လီဗာပူးဟာ အန်ဖီးမှာ ယှဉ်ပြိုင်ပြီး ယူနိုက်တက်ကို အနိုင်ရတဲ့ပွဲအတွင်း သွင်းဂိုး နှစ်ဂိုး ပယ်ဖျက်ခံခဲ့ရပြီး တစ်ကြိမ်ကတော့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်နဲ့အတူ VAR က ခွင့်မပြုခဲ့ခြင်း ဖြစ်ပါတယ်။

ပထမပိုင်းမှာ ဖာမင်နိုက ဧရိယာထဲကနေ ဒီဂီယာရဲ့ ဘယ်ခြမ်းထောင့်ကို ကန်သွင်းပြီး သွင်းဂိုး ရယူခဲ့ပေမယ့် အဲ့မတိုင်ခင်မှာ ဗန်ဒိုက်က ဒီဂီယာကို ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး သွင်းဂိုးအဖြစ်ကနေ ပယ်ဖျက်ခဲ့တာဖြစ်တယ်။ ဒီဂိုးအပေါ် အငြင်းပွားမှုတွေ အများကြီး ရှိခဲ့ပြီး ယူနိုက်တက်ဘက်က သေချာပေါက် ပြစ်ဒဏ်ရယ်လို့ ဝေဖန်ခဲ့ပေမယ့် ဗန်ဒိုက်ဟာ ဘောလုံးကိုပဲ ဦးတည်ခဲ့သလို ဒီဂီယာကို ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်း မရှိဘူးဆိုတဲ့ဘက်က သုံးသပ်သူတွေလည်း ရှိခဲ့တယ်။

ကွင်းထဲက အနေအထားမှာတော့ အဆိုပါ သွင်းဂိုးကို ခွင့်ပြုခဲ့ပြီးနောက်မှာ ယူနိုက်တက်ဘက်က တသင်းလုံးနီးပါး ကွင်းလယ်ဒိုင်ကို ဝိုင်းပြီး ဖိအားပေးခဲ့ကြကာ ခွင့်မပြုဖို့ စောဒက တက်ခဲ့ကြတာဖြစ်တယ်။ လီဗာပူးဘက်ကတော့ မည်သူကမှ ဒိုင်ကို အငြင်းမပွာပဲ ဆုံးဖြတ်ချက်ကို လက်ခံပေးခဲ့တာဖြစ်တယ်။ ဒီအခြေအနေမှာ ပရိသတ်တွေဘက်က လီဗာပူးအသင်းသားတွေကို ပြိုင်ဘက်နဲ့အပြိုင် အငြင်းမပွားတာအတွက် ဝေဖန်တာတွေ ရှိကောင်းရှိနိုင်ပါတယ်။

လီဗာပူးဘက်က အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ကွင်းထဲမှာ ဒိုင်ကို တုန့်ပြန်ခြင်း မလုပ်ခဲ့ပဲ ဒုတိယပိုင်းအတွက် ဥမင်ကနေ ပြန်အထွက်မှာ ကွင်းလယ်ဒိုင်လူကြီး Craig Pawson ကို ဖာမင်နိုရဲ့ သွင်းဂိုးအကြောင်း မေးမြန်းမှု လုပ်ခဲ့တာဖြစ်တယ်။ ဟန်ဒါဆန်က ဖာမင်နိုဂိုးကို ပယ်ဖျက်တာအတွက် သဘောတွေ့ဟန်မရှိပဲ သူ့ရဲ့ မေးမြန်းမှုကနေ စိတ်ကျေနပ်စရာ အဖြေမရခဲ့လို့ စကားထပ်ပြောနေတာကို တွေ့ရပေမယ့် အသေးစိတ်ကိုတော့ လီဗာပူးဘက်က ဘာသတင်းမှ ထုတ်မပြန်ခဲ့ပါဘူး။

အရေးပါတဲ့ သွင်းဂိုးဖြစ်ပေမယ့် လီဗာပူးဘက်က ယူနိုက်တက်အသင်းသားတွေလို တုန့်ပြန်ခြင်း မလုပ်တာက ပရီးမီးယားလိဂ် စည်းမျဉ်းကြောင်းဖြစ်ပြီး အဆိုပါ စည်းမျဉ်းမှာ ကွင်းလယ်ဒိုင်နဲ့ ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်ကို ဖိအားပေးပြီး ပြောင်းလဲစေတာမျိုးကို မည့်သည့် ပုဂ္ဂိုလ်ကိုမှ လုပ်ခွင့်မပြုဘူးလို့ သတိပေးထားခြင်းကြောင့်ဖြစ်တယ်။

နောက်ဆက်တွဲအားဖြင့် ၁၉-၁-၂၀၂၀ ရက်နေ့ အန်ဖီးမှာ ယှဉ်ပြိုင်တဲ့ လီဗာပူးနဲ့ ယူနိုက်တက်ပွဲမှာ အက်ဖ်အေရဲ့ စည်းမျဉ်း E20(a) ကို ချိုးဖောက်မှု ရှိခဲ့တယ်လို့ အက်ဖ်အေက သတင်းထုတ်ပြန်ခဲ့တယ်။ ကွင်းလယ်ဒိုင်ကို ကစားသမားတွေက ဖိအားပေးခဲ့ခြင်းအတွက် အက်ဖ်အေကနေပြီး ကိုယ်အသင်း ကစားသမားတွေကို ထိန်းချုပ်မှုပိုင်းမှာ ပျက်ကွက်ခြင်းအတွက် ယူနိုက်တက်ကို အရေးယူသွားမှာဖြစ်တယ်။ ကွင်းအတွင်း ဒိုင်လူကြီးကို ဖိအားမပေးခဲ့တဲ့ လီဗာပူးအသင်းသားတွေကတော့ အဆိုပါ ပြစ်ဒဏ်နဲ့ သက်ဆိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ အန္ဖီးမွာ ယွဥ္ျပိဳင္ျပီး ယူႏုိက္တက္ကို အႏုိင္ရတဲ့ပြဲအတြင္း သြင္းဂိုး ႏွစ္ဂိုး ပယ္ဖ်က္ခံခဲ့ရျပီး တစ္ၾကိမ္ကေတာ့ အျငင္းပြားဖြယ္ ဆံုးျဖတ္ခ်က္နဲ႔အတူ VAR က ခြင့္မျပဳခဲ့ျခင္း ျဖစ္ပါတယ္။

ပထမပိုင္းမွာ ဖာမင္ႏိုက ဧရိယာထဲကေန ဒီဂီယာရဲ႕ ဘယ္ျခမ္းေထာင့္ကို ကန္သြင္းျပီး သြင္းဂိုး ရယူခဲ့ေပမယ့္ အဲ့မတိုင္ခင္မွာ ဗန္ဒိုက္က ဒီဂီယာကို ျပစ္ဒဏ္က်ဴးလြန္တယ္ဆိုျပီး သြင္းဂိုးအျဖစ္ကေန ပယ္ဖ်က္ခဲ့တာျဖစ္တယ္။ ဒီဂိုးအေပၚ အျငင္းပြားမႈေတြ အမ်ားၾကီး ရွိခဲ့ျပီး ယူႏုိက္တက္ဘက္က ေသခ်ာေပါက္ ျပစ္ဒဏ္ရယ္လို႔ ေဝဖန္ခဲ့ေပမယ့္ ဗန္ဒိုက္ဟာ ေဘာလံုးကိုပဲ ဦးတည္ခဲ့သလို ဒီဂီယာကို ျပစ္ဒဏ္က်ဴးလြန္ခဲ့ျခင္း မရွိဘူးဆိုတဲ့ဘက္က သံုးသပ္သူေတြလည္း ရွိခဲ့တယ္။

ကြင္းထဲက အေနအထားမွာေတာ့ အဆိုပါ သြင္းဂိုးကို ခြင့္ျပဳခဲ့ျပီးေနာက္မွာ ယူႏုိက္တက္ဘက္က တသင္းလံုးနီးပါး ကြင္းလယ္ဒိုင္ကို ဝိုင္းျပီး ဖိအားေပးခဲ့ၾကကာ ခြင့္မျပဳဖို႔ ေစာဒက တက္ခဲ့ၾကတာျဖစ္တယ္။ လီဗာပူးဘက္ကေတာ့ မည္သူကမွ ဒိုင္ကို အျငင္းမပြာပဲ ဆံုးျဖတ္ခ်က္ကို လက္ခံေပးခဲ့တာျဖစ္တယ္။ ဒီအေျခအေနမွာ ပရိသတ္ေတြဘက္က လီဗာပူးအသင္းသားေတြကို ျပိဳင္ဘက္နဲ႔အျပိဳင္ အျငင္းမပြားတာအတြက္ ေဝဖန္တာေတြ ရွိေကာင္းရွိႏုိင္ပါတယ္။

လီဗာပူးဘက္က အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ ကြင္းထဲမွာ ဒိုင္ကို တုန္႔ျပန္ျခင္း မလုပ္ခဲ့ပဲ ဒုတိယပိုင္းအတြက္ ဥမင္ကေန ျပန္အထြက္မွာ ကြင္းလယ္ဒိုင္လူၾကီး Craig Pawson ကို ဖာမင္ႏိုရဲ႕ သြင္းဂိုးအေၾကာင္း ေမးျမန္းမႈ လုပ္ခဲ့တာျဖစ္တယ္။ ဟန္ဒါဆန္က ဖာမင္ႏိုဂိုးကို ပယ္ဖ်က္တာအတြက္ သေဘာေတြ႔ဟန္မရွိပဲ သူ႔ရဲ႕ ေမးျမန္းမႈကေန စိတ္ေက်နပ္စရာ အေျဖမရခဲ့လို႔ စကားထပ္ေျပာေနတာကို ေတြ႔ရေပမယ့္ အေသးစိတ္ကိုေတာ့ လီဗာပူးဘက္က ဘာသတင္းမွ ထုတ္မျပန္ခဲ့ပါဘူး။

အေရးပါတဲ့ သြင္းဂိုးျဖစ္ေပမယ့္ လီဗာပူးဘက္က ယူႏုိက္တက္အသင္းသားေတြလို တုန္႔ျပန္ျခင္း မလုပ္တာက ပရီးမီးယားလိဂ္ စည္းမ်ဥ္းေၾကာင္းျဖစ္ျပီး အဆိုပါ စည္းမ်ဥ္းမွာ ကြင္းလယ္ဒိုင္နဲ႔ ဒိုင္လူၾကီးေတြရဲ႕ အဆံုးအျဖတ္ကို ဖိအားေပးျပီး ေျပာင္းလဲေစတာမ်ိဳးကို မည့္သည့္ ပုဂၢိဳလ္ကိုမွ လုပ္ခြင့္မျပဳဘူးလို႔ သတိေပးထားျခင္းေၾကာင့္ျဖစ္တယ္။

ေနာက္ဆက္တြဲအားျဖင့္ ၁၉-၁-၂၀၂၀ ရက္ေန႔ အန္ဖီးမွာ ယွဥ္ျပိဳင္တဲ့ လီဗာပူးနဲ႔ ယူႏုိက္တက္ပြဲမွာ အက္ဖ္ေအရဲ႕ စည္းမ်ဥ္း E20(a) ကို ခ်ိဳးေဖာက္မႈ ရွိခဲ့တယ္လို႔ အက္ဖ္ေအက သတင္းထုတ္ျပန္ခဲ့တယ္။ ကြင္းလယ္ဒိုင္ကို ကစားသမားေတြက ဖိအားေပးခဲ့ျခင္းအတြက္ အက္ဖ္ေအကေနျပီး ကိုယ္အသင္း ကစားသမားေတြကို ထိန္းခ်ဳပ္မႈပိုင္းမွာ ပ်က္ကြက္ျခင္းအတြက္ ယူႏုိက္တက္ကို အေရးယူသြားမွာျဖစ္တယ္။ ကြင္းအတြင္း ဒိုင္လူၾကီးကို ဖိအားမေပးခဲ့တဲ့ လီဗာပူးအသင္းသားေတြကေတာ့ အဆိုပါ ျပစ္ဒဏ္နဲ႔ သက္ဆိုင္ျခင္း မရွိခဲ့တာျဖစ္ပါတယ္။