ဒဏ်ရာကြောင့် သီတင်းပတ် ၆ ပတ်လောက် ကွင်းဘေးမှာ နေခဲ့ရတဲ့ လီဗာပူး ခံစစ်မှူး ဒီဂျန် လိုဗရန်က အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပြီး အင်္ဂါနေ့ ထရိန်နင်က ဓာတ်ပုံနဲ့ အတူ ပြန်ပါဝင်ခွင့်ရတာ ပျော်ရွှင်ကြောင်း အင်စတာဂရမ်မှာ ဖော်ပြထားခဲ့ပါတယ်။

လီဗာပူးတိုက်စစ်မှူး မိုဆာလက်နဲ့ အာဆင်နယ် တိုက်စစ်မှူး အူဘာမီးယန်းတို့ဟာ နိုင်ငံအသင်းတွေနဲ့ အတူ ထိပ်တိုက် ရင်ဆိုင်ကစားရဖို့ ရှိနေပါတယ်။ အီဂျစ်အသင်းနဲ့ ဂါဘွန်အသင်းတို့ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲများ မဲခွဲမှုမှာ တစ်အုပ်စုတည်း ကျရောက်နေခဲ့တာ ဖြစ်ပါတယ်။

လီဗာပူး ခံစစ်မှူး ဂျိုး ဂိုမက်ဇ်က အစ်ကိုကြီး တစ်ဦးလို ဖြစ်နေတဲ့ ဗန်ဒိုက်ရဲ့ လွှမ်းမိုးမှု က အသင်းအပေါ်ရော သူ့အပေါ်ပါ ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ရှိစေခဲ့ကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် ကြိုးပမ်းနေတဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာက လီဗာပူးအသင်းထံ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း စပိန်သတင်းဌာနများက ဖော်ပြနေပါတယ်။

ဝုဗ်နဲ့ လီဗာပူးပွဲကို ကွင်းလယ်ဒိုင်လူကြီး အဖြစ် မိုက်ကယ် အိုလီဗာ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ဒီရာသီ မိုက်ကယ် အိုလီဗာ ကိုင်တွယ်တဲ့ ပွဲတိုင်းမှာ လီဗာပူးဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို အမြဲ ရရှိထားတာပါ။

လီဗာပူး ခံစစ်မှူးဟောင်းကြီး ဟစ်ပီယာကတော့ နာမည်ကျော်လာတဲ့ ခံစစ်မှူး ဗန်ဒိုက်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူး ဖြစ်နေပြီလို့ ချီးကျူးပြောဆိုလိုက်ပါတယ်။

လီဗာပူး မန်နေဂျာ ယာဂင်ကလော့ပ်က အက်ဖ်အေပွဲတွေမှာ ပြန်ကန်ပွဲတွေကို ရုပ်သိမ်းပြီး ပင်နယ်တီအဆုံးအဖြတ် ထည့်သွင်းဖို့နဲ့ အိမ်ရှင်အဖြစ် အဆင့်နိမ့်တန်းအသင်းတွေကို ဦးစားပေးပြီး ၎င်းတို့ကို တစ်ပန်းသာစေဖို့ စီစဉ်သင့်ကြောင်း အမြင်တစ်ခုကို ချပြလိုက်ပါတယ်။

လီဗာပူးအသင်း ပိုင်ရှင် FSG Group ဂရု ဂျွန်ဟင်နရီရဲ့ ဇနီး ဖြစ်သူ လင်ဒါ ပီဇူတီက လီဗာပူးအသင်း ပရိသတ်တစ်ဦး ဖြစ်ပြီး အသင်း နိုင်ပွဲတွေ အတွက် အမြဲ အောင်ပွဲခံလေ့ရှိသူပါ။ သူမက လီဗာပူးအသင်း တည်ဆောက်နေတဲ့ ခရာဘီ ထရိန်နင်ကွင်းသစ် အဆောက်အဦ အတွင်းပိုင်း ပုံ ဗီဒီယိုကို အင်စတာဂရမ်မှာ တင်ခဲ့ရာ ကြည့်ရှုသူ များပြားခဲ့ပါတယ်။

Zawgyi – ဒဏ္ရာေၾကာင့္ သီတင္းပတ္ ၆ ပတ္ေလာက္ ကြင္းေဘးမွာ ေနခဲ့ရတဲ့ လီဗာပူး ခံစစ္မွဴး ဒီဂ်န္ လိုဗရန္က အသင္းနဲ႕ အတူ ေလ့က်င့္ခန္း ျပန္ဆင္းေနျပီ ျဖစ္ျပီး အဂၤါေန႔ ထရိန္နင္က ဓာတ္ပံုနဲ႕ အတူ ျပန္ပါ၀င္ခြင့္ရတာ ေပ်ာ္ရႊင္ေၾကာင္း အင္စတာဂရမ္မွာ ေဖာ္ျပထားခဲ့ပါတယ္။

လီဗာပူးတိုက္စစ္မွဴး မိုဆာလက္နဲ႕ အာဆင္နယ္ တိုက္စစ္မွဴး အူဘာမီးယန္းတို႔ဟာ နုိင္ငံအသင္းေတြနဲ႕ အတူ ထိပ္တိုက္ ရင္ဆိုင္ကစားရဖို႔ ရွိေနပါတယ္။ အီဂ်စ္အသင္းနဲ႕ ဂါဘြန္အသင္းတို႔ဟာ ၂၀၂၂ ကမၻာ့ဖလား ေျခစစ္ပြဲမ်ား မဲခြဲမႈမွာ တစ္အုပ္စုတည္း က်ေရာက္ေနခဲ့တာ ျဖစ္ပါတယ္။

လီဗာပူး ခံစစ္မွဴး ဂ်ိဳး ဂိုမက္ဇ္က အစ္ကိုၾကီး တစ္ဦးလို ျဖစ္ေနတဲ့ ဗန္ဒိုက္ရဲ႕ လႊမ္းမိုးမႈ က အသင္းအေပၚေရာ သူ႔အေပၚပါ ေကာင္းမြန္တဲ့ သက္ေရာက္မႈေတြ ရွိေစခဲ့ေၾကာင္း ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ ၾကိဳးပမ္းေနတဲ့ လိုက္ပ္ဇစ္ တိုက္စစ္မွဴး တီမို၀ါနာက လီဗာပူးအသင္းထံ ေျပာင္းေရႊ႕ဖို႔ အၾကိဳသေဘာတူညီမႈ ရခဲ့ျပီ ျဖစ္ေၾကာင္း စပိန္သတင္းဌာနမ်ားက ေဖာ္ျပေနပါတယ္။

၀ုဗ္နဲ႕ လီဗာပူးပြဲကို ကြင္းလယ္ဒိုင္လူၾကီး အျဖစ္ မိုက္ကယ္ အိုလီဗာ တာ၀န္ယူသြားမွာ ျဖစ္ပါတယ္။ ဒီရာသီ မိုက္ကယ္ အိုလီဗာ ကိုင္တြယ္တဲ့ ပြဲတိုင္းမွာ လီဗာပူးဟာ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ေတြကို အျမဲ ရရွိထားတာပါ။

လီဗာပူး ခံစစ္မွဴးေဟာင္းၾကီး ဟစ္ပီယာကေတာ့ နာမည္ေက်ာ္လာတဲ့ ခံစစ္မွဴး ဗန္ဒိုက္ဟာ လက္ရွိ ကမၻာ့အေကာင္းဆံုး ခံစစ္မွဴး ျဖစ္ေနျပီလို႔ ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။

လီဗာပူး မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အက္ဖ္ေအပြဲေတြမွာ ျပန္ကန္ပြဲေတြကို ရုပ္သိမ္းျပီး ပင္နယ္တီအဆံုးအျဖတ္ ထည့္သြင္းဖို႔နဲ႕ အိမ္ရွင္အျဖစ္ အဆင့္နိမ့္တန္းအသင္းေတြကို ဦးစားေပးျပီး ၄င္းတို႔ကို တစ္ပန္းသာေစဖို႔ စီစဥ္သင့္ေၾကာင္း အျမင္တစ္ခုကို ခ်ျပလိုက္ပါတယ္။

လီဗာပူးအသင္း ပိုင္ရွင္ FSG Group ဂရု ဂၽြန္ဟင္နရီရဲ႕ ဇနီး ျဖစ္သူ လင္ဒါ ပီဇူတီက လီဗာပူးအသင္း ပရိသတ္တစ္ဦး ျဖစ္ျပီး အသင္း နိုင္ပြဲေတြ အတြက္ အျမဲ ေအာင္ပြဲခံေလ့ရွိသူပါ။ သူမက လီဗာပူးအသင္း တည္ေဆာက္ေနတဲ့ ခရာဘီ ထရိန္နင္ကြင္းသစ္ အေဆာက္အဦ အတြင္းပိုင္း ပံု ဗီဒီယိုကို အင္စတာဂရမ္မွာ တင္ခဲ့ရာ ၾကည့္ရႈသူ မ်ားျပားခဲ့ပါတယ္။