ကြားရက်မှာတော့ ပရီးမီးယားလိဂ်ပွဲအဖြစ် လီဗာပူးက ဝုဗ်အသင်း အိမ်ကွင်းထံ သွားရောက်ပြီး ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်။

လီဗာပူးက အကောင်းဆုံး ပုံစံတွေ ရနေသလိုပဲ ဝုဗ်ကလည်း အထူးတိုးတက်နေတဲ့ အသင်းတစ်သင်းဖြစ်လို့ ဒီတစ်ကြိမ် တွေ့ဆူံမှုက ကောင်းမွန်တဲ့ ပွဲတစ်ပွဲ ထပ်ဖြစ်စေဦးမှာပါ။ အိုဝင်က ဒီပွဲမှာ လီဗာပူးက ရမှတ်သုံးမှတ်အပြည့်ကို ရလဒ်ကောင်း ယူနိုင်မယ်လို့ ယုံကြည်ပေမယ့် ၇ ပွဲဆက် ပေးဂိုးမရှိအောင် ထိန်းသိမ်းထားနိုင်တဲ့ ခံစစ်ပိုင်း ကောင်းမွန်နေမှု စံချိန်ကတော့ ပျက်သွားနိုင်တယ်လို့ ဆိုပါတယ်။

အိုဝင်က ” စနေနေ့တုန်းက စိန့်မေရီမှာ ကစားတဲ့ပွဲမှာ ဝုဗ်ဟာ နှစ်လုံးအရံှူးကနေ လိုက်ကစားပြီး အနိုင်ရခဲ့တာဖြစ်တယ်။ သူတို့ဟာ နောက်ဆုံး ကစားတဲ့ ၇ ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဦးဆောင်ဂိုး ပေးထားရတာဖြစ်ပါတယ်။ ကြားရက် လီဗာပူးနဲ့ပွဲမှာ ဝုဗ်က ဦးဆောင်ဂိုးကို စသွင်းနိုင်မယ် မထင်ပါဘူး။

ခရစ်စမတ်က ဒီနှစ်သင်း အန်ဖီးမှာ ထိပ်တိုက်တွေ့ခဲ့စဉ်က ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး ဝုဗ်က ကံဆိုးစွာပဲ ရမှတ်တစ်မှတ် မရခဲ့တာပါ။ ဒါပေမယ့် လက်ရှိမှာ လီဗာပူးက ရပ်တန့်မရတဲ့ ခြေစွမ်းတွေကို ပိုင်ဆိုင်နေပြီး ဝုဗ်က လီဗာပူးကို တားဆီးနိုင်မှာ မဟုတ်ပါဘူး ” လို့ သုံးသပ်ခဲ့တာဖြစ်တယ်။

ဝုဗ်နဲ့ လီဗာပူးပွဲအတွက် အိုဝင်ရဲ့ ခန့်မှန်းကတော့ လီဗာပူးက အနိုင်ရမှာ ဖြစ်ပေမယ့် ပေးဂိုးမရှိဖြစ်နေတဲ့ ခံစစ်ကတော့ ကျိုးပေါက်မှာဖြစ်ကာ ဝုဗ်အသင်းကို ဂိုးပြန်ပေးရလိမ့်မယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ၾကားရက္မွာေတာ့ ပရီးမီးယားလိဂ္ပြဲအျဖစ္ လီဗာပူးက ဝုဗ္အသင္း အိမ္ကြင္းထံ သြားေရာက္ျပီး ယွဥ္ျပိဳင္ကစားရမွာျဖစ္တယ္။

လီဗာပူးက အေကာင္းဆံုး ပံုစံေတြ ရေနသလိုပဲ ဝုဗ္ကလည္း အထူးတိုးတက္ေနတဲ့ အသင္းတစ္သင္းျဖစ္လို႔ ဒီတစ္ၾကိမ္ ေတြ႔ဆံူမႈက ေကာင္းမြန္တဲ့ ပြဲတစ္ပြဲ ထပ္ျဖစ္ေစဦးမွာပါ။ အိုဝင္က ဒီပြဲမွာ လီဗာပူးက ရမွတ္သံုးမွတ္အျပည့္ကို ရလဒ္ေကာင္း ယူႏုိင္မယ္လို႔ ယံုၾကည္ေပမယ့္ ၇ ပြဲဆက္ ေပးဂိုးမရွိေအာင္ ထိန္းသိမ္းထားႏုိင္တဲ့ ခံစစ္ပိုင္း ေကာင္းမြန္ေနမႈ စံခ်ိန္ကေတာ့ ပ်က္သြားႏုိင္တယ္လို႔ ဆိုပါတယ္။

အိုဝင္က ” စေနေန႔တုန္းက စိန္႔ေမရီမွာ ကစားတဲ့ပြဲမွာ ဝုဗ္ဟာ ႏွစ္လံုးအရံွဴးကေန လိုက္ကစားျပီး အႏုိင္ရခဲ့တာျဖစ္တယ္။ သူတို႔ဟာ ေနာက္ဆံုး ကစားတဲ့ ၇ ပြဲမွာ ပထမဆံုးအၾကိမ္အျဖစ္ ဦးေဆာင္ဂိုး ေပးထားရတာျဖစ္ပါတယ္။ ၾကားရက္ လီဗာပူးနဲ႔ပြဲမွာ ဝုဗ္က ဦးေဆာင္ဂိုးကို စသြင္းႏုိင္မယ္ မထင္ပါဘူး။

ခရစ္စမတ္က ဒီႏွစ္သင္း အန္ဖီးမွာ ထိပ္တိုက္ေတြ႔ခဲ့စဥ္က ပြဲေကာင္းတစ္ပြဲ ျဖစ္ခဲ့ျပီး ဝုဗ္က ကံဆိုးစြာပဲ ရမွတ္တစ္မွတ္ မရခဲ့တာပါ။ ဒါေပမယ့္ လက္ရွိမွာ လီဗာပူးက ရပ္တန္႔မရတဲ့ ေျခစြမ္းေတြကို ပိုင္ဆိုင္ေနျပီး ဝုဗ္က လီဗာပူးကို တားဆီးႏုိင္မွာ မဟုတ္ပါဘူး ” လို႔ သံုးသပ္ခဲ့တာျဖစ္တယ္။

ဝုဗ္နဲ႔ လီဗာပူးပြဲအတြက္ အိုဝင္ရဲ႕ ခန္႔မွန္းကေတာ့ လီဗာပူးက အႏုိင္ရမွာ ျဖစ္ေပမယ့္ ေပးဂိုးမရွိျဖစ္ေနတဲ့ ခံစစ္ကေတာ့ က်ိဳးေပါက္မွာျဖစ္ကာ ဝုဗ္အသင္းကို ဂိုးျပန္ေပးရလိမ့္မယ္လို႔ ျဖစ္ပါတယ္။