းဆံုး အျမတ္တႏိုး ထားစရာ ျဖစ္လာလိမ့္မယ္။ ဒါေပမယ့္ အဲ့တာအတြက္ ဗန္ဒိုက္ ဦးေဆာင္တဲ့ ခံစစ္တန္းဟာ လီဗာပူးရဲ႕ ယဥ္ေက်းမႈကို ျပန္လည္ေဖာ္ထုတ္ခဲ့တဲ့ ႏွစ္လံုးအိမ္လည္း ျဖစ္လာပါမယ္။ ဗန္ဒိုက္က ထိပ္တန္းက်တဲ့ ခံစစ္သမားတစ္ဦးတင္ မဟုတ္ပါဘူး။ သူက အဲ့ထက္ အမ်ားၾကီး ပိုပါတယ္။

ဗန္ဒိုက္က ေရွးရိုးဆန္တဲ့ ေခါင္းတိုက္မႈကို ရွင္းရွင္းလင္းလင္းလုပ္ျပီး ဂိုးရယူခဲ့တယ္။ ယူႏုိက္တက္ရဲ႕ ထိုးေဖာက္မႈ မွန္သမွ်ကို လီဗာပူးခံစစ္ကေန ရွင္းထုတ္ခဲ့တယ္။ ေထာင့္ကန္ေဘာတိုင္းမွာ အားလံုးက ဗန္ဒိုက္ကို ရွာေဖြခဲ့ၾကပါတယ္။ ဗန္ဒိုက္က ဖန္တီးရွင္တစ္ေယာက္လို ကစားခဲ့ေသးသလို လႈပ္ရွားသူတစ္ဦးအျဖစ္လည္း ကစားျပခဲ့ေသးတာျဖစ္တယ္။

သူလက္ရွိ ကစားေနတဲ့ ေနရာထက္ ၁၀ ကိုက္ေလာက္ ေရွ႔တိုးကစားမယ္ဆိုရင္ သူက ဇာဗီ အလြန္ဆိုလို ကစားျပလိမ့္မယ္။ သူက ဖာဒီနန္လို တင့္တင္ျပီး ဂ်ရတ္ ပီေကးလို နည္းစနစ္ပိုင္း အရည္အခ်င္းနဲ႔တကြ ကြန္ပနီရဲ႕ ဦးေဆာင္မႈ အရည္အခ်င္းကို ပိုင္ဆုိင္ထားသူ ျဖစ္ပါတယ္။ သူဟာ ဂၽြန္တယ္ရီလို ဂိုးျခိမ္းေျခာက္ႏုိင္စြမ္း ရွိသူဆိုတာလည္း ဒီရာသီ ေလးဂိုးေျမာက္ သြင္းဂိုးနဲ႔ သက္ေသထူးျပခ့ဲပါျပီ။

ရာမိုစ့္ထက္ ပိုေကာင္းသူလို႔ သက္မွတ္ဖို႔ အနည္းငယ္ ေလ်ာ့က်တဲ့ ထင္ျမင္ခ်က္ေတြ ရွိေပမယ့္ ႏွစ္ေပါင္း ၂၀ အတြင္း အေကာင္းဆံုး ခံစစ္မွဴးဆိုတဲ့ အရည္အခ်င္းေတြ အားလံုးကို ပိုင္ဆုိင္ထားတဲ့ သူပါ။ ကမၻာစံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကး ေပးထားရျပီး အန္ဖီးကြင္းကို အသင္းေခါင္းေဆာင္ လက္ပတ္ပတ္ျပီး မက္ဂြဲရား ေရာက္လာခဲ့ေပမယ့္ ႏိႈင္းယွဥ္ဖို႔က မနီးစပ္လွပါဘူး။ သူ႔ရဲ႕ ယူႏုိက္တက္ ကစားသမားဘဝ ဘယ္ေလာက္ပဲ တိုးတက္လာေပမယ့္ လီဗာပူးရဲ႕ ေကာင္တာေတြကို ဟန္႔တားဖို႔က လံုေလာက္တဲ့ အျမင္မ်ိဳး မရွိပါဘူး။

ဗန္ဒိုက္ မတိုင္ခင္ လီဗာပူးနဲ႔ ဗန္ဒိုက္ေရာက္လာျပီး လီဗာပူး အေနအထားအရ ကုန္ခဲ့တဲ့ ၂၅ ႏွစ္ေလာက္တုန္းက ဆံုးရံွဴးခဲ့တဲ့ အေနအထားကို ျပန္ရလာျခင္းက ျမင္ႏုိင္ပါတယ္။ ကာေရဂါနဲ႔ ဟစ္ပီယာ၊ စတီဖန္ ဟန္းေခ်ာ့ရဲ႕ အေကာင္းဆံုး အေနအထား၊ ဒန္နီရယ္ အဂၢါတို႔လို လီဗာပူးခံစစ္သမားေတြကိုလည္း ခၽြင္းခ်က္ထဲမွာ ထည့္မထားပါဘူး။

၂၀၁၄ မွာ လီဗာပူူးက အမွတ္ေပးဖလားကို အႏုိင္ရဖို႔ နီးစပ္ခဲ့ေပမယ့္ ဆာခိုနဲ႔ စကာတယ္တို႔က ပထမဦးစားေပးေတြ ျဖစ္ခဲ့တယ္။ ၃-၀ နဲ႔ အႏုိင္ရထားတာေတာင္ အဆံုးမွာ ရမွတ္ေတြ ခြဲရျပီး တည္ကန္ေဘာေတြမွာ ေၾကာက္ရြံ႔ေနခဲ့ရတယ္။ အခုေတာ့ အဲ့လို ဖိအားေတြ မရွိေတာ့ပါဘူး။

အခုခ်ိန္မွာ အန္ဖီးမွာ စတင္ေရတြက္မႈေတြ လုပ္လာပါျပီ။ ၁၀ ပြဲႏိုင္ရင္ ႏွစ္ ၃၀ ၾကာ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို အႏုိင္ရေတာ့မွာပါ။ ဒါက ဗန္ဒိုက္ရဲ႕ သက္ေရာက္မႈပါပဲ။ မိုင္းေတြအျပည့္ ျမဳပ္ထားတဲ့ အမွတ္ေပးဖလား ျပိဳင္ဆိုင္မႈရဲ႕ အလယ္မွာ သူနဲ႔ သူဦးေဆာင္တဲ့ အသင္းသားေတြကေတာ့ သာယာလွတဲ့ ေန႔လယ္ခင္းနဲ႔အတူ အေကာင္းဆံုး ျဖတ္ေလွ်ာက္သြားေတာ့မယ့္ အေနအထားကို ေရာက္ေနျပီျဖစ္ပါတယ္ ” လို႔ ခ်ီးက်ဴး ေရးသားခဲ့တာျဖစ္ပါတယ္။