ဒီသတင်းကတော့ အမ်ဘတ်ပီက လီဗာပူးကို ပြောင်းလာမယ်ဆိုတဲ့ သတင်းမဟုတ်ပဲ ပြင်သစ်ရဲ့ အထူးချွန်ဆုံး လူငယ်တိုက်စစ်သမားက လီဗာပူးကို ဘယ်လောက်ထိ အထင်ကြီးသလဲဆိုတဲ့ အကြောင်းဖြစ်တယ်။

အပြောင်းအရွှေ့မှာ လီဗာပူးနဲ့ အမ်ဘတ်ပီကြား သတင်းကြီးတွေ ထွက်ထားပေမယ့် အမ်ဘတ်ပီက ပြင်သစ်မှာပဲ ပျော်နေသလို လီဗာပူးဘက်ကလည်း သူ့ကို ခေါ်ယူနိုင်ဖို့ ပြောင်းရွှေ့ကြေး မတတ်နိုင်ဘူးဆိုတာကို ယာဂင်ကလော့ပ် ကိုယ်တိုင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောထားတာဖြစ်တယ်။

လက်ရှိ အနေအထားမှာ ကမ္ဘာအကောင်းဆုံး အသင်းတစ်သင်းအဖြစ် ခြေစွမ်းပြနေတဲ့ လီဗာပူးကို အမ်ဘတ်ပီက ပွဲတိုင်း စောင့်ကြည့်ဟန်ရှိတယ်။ ဘီဘီစီနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးကို အတော်လေး အထင်ကြီးနေမိတဲ့အကြောင်းကို အမ်ဘတ်ပီက ဖြေဆိုပေးခဲ့တာဖြစ်တယ်။

ပြင်သစ်သား တိုက်စစ်သမားလေးက ” လက်ရှိ အနေအထားမှာ လီဗာပူးလုပ်ပြနေတာက တကယ်ကို အံ့မခန်းပါပဲ။ သူတို့က တကယ်ကို စက်ကြီးတစ်ခုလိုပါပဲ။ သူတို့ရဲ့ ရစ်သမ်ကို ရှာတွေ့ထားပြီး ငါတို့ ထပ်ကစားမယ်၊ ထပ်ထပ် ကစားမယ် ဆိုတဲ့ အနေအထားမျိုးကို ရောက်နေတာဖြစ်တယ်။

သူတို့က လိဂ်မှာ တစ်ပွဲမှတောင် မရံှူးထားဘူး။ သူတို့ကိုကြည့်ပြီး လူတိုင်းက အရာအားလုံးကို လွယ်လွယ်လေး လုပ်နေတာပါလို့ လူတွေက ထင်ကြပေမယ့် အဲ့တာက လွယ်ကူတာ မဟုတ်ပါဘူး။ ဘဲကြီးတွေက အာရုံစိုက်မှု အပြည့်ရှိတယ်။ သုံးရက်တစ်ပွဲ ကစားရလည်း သူတို့ အနိုင်ယူတယ်၊ နိုင်တယ်၊ နိုင်တယ်ဆိုတာချည်းပဲ။

အခုချိန်မှာ ပြဿနာက လူတိုင်းက လီဗာပူးပွဲကို ကြည့်လိုနေကြတယ်။ သူတို့နဲ့ ရင်ဆိုင်ကစားရင် ဘာလိုတွေများ လုပ်နိုင်မလဲဆိုတာအတွက် သူတို့ကို စောင့်ကြည့်နေကြတယ်။ ဒီတော့ သူတို့ကလည်း သူတို့ ဘယ်လောက်ထိ သန်မာတယ်ဆိုတာ ထပ်ပြခဲ့ပြန်တယ်။ လီဗာပူးက သိပ်ကောင်းတဲ့ အသင်းတစ်သင်းဖြစ်သလို အရမ်းကိုတော်တဲ့ မန်နေဂျာလည်း ပိုင်ဆိုင်ထားပါတယ် ” လို့ ချီးကျူးသွားတာ ဖြစ်ပါတယ်။

ZAWGYI

ဒီသတင္းကေတာ့ အမ္ဘတ္ပီက လီဗာပူးကို ေျပာင္းလာမယ္ဆိုတဲ့ သတင္းမဟုတ္ပဲ ျပင္သစ္ရဲ႕ အထူးခၽြန္ဆံုး လူငယ္တိုက္စစ္သမားက လီဗာပူးကို ဘယ္ေလာက္ထိ အထင္ၾကီးသလဲဆိုတဲ့ အေၾကာင္းျဖစ္တယ္။

အေျပာင္းအေရႊ႔မွာ လီဗာပူးနဲ႔ အမ္ဘတ္ပီၾကား သတင္းၾကီးေတြ ထြက္ထားေပမယ့္ အမ္ဘတ္ပီက ျပင္သစ္မွာပဲ ေပ်ာ္ေနသလို လီဗာပူးဘက္ကလည္း သူ႔ကို ေခၚယူႏုိင္ဖို႔ ေျပာင္းေရႊ႔ေၾကး မတတ္ႏုိင္ဘူးဆိုတာကို ယာဂင္ကေလာ့ပ္ ကိုယ္တိုင္ ပြင့္ပြင့္လင္းလင္း ထုတ္ေျပာထားတာျဖစ္တယ္။

လက္ရွိ အေနအထားမွာ ကမၻာအေကာင္းဆံုး အသင္းတစ္သင္းအျဖစ္ ေျခစြမ္းျပေနတဲ့ လီဗာပူးကို အမ္ဘတ္ပီက ပြဲတိုင္း ေစာင့္ၾကည့္ဟန္ရွိတယ္။ ဘီဘီစီနဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးကို အေတာ္ေလး အထင္ၾကီးေနမိတဲ့အေၾကာင္းကို အမ္ဘတ္ပီက ေျဖဆိုေပးခဲ့တာျဖစ္တယ္။

ျပင္သစ္သား တိုက္စစ္သမားေလးက ” လက္ရွိ အေနအထားမွာ လီဗာပူးလုပ္ျပေနတာက တကယ္ကို အံ့မခန္းပါပဲ။ သူတို႔က တကယ္ကို စက္ၾကီးတစ္ခုလိုပါပဲ။ သူတို႔ရဲ႕ ရစ္သမ္ကို ရွာေတြ႔ထားျပီး ငါတို႔ ထပ္ကစားမယ္၊ ထပ္ထပ္ ကစားမယ္ ဆိုတဲ့ အေနအထားမ်ိဳးကို ေရာက္ေနတာျဖစ္တယ္။

သူတို႔က လိဂ္မွာ တစ္ပြဲမွေတာင္ မရံွဴးထားဘူး။ သူတို႔ကိုၾကည့္ျပီး လူတိုင္းက အရာအားလံုးကို လြယ္လြယ္ေလး လုပ္ေနတာပါလို႔ လူေတြက ထင္ၾကေပမယ့္ အဲ့တာက လြယ္ကူတာ မဟုတ္ပါဘူး။ ဘဲၾကီးေတြက အာရံုစိုက္မႈ အျပည့္ရွိတယ္။ သံုးရက္တစ္ပြဲ ကစားရလည္း သူတို႔ အႏုိင္ယူတယ္၊ ႏုိင္တယ္၊ ႏုိင္တယ္ဆိုတာခ်ည္းပဲ။

အခုခ်ိန္မွာ ျပႆနာက လူတိုင္းက လီဗာပူးပြဲကို ၾကည့္လိုေနၾကတယ္။ သူတို႔နဲ႔ ရင္ဆိုင္ကစားရင္ ဘာလိုေတြမ်ား လုပ္ႏုိင္မလဲဆိုတာအတြက္ သူတို႔ကို ေစာင့္ၾကည့္ေနၾကတယ္။ ဒီေတာ့ သူတို႔ကလည္း သူတို႔ ဘယ္ေလာက္ထိ သန္မာတယ္ဆိုတာ ထပ္ျပခဲ့ျပန္တယ္။ လီဗာပူးက သိပ္ေကာင္းတဲ့ အသင္းတစ္သင္းျဖစ္သလို အရမ္းကိုေတာ္တဲ့ မန္ေနဂ်ာလည္း ပိုင္ဆိုင္ထားပါတယ္ ” လို႔ ခ်ီးက်ဴးသြားတာ ျဖစ္ပါတယ္။