လီဗာပူး ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ လူငယ် ခံစစ်မှူးလေးတွေ အတွက် အတုယူအားကျဖို့ တကယ့် စံပြ ခံစစ်မှူးကောင်း ဖြစ်ကြောင်း အသင်းဖော် အန်ဒီ ရော်ဘတ်ဆန်က ချီးကျူးပြောဆိုခဲ့ပါတယ်။

နိုက်စ် အသင်းမှ လူငယ် တောင်ပံတိုက်စစ်သမားလေး ပီဒရို ဘရာဇိုကို ခေါ်ယူလိုတဲ့ အသင်းထဲ လီဗာပူးအသင်းလည်း ပါဝင်လာတယ်လို့ သိရပါတယ်။ အသက် ၁၇ နှစ် အရွယ် လူငယ်လေးကို အလားအလာရှိသူ အဖြစ် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ စပို့တင်း လစ္စဘွန်းတို့က ခေါ်ယူဖို့ ကြိုးစားနေတာပါ။

လိုက်ပ်ဇစ် တိုက်စ်မှူး တီမိုဝါနာက လာမယ့် နွေမှာတော့ အန်းဖီးလ်သို့ ပြောင်းရွှေ့လာဖို့ စိတ်အားထက်သန်နေကြောင်း ဂျာမန်အားကစား သတင်းဌာနက ဖော်ထုတ်သွားပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ယူနိုက်တက်နဲ့ ပွဲမှာ အန်းဖီးကွင်းထဲ အသင်းပရိသတ်တွေရဲ့ ‘ ငါတို့ ချန်ပီယံ ဖြစ်တော့မယ် ‘ လို့ ဟစ်ကြွေး သီဆိုမှုများကို နားလည်ကြောင်းနဲ့ လီဗာပူးအသင်းသားများက လွဲလို့ ပရိသတ်တွေ အနေနဲ့ အောင်ပွဲ ခံနိုင်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း တစ်ဦး ဖြစ်တဲ့ ပီတာဝေါ်တန်က ယူနိုက်တက်ဘက် သွင်းခဲ့တဲ့ ဖာမီနိုရဲ့ ဂိုးကို ပယ်ဖျက်လိုက်တာက မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဖာမီနို ဂိုးက ဗန်ဒိုက် ဒီဂီယာကို ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့တယ် ဆိုတဲ့ အချက်နဲ့ ခွင့်မပြုခဲ့တာပါ။

ယူနိုက်တက်နဲ့ ပွဲမှာ ဆာလက်သွင်းယူခဲ့တဲ့ ပွဲသိမ်းဂိုး အတွက် ဘောလုံးကန်တင်ပေးပို့ကာ ဖန်တီးမှု ပြုလုပ်ခဲ့တဲ့ အယ်လစ်ဆန်ရဲ့ အပြုအမူနဲ့ အောင်ပွဲခံမှုတွေက အသင်း သမိုင်းမှာ အမှတ်ရစရာ အဖြစ် ပါဝင်သွားတော့မယ်လို့ လီဗာပူးဝက်ဘ်ဆိုဒ်က သုံးသပ်ထားပါတယ်။

Zawgyi – လီဗာပူး ဗဟိုခံစစ္မွဴး ဗန္ဒိုက္ဟာ လူငယ္ ခံစစ္မွဴးေလးေတြ အတြက္ အတုယူအားက်ဖို႔ တကယ့္ စံျပ ခံစစ္မွဴးေကာင္း ျဖစ္ေၾကာင္း အသင္းေဖာ္ အန္ဒီ ေရာ္ဘတ္ဆန္က ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

နိုက္စ္ အသင္းမွ လူငယ္ ေတာင္ပံတိုက္စစ္သမားေလး ပီဒရို ဘရာဇိုကို ေခၚယူလိုတဲ့ အသင္းထဲ လီဗာပူးအသင္းလည္း ပါ၀င္လာတယ္လို႔ သိရပါတယ္။ အသက္ ၁၇ နွစ္ အရြယ္ လူငယ္ေလးကို အလားအလာရွိသူ အျဖစ္ ပီအက္စ္ဂ်ီ၊ ဘိုင္ယန္ျမဴးနစ္နဲ႕ စပို႔တင္း လစၥဘြန္းတို႔က ေခၚယူဖို႔ ၾကိဳးစားေနတာပါ။

လိုက္ပ္ဇစ္ တိုက္စ္မွဴး တီမို၀ါနာက လာမယ့္ ေႏြမွာေတာ့ အန္းဖီးလ္သို႔ ေျပာင္းေရႊ႕လာဖို႔ စိတ္အားထက္သန္ေနေၾကာင္း ဂ်ာမန္အားကစား သတင္းဌာနက ေဖာ္ထုတ္သြားပါတယ္။

လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္က ယူနုိက္တက္နဲ႕ ပြဲမွာ အန္းဖီးကြင္းထဲ အသင္းပရိသတ္ေတြရဲ႕ ‘ ငါတို႔ ခ်န္ပီယံ ျဖစ္ေတာ့မယ္ ‘ လို႔ ဟစ္ေၾကြး သီိဆိုမႈမ်ားကို နားလည္ေၾကာင္းနဲ႕ လီဗာပူးအသင္းသားမ်ားက လြဲလို႔ ပရိသတ္ေတြ အေနနဲ႕ ေအာင္ပြဲ ခံနုိင္ေၾကာင္း ဖြင့္ဟ ေျပာဆိုခဲ့ပါတယ္။

ပရီးမီးယားလိဂ္ ဒိုင္လူၾကီးေဟာင္း တစ္ဦး ျဖစ္တဲ့ ပီတာေ၀ၚတန္က ယူနိုက္တက္ဘက္ သြင္းခဲ့တဲ့ ဖာမီနိုရဲ႕ ဂိုးကို ပယ္ဖ်က္လိုက္တာက မွားယြင္းတဲ့ ဆံုးျဖတ္ခ်က္ ျဖစ္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။ ဖာမီနို ဂိုးက ဗန္ဒိုက္ ဒီဂီယာကို ျပစ္ဒဏ္ေဘာ က်ဴးလြန္ခဲ့တယ္ ဆိုတဲ့ အခ်က္နဲ႕ ခြင့္မျပဳခဲ့တာပါ။

ယူနုိက္တက္နဲ႕ ပြဲမွာ ဆာလက္သြင္းယူခဲ့တဲ့ ပြဲသိမ္းဂိုး အတြက္ ေဘာလံုးကန္တင္ေပးပို႔ကာ ဖန္တီးမႈ ျပဳလုပ္ခဲ့တဲ့ အယ္လစ္ဆန္ရဲ႕ အျပဳအမူနဲ႕ ေအာင္ပြဲခံမႈေတြက အသင္း သမိုင္းမွာ အမွတ္ရစရာ အျဖစ္ ပါ၀င္သြားေတာ့မယ္လုိ႔ လီဗာပူး၀က္ဘ္ဆုိဒ္က သံုးသပ္ထားပါတယ္။