ဒီအပတ် အလန်ရှီးယားရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံးအသင်းမှာတော့ လီဗာပူးခံစစ်မှူး ဗန်ဒိုက်နဲ့ ကွင်းလယ်လူ ဟန်ဒါဆန်တို့က ပါဝင်သွားပါတယ်။

ယူနိုက်တက်ပွဲအပြီး အင်တာဗျူးမှာ သတင်းသမားတွေက ဆုဖလားအတွက် အနေအထားကို မေးမြန်းခဲ့ပြီး ဗန်ဒိုက်က “ ဒီမေးခွန်းမျိုးကိုပဲ ကျနော်တို့ သတင်းလုံးကို မေးနေတာ ဘယ်လောက်တောင် များနေပြီလဲ။ ကျနော်ကလည်း အခြားအသင်းဖော်တွေလိုပဲ တူညီတဲ့ အဖြေပဲ ပေးပါမယ်။ ကျနေ်ာတို့ အခြေအနေကောင်းမှာ ရှိနေတယ်ဆိုတာ သိထားတယ်။ ဒါပေမယ့် ဒီအခြေအနေမှာတော့ ဒါက ဘာအဓိပ္ပာယ်မှ မရှိပါဘူး ” လို့ ဖြေဆိုပါတယ်။

လီဗာပူးဂိုးသမား အယ်လီဆန်ဟာ ပရီးမီးယားလိဂ်ပွဲ ၁၀ ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပေမယ့် ရွှေလက်အိတ်ဆုအတွက် clean sheet ရယူနိုင်စွမ်းမှာ ထိပ်ဆုံး ဂိုးသမားနဲ့ တစ်ပွဲအကွာကို ရောက်လာနေခဲ့ပါပြီ။

လီဗာပူးအသင်းဟာ ကမ္ဘာလုပ်ခအကြီးမြင့်ဆုံး အသင်းများစာရင်းရဲ့ နံပါတ် ၉ နေရာမှာ ရှိနေပါတယ်။ ဘလွန်းဒီအော့ ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ ၄ ဦးထိ ပါဝင်နိုင်တဲ့ အသင်းအတွက်တော့ မဆိုးလှတဲ့ ဟန်ချက်ညီမှုပဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးဆုအတွက် ရေပန်းစားမှုမှာ မာနေးက ထိပ်ဆုံးကို ရောက်လာပြီး သူ့နောက်မှာ ဗန်ဒိုက်က ဆက်ရှိနေသလို ဟန်ဒါဆန်နဲ့ ထရန့်ကလည်း ရေပန်းစားစာရင်းထဲ ပါဝင်လာပါတယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ” ကျနော်တို့ ဒီအခြေအနေကို မျက်နှာလွဲလို့ မရပါဘူး။ လီဗာပူးက သိပ်ကောင်းတဲ့ အသင်းတစ်သင်းဖြစ်ပြီး ရလဒ်ပိုင်းမှာ အရမ်းကောင်းကောင်း ရယူထားနိုင်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်စ်က လီဗာပူးပရိသတ်တွေက ကိုယ်ရဲ့အသင်းသားတွေကို ပုံပြီး ချစ်ခင်ပေးလေ့ရှိသူတွေလို့ ချီးကျူးခဲ့ပါတယ်။ ဒါဟာ လီဗာပူးအသင်းက ကမ္ဘာအကောင်းဆုံးအသင်း ဖြစ်နေရခြင်းရဲ့ အဓိကအကြောင်းရင်းလို့ သူက ပြောပါတယ်။

လီဗာပူးဟာ ဥရောပရဲ့ အသန့်ရှင်းဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နေပါတယ်။ ဥရောပ အဆင့်မြင့်တန်း ၃၅ ခုလုံးမှာပါ ပြစ်ဒဏ် ကျူးလွန်မှု အနည်းဆုံးအဖြစ် တစ်ပွဲကို ၈.၁ ကြိမ်ပဲ ပြစ်ဒဏ်ကျူးလွန်ထားတယ်လို့ သိရပါတယ်။

လီဗာပူးပိုင်ရှင် ဟင်နရီရဲ့ ခရီးစဉ်အရ ကရာဘီမှာ တည်ဆောက်နေတဲ့ လေ့ကျင့်ရေးကွင်း အနေအထားကို မြင်တွေ့ခဲ့ရပြီး သူ့ရဲ့ ပါတနာ လင်ဒါကတော့ မကြာခင် ပြီးတော့မယ်လို့ ဖော်ပြသွားပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေစူပါ၊ ကလပ်များကမ္ဘာဖလားတို့ကို ကိုင်မြောက်ထားပြီး လိုအပ်ရင် ခံစစ်မှူးအဖြစ်ပါ ကစားပေးခဲ့သူဖြစ်ကာ လီဗာပူးအတွက် စွယ်စုံကစားပေးဖို့ အမြဲတမ်း ယုံကြည်မှုရှိသူလို့ ဒေးလီးမေလ်းက ချီးကျူးဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့ပါတယ်။

ZAWGYI

ဒီအပတ္ အလန္ရွီးယားရဲ႕ ပရီးမီးယားလိဂ္ အေကာင္းဆံုးအသင္းမွာေတာ့ လီဗာပူးခံစစ္မွဴး ဗန္ဒိုက္နဲ႔ ကြင္းလယ္လူ ဟန္ဒါဆန္တို႔က ပါဝင္သြားပါတယ္။

ယူႏုိက္တက္ပြဲအျပီး အင္တာဗ်ဴးမွာ သတင္းသမားေတြက ဆုဖလားအတြက္ အေနအထားကို ေမးျမန္းခဲ့ျပီး ဗန္ဒိုက္က “ ဒီေမးခြန္းမ်ိဳးကိုပဲ က်ေနာ္တုိ႔ သတင္းလံုးကို ေမးေနတာ ဘယ္ေလာက္ေတာင္ မ်ားေနျပီလဲ။ က်ေနာ္ကလည္း အျခားအသင္းေဖာ္ေတြလိုပဲ တူညီတဲ့ အေျဖပဲ ေပးပါမယ္။ က်ေန္ာတို႔ အေျခအေနေကာင္းမွာ ရွိေနတယ္ဆိုတာ သိထားတယ္။ ဒါေပမယ့္ ဒီအေျခအေနမွာေတာ့ ဒါက ဘာအဓိပၸာယ္မွ မရွိပါဘူး ” လို႔ ေျဖဆိုပါတယ္။

လီဗာပူးဂိုးသမား အယ္လီဆန္ဟာ ပရီးမီးယားလိဂ္ပြဲ ၁၀ ပြဲကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ေပမယ့္ ေရႊလက္အိတ္ဆုအတြက္ clean sheet ရယူႏုိင္စြမ္းမွာ ထိပ္ဆံုး ဂိုးသမားနဲ႔ တစ္ပြဲအကြာကို ေရာက္လာေနခဲ့ပါျပီ။

လီဗာပူးအသင္းဟာ ကမၻာလုပ္ခအၾကီးျမင့္ဆံုး အသင္းမ်ားစာရင္းရဲ႕ နံပါတ္ ၉ ေနရာမွာ ရွိေနပါတယ္။ ဘလြန္းဒီေအာ့ ထိပ္ဆံုး ၁၀ ဦးစာရင္းမွာ ၄ ဦးထိ ပါဝင္ႏုိင္တဲ့ အသင္းအတြက္ေတာ့ မဆိုးလွတဲ့ ဟန္ခ်က္ညီမႈပဲ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုးဆုအတြက္ ေရပန္းစားမႈမွာ မာေနးက ထိပ္ဆံုးကို ေရာက္လာျပီး သူ႔ေနာက္မွာ ဗန္ဒိုက္က ဆက္ရွိေနသလို ဟန္ဒါဆန္နဲ႔ ထရန္႔ကလည္း ေရပန္းစားစာရင္းထဲ ပါဝင္လာပါတယ္။

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက ” က်ေနာ္တို႔ ဒီအေျခအေနကို မ်က္ႏွာလြဲလို႔ မရပါဘူး။ လီဗာပူးက သိပ္ေကာင္းတဲ့ အသင္းတစ္သင္းျဖစ္ျပီး ရလဒ္ပိုင္းမွာ အရမ္းေကာင္းေကာင္း ရယူထားႏုိင္ပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

ဘာစီလိုနာတိုက္စစ္မွဴး ဆြာရက္စ္က လီဗာပူးပရိသတ္ေတြက ကိုယ္ရဲ႕အသင္းသားေတြကို ပံုျပီး ခ်စ္ခင္ေပးေလ့ရွိသူေတြလို႔ ခ်ီးက်ဴးခဲ့ပါတယ္။ ဒါဟာ လီဗာပူးအသင္းက ကမၻာအေကာင္းဆံုးအသင္း ျဖစ္ေနရျခင္းရဲ႕ အဓိကအေၾကာင္းရင္းလို႔ သူက ေျပာပါတယ္။

လီဗာပူးဟာ ဥေရာပရဲ႕ အသန္႔ရွင္းဆံုးအသင္းအျဖစ္ မွတ္တမ္းဝင္ေနပါတယ္။ ဥေရာပ အဆင့္ျမင့္တန္း ၃၅ ခုလံုးမွာပါ ျပစ္ဒဏ္ က်ဴးလြန္မႈ အနည္းဆံုးအျဖစ္ တစ္ပြဲကို ၈.၁ ၾကိမ္ပဲ ျပစ္ဒဏ္က်ဴးလြန္ထားတယ္လို႔ သိရပါတယ္။

လီဗာပူးပိုင္ရွင္ ဟင္နရီရဲ႕ ခရီးစဥ္အရ ကရာဘီမွာ တည္ေဆာက္ေနတဲ့ ေလ့က်င့္ေရးကြင္း အေနအထားကို ျမင္ေတြ႔ခဲ့ရျပီး သူ႔ရဲ႕ ပါတနာ လင္ဒါကေတာ့ မၾကာခင္ ျပီးေတာ့မယ္လို႔ ေဖာ္ျပသြားပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ ခ်န္ပီယံလိဂ္၊ ယူအီးအက္ဖ္ေအစူပါ၊ ကလပ္မ်ားကမၻာဖလားတို႔ကို ကိုင္ေျမာက္ထားျပီး လိုအပ္ရင္ ခံစစ္မွဴးအျဖစ္ပါ ကစားေပးခဲ့သူျဖစ္ကာ လီဗာပူးအတြက္ စြယ္စံုကစားေပးဖို႔ အျမဲတမ္း ယံုၾကည္မႈရွိသူလို႔ ေဒးလီးေမလ္းက ခ်ီးက်ဴးေဆာင္းပါးတစ္ပုဒ္ ေဖာ္ျပခဲ့ပါတယ္။