လီဗာပူးမှာ နေရာမရဖြစ်နေတဲ့ ကွင်းလယ်လူ ရှာကွီရီကို စီးရီးအေကလပ် ရိုးမားက အသဲအသန် ချိတ်ဆက်နေပြီး လက်ရှိမှာတော့ လာလီဂါကလပ် ဆီးဗီးလာကလည်း လိုချင်လာပြီလို့ သိရပါတယ်။

လီဗာပူးကတော့ ၂၀၁၈ နွေအပြောင်းအရွှေ့မှာ စတုတ်စီးတီးကနေ ပေါင် ၁၃ သန်းနဲ့ ခေါ်ယူထားတဲ့ ရှာကွီရီကို ဇန်နဝါရီမှာ လုံးဝ ရောင်းထုတ်မှာ မဟုတ်တာဖြစ်တယ်။ ဒါပေမယ့်လို့ ကစားသမားကို နွေအပြောင်းအရွှေ့မှာတော့ ထိုက်သင့်တဲ့ တန်ဖိုးနဲ့ ရောင်းထုတ်မှာဖြစ်ပြီး ယူရို ၃၀ သန်း တောင်းဆိုမှာ ဖြစ်ပါတယ်။

လီဗာပူးသတင်းထောက်တွေဖြစ်တဲ့ James Pearce ကော Paul Joyce ကပါ ဒီသတင်းကို အတည်ပြုခဲ့တာဖြစ်တယ်။

James Pearce က ” ဇန်နဝါရီမှာတော့ ရှာကွီရီက ဘယ်ကိုမှ သွားမှာ မဟုတ်ပါဘူး။ ရိုးမားနဲ့ ဆီးဗီးလာဘက်က ရှာကွီရီကို အငှားနဲ့ ကမ်းလှမ်းမှုကို လီဗာပူးက ပယ်ချခဲ့တယ်။ ဒီနွေမှာတော့ ယူရို ၃၀ သန်းနဲ့ ရောင်းထုတ်ဖို့ စဉ်းစားပေးမှာပါ ” လို့ ဖော်ပြခဲ့တယ်။

Paul Joyce ကလည်း ” လီဗာပူးက ရိုးမားကိုကော ဆီးဗီးလာကိုပါ ရှာကွီရီကို ဇန်နဝါရီမှာ အငှားချဖို့ မဖြစ်နိုင်ဘူးလို့ အကြောင်းပြန်ခဲ့တယ်။ ဖြစ်ဖို့များတာကတော့ နွေမျာ ကစားသမားအတွကက် ယူရို ၃၀ သန်း ရမယ်ဆိုရင် ရောင်းထုတ်ပေးမှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ရှာကွီရီဟာ အသေးစား ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ လီဗာပူးနဲ့ ယူနိုက်တက်ပွဲမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ သူဟာ လာမယ့် ဝုဗ်နဲ့ အမှတ်ပေးပွဲမှာ ပါဝင်မလားက စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမွာ ေနရာမရျဖစ္ေနတဲ့ ကြင္းလယ္လူ ရွာကီြရီကို စီးရီးေအကလပ္ ရိုးမားက အသဲအသန္ ခ်ိတ္ဆက္ေနျပီး လက္ရွိမွာေတာ့ လာလီဂါကလပ္ ဆီးဗီးလာကလည္း လိုခ်င္လာျပီလုိ႔ သိရပါတယ္။

လီဗာပူးကေတာ့ ၂၀၁၈ ေႏြအေျပာင္းအေရႊ႔မွာ စတုတ္စီးတီးကေန ေပါင္ ၁၃ သန္းနဲ႔ ေခၚယူထားတဲ့ ရွာကီြရီကို ဇန္နဝါရီမွာ လံုးဝ ေရာင္းထုတ္မွာ မဟုတ္တာျဖစ္တယ္။ ဒါေပမယ့္လို႔ ကစားသမားကို ေႏြအေျပာင္းအေရႊ႔မွာေတာ့ ထိုက္သင့္တဲ့ တန္ဖိုးနဲ႔ ေရာင္းထုတ္မွာျဖစ္ျပီး ယူရို ၃၀ သန္း ေတာင္းဆိုမွာ ျဖစ္ပါတယ္။

လီဗာပူးသတင္းေထာက္ေတြျဖစ္တဲ့ James Pearce ေကာ Paul Joyce ကပါ ဒီသတင္းကို အတည္ျပဳခဲ့တာျဖစ္တယ္။

James Pearce က ” ဇန္နဝါရီမွာေတာ့ ရွာကီြရီက ဘယ္ကိုမွ သြားမွာ မဟုတ္ပါဘူး။ ရိုးမားနဲ႔ ဆီးဗီးလာဘက္က ရွာကီြရီကို အငွားနဲ႔ ကမ္းလွမ္းမႈကို လီဗာပူးက ပယ္ခ်ခဲ့တယ္။ ဒီေႏြမွာေတာ့ ယူရို ၃၀ သန္းနဲ႔ ေရာင္းထုတ္ဖို႔ စဥ္းစားေပးမွာပါ ” လို႔ ေဖာ္ျပခဲ့တယ္။

Paul Joyce ကလည္း ” လီဗာပူးက ရိုးမားကိုေကာ ဆီးဗီးလာကိုပါ ရွာကီြရီကို ဇန္နဝါရီမွာ အငွားခ်ဖို႔ မျဖစ္ႏုိင္ဘူးလို႔ အေၾကာင္းျပန္ခဲ့တယ္။ ျဖစ္ဖို႔မ်ားတာကေတာ့ ေႏြမ်ာ ကစားသမားအတြကက္ ယူရို ၃၀ သန္း ရမယ္ဆိုရင္ ေရာင္းထုတ္ေပးမွာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ရွာကီြရီဟာ အေသးစား ဒဏ္ရာေၾကာင့္ ျပီးခဲ့တဲ့ လီဗာပူးနဲ႔ ယူႏုိက္တက္ပြဲမွာ ပါဝင္ခဲ့ျခင္း မရွိပါဘူး။ သူဟာ လာမယ့္ ဝုဗ္နဲ႔ အမွတ္ေပးပြဲမွာ ပါဝင္မလားက ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။