ဘာစီလိုနာ တိုက်စစ်မှူး လူးဝစ်ဆွာရက်စ်က လီဗာပူးပရိသတ်တွေအား ကမ္ဘာအကောင်းဆုံးတွေထဲ ပါဝင်ကြသူတွေပါလို့ ချီးကျူးစကား ပြောဆိုသွားပါတယ်။

လီဗာပူးအသင်းမှာ သုံးနှစ်ခွဲကြာ ကစားခဲ့တဲ့ ဥရုဂွေး တိုက်စစ်သမားဟာ အန်ဖီးမှာ ရှိစဉ်က ကလပ်ရဲ့ အချစ်တော် ဖြစ်ခဲ့သလို ကလပ်ရဲ့ ဂန္တဝင်တစ်ဦး ဖြစ်လောက်တဲ့ထိ တောက်ပခဲ့သူဖြစ်တယ်။ သူဟာ လီဗာပူးကစားသမားဘဝ သွင်းဂိုး ၆၉ ဂိုးထိ သွင်းယူခဲ့သလို သူရှိနေစဉ်က ပရီးမီးယားလိဂ်ရဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူးလည်း ဖြစ်ခဲ့ပါတယ်။

အင်္ဂလန်မီဒီယာတွေနဲ့ မတည့်ခြင်းက သူ့ကို လီဗာပူးကနေ ထွက်ခွာဖို့ တွန်းအားဖြစ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်မှာ လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ခဲ့စဉ်က အရေးပါဆုံးသော ကစားသမားအဖြစ် စတားရစ်၊ ဂျရတ်တို့နဲ့အတူ ခြေစွမ်းပြခဲ့သူဖြစ်တယ်။ သူဟာ လီဗာပူးကို ချစ်ခင်မှုတွေကို မကြာခဏ ပြသခဲ့ပေမယ့်လည်း မနှစ်က ချန်ပီယံလိဂ်မှာ အောင်ပွဲခံစဉ် လုပ်ပြခဲ့တဲ့ အပြုအမှုကြောင့်ပဲ လီဗာပူးပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။

လူးဝစ်ဆွာရက်စ်က ” လီဗာပူးပရိသတ်တွေက အကောင်းဆုံးထဲ ပါဝင်သူတွေလို ကျနော် ပြောလိုပါတယ်။ သူတို့က ကမ္ဘာအကောင်းဆုံး ပရိသတ်တွေထဲ ပါဝင်ကြသူတွေပါ။ ဘာလို့လည်းဆိုတော့ ကျနော် လီဗာပူးမှာ ရှိနေစဉ်က သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေ အားလုံးကို ကျနော်ကို ပေးခဲ့ကြပါတယ်။

သူတို့ ကျနော်ကို ချစ်ခင်ခဲ့ကြတယ်၊ အရမ်းကောင်းကောင်းလည်း ဆက်ဆံပေးကြတယ်။ ဒါကြောင့်ပဲ လီဗာပူးပရိသတ်တွေက ကမ္ဘာအကောင်းဆုံး ပရိသတ်တွေထဲ ပါဝင်နေတာပါ။ ကျနော်အတွက်တော့ သူတို့က အကောင်းဆုံး ပရိသတ်တွေပါပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးဟာ လီဗာပူးအတွက် နောက်ဆုံးကစားခဲ့တဲ့ ဘောလုံးရာသီမှာ ရွှေဖိနပ်ဆုကို အနိုင်ခဲ့သလို ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုလည်း အနိုင်ရခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဘာစီလိုနာ တိုက္စစ္မွဴး လူးဝစ္ဆြာရက္စ္က လီဗာပူးပရိသတ္ေတြအား ကမၻာအေကာင္းဆံုးေတြထဲ ပါဝင္ၾကသူေတြပါလို႔ ခ်ီးက်ဴးစကား ေျပာဆိုသြားပါတယ္။

လီဗာပူးအသင္းမွာ သံုးႏွစ္ခြဲၾကာ ကစားခဲ့တဲ့ ဥရုေဂြး တိုက္စစ္သမားဟာ အန္ဖီးမွာ ရွိစဥ္က ကလပ္ရဲ႕ အခ်စ္ေတာ္ ျဖစ္ခဲ့သလို ကလပ္ရဲ႕ ဂႏၱဝင္တစ္ဦး ျဖစ္ေလာက္တဲ့ထိ ေတာက္ပခဲ့သူျဖစ္တယ္။ သူဟာ လီဗာပူးကစားသမားဘဝ သြင္းဂိုး ၆၉ ဂိုးထိ သြင္းယူခဲ့သလို သူရွိေနစဥ္က ပရီးမီးယားလိဂ္ရဲ႕ ေၾကာက္စရာအေကာင္းဆံုး တိုက္စစ္မွဴးလည္း ျဖစ္ခဲ့ပါတယ္။

အဂၤလန္မီဒီယာေတြနဲ႔ မတည့္ျခင္းက သူ႔ကို လီဗာပူးကေန ထြက္ခြာဖို႔ တြန္းအားျဖစ္ခဲ့ျပီး ၂၀၁၃-၂၀၁၄ ခုႏွစ္မွာ လီဗာပူးအသင္း ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚခဲ့စဥ္က အေရးပါဆံုးေသာ ကစားသမားအျဖစ္ စတားရစ္၊ ဂ်ရတ္တို႔နဲ႔အတူ ေျခစြမ္းျပခဲ့သူျဖစ္တယ္။ သူဟာ လီဗာပူးကို ခ်စ္ခင္မႈေတြကို မၾကာခဏ ျပသခဲ့ေပမယ့္လည္း မႏွစ္က ခ်န္ပီယံလိဂ္မွာ ေအာင္ပြဲခံစဥ္ လုပ္ျပခဲ့တဲ့ အျပဳအမႈေၾကာင့္ပဲ လီဗာပူးပရိသတ္ေတြရဲ႕ ေဝဖန္ျခင္းကို ခံခဲ့ရပါတယ္။

လူးဝစ္ဆြာရက္စ္က ” လီဗာပူးပရိသတ္ေတြက အေကာင္းဆံုးထဲ ပါဝင္သူေတြလို က်ေနာ္ ေျပာလိုပါတယ္။ သူတို႔က ကမၻာအေကာင္းဆံုး ပရိသတ္ေတြထဲ ပါဝင္ၾကသူေတြပါ။ ဘာလို႔လည္းဆိုေတာ့ က်ေနာ္ လီဗာပူးမွာ ရွိေနစဥ္က သူတို႔ရဲ႕ ခ်စ္ျခင္းေမတၱာေတြ အားလံုးကို က်ေနာ္ကို ေပးခဲ့ၾကပါတယ္။

သူတို႔ က်ေနာ္ကို ခ်စ္ခင္ခဲ့ၾကတယ္၊ အရမ္းေကာင္းေကာင္းလည္း ဆက္ဆံေပးၾကတယ္။ ဒါေၾကာင့္ပဲ လီဗာပူးပရိသတ္ေတြက ကမၻာအေကာင္းဆံုး ပရိသတ္ေတြထဲ ပါဝင္ေနတာပါ။ က်ေနာ္အတြက္ေတာ့ သူတို႔က အေကာင္းဆံုး ပရိသတ္ေတြပါပဲ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

အသက္ ၃၂ ႏွစ္အရြယ္ တိုက္စစ္မွဴးဟာ လီဗာပူးအတြက္ ေနာက္ဆံုးကစားခဲ့တဲ့ ေဘာလံုးရာသီမွာ ေရႊဖိနပ္ဆုကို အႏုိင္ခဲ့သလို ပရီးမီးယားလိဂ္ တစ္ႏွစ္တာအေကာင္းဆံုး ကစားသမားဆုကိုလည္း အႏုိင္ရခဲ့တာျဖစ္ပါတယ္။