လီဗာပူးဟာ တီမိုဝါနာကို ဆက်လက် စောင့်ကြည့်မှုတွေအား အခြားသော ဥရောပပြိုင်ဘက်တွေနဲ့အပြိုင် ပြုလုပ်နေပေမယ့် ဇန်နဝါရီမှာတော့ ခေါ်ယူမှာ မဟုတ်ကြောင်း စကိုင်းစပေါ့က ဖော်ပြသွားပါတယ်။

ဂျာမနီတိုက်စစ်သမားရဲ့ တိုးတက်မှုကို ပရီးမီးယားလိဂ် ကလပ်တွေထဲက လီဗာပူးနဲ့ ချယ်ဆီးဟာ အခြားသော ဥရောပအသင်းတွေလို စောင့်ကြည့်မှုတွေ လုပ်နေတာပါ။ ဒါပေမယ့် သိပ်မကောင်းတဲ့ သတင်းက လီဗာပူးဟာ အပြောင်းအရွှေ့ လုပ်ရလောက်အောင် တက်ကြွနေမှုတွေ မရှိဘူးလို့ သိရတယ်။

ဂျာမနီမှာ လီဗာပူးက ဝါနာကို ခေါ်ယူလိုသလို ဝါနာက လီဗာပူးကို ပြောင်းလာလိုတယ်ဆိုတဲ့သတင်းတွေ အတော်လေးကို ကျယ်ပြန့်နေပေမယ့် နွေအပြောင်းအရွှေ့ ရောက်ရင်တောင် အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမားကို ခေါ်ယူဖို့ လီဗာပူးဘက်က လုပ်ရှားလိုဟန် မပြသဘူးလို့ စကိုင်းစပေါ့က အခိုင်အမာ ဆိုခဲ့တယ်။

လီဗာပူးသတင်းထောက်တွေ ဖော်ပြထားကြတဲ့ နွေတုန်းကပဲ လိုက်ဇစ်နဲ့ ၂၀၂၃ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ ဝါနာကို ခေါ်ယူလိုတယ်ဆိုရင် ပေါင် ၅၁ သန်း ပေးရမှာဖြစ်ပြီး နွေမှာတော့ ပြောင်းရွှေ့ကြေးက ကျဆင်းနိုင်တယ်ဆိုတဲ့ သတင်းကို စကိုင်းစပေါ့ကလည်း အတည်ပြုပါတယ်။

တစ်ဆက်တည်းမှာ ရိုးမားနဲ့ ဆီးဗီးလာတို့ဟာ လီဗာပူးကွင်းလယ်လူ ရှာကွီရီကို ဇန်နဝါရီ အပြောင်းအရွှေ့မှာတင် အငှားခေါ်ယူဖို့ မာဆေးဆိုဒ်အသင်းကို ကမ်းလှမ်းမှုတွေ လုပ်ခဲ့ကြပြီး နှစ်သင်းလုံးကို မဖြစ်နိုင်ကြောင်း အကြောင်းပြန်ထားခဲ့တာဖြစ်တယ်။ မန်နေဂျာ ယာဂင်ကလော့ပ်က ရာသီကုန် မတိုင်ခင်ထိ အဓိက ကစားသမား တစ်ဦးကိုမှ လက်လွတ်လိုခြင်း မရှိတာဖြစ်တယ်။

နွေကျရင်တော့ ရှာကွီရီအတွက် ကမ်းလှမ်းမှုတွေကို နားထောင်ပေးမှာဖြစ်ပြီး ပေါင် ၂၅.၅ သန်းရမယ်ဆိုရင် ရောင်းထုတ်ပေးဖို့ စဉ်းစားပေးမယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးဟာ တီမိုဝါနာကို ဆက္လက္ ေစာင့္ၾကည့္မႈေတြအား အျခားေသာ ဥေရာပျပိဳင္ဘက္ေတြနဲ႔အျပိဳင္ ျပဳလုပ္ေနေပမယ့္ ဇန္နဝါရီမွာေတာ့ ေခၚယူမွာ မဟုတ္ေၾကာင္း စကိုင္းစေပါ့က ေဖာ္ျပသြားပါတယ္။

ဂ်ာမနီတိုက္စစ္သမားရဲ႕ တိုးတက္မႈကို ပရီးမီးယားလိဂ္ ကလပ္ေတြထဲက လီဗာပူးနဲ႔ ခ်ယ္ဆီးဟာ အျခားေသာ ဥေရာပအသင္းေတြလို ေစာင့္ၾကည့္မႈေတြ လုပ္ေနတာပါ။ ဒါေပမယ့္ သိပ္မေကာင္းတဲ့ သတင္းက လီဗာပူးဟာ အေျပာင္းအေရႊ႔ လုပ္ရေလာက္ေအာင္ တက္ၾကြေနမႈေတြ မရွိဘူးလို႔ သိရတယ္။

ဂ်ာမနီမွာ လီဗာပူးက ဝါနာကို ေခၚယူလိုသလို ဝါနာက လီဗာပူးကို ေျပာင္းလာလိုတယ္ဆိုတဲ့သတင္းေတြ အေတာ္ေလးကို က်ယ္ျပန္႔ေနေပမယ့္ ေႏြအေျပာင္းအေရႊ႔ ေရာက္ရင္ေတာင္ အသက္ ၂၃ ႏွစ္အရြယ္ တိုက္စစ္သမားကို ေခၚယူဖို႔ လီဗာပူးဘက္က လုပ္ရွားလိုဟန္ မျပသဘူးလို႔ စကိုင္းစေပါ့က အခိုင္အမာ ဆိုခဲ့တယ္။

လီဗာပူးသတင္းေထာက္ေတြ ေဖာ္ျပထားၾကတဲ့ ေႏြတုန္းကပဲ လိုက္ဇစ္နဲ႔ ၂၀၂၃ ခုႏွစ္ထိ စာခ်ဳပ္ရွိထားတဲ့ ဝါနာကို ေခၚယူလိုတယ္ဆိုရင္ ေပါင္ ၅၁ သန္း ေပးရမွာျဖစ္ျပီး ေႏြမွာေတာ့ ေျပာင္းေရႊ႔ေၾကးက က်ဆင္းႏုိင္တယ္ဆိုတဲ့ သတင္းကို စကိုင္းစေပါ့ကလည္း အတည္ျပဳပါတယ္။

တစ္ဆက္တည္းမွာ ရိုးမားနဲ႔ ဆီးဗီးလာတို႔ဟာ လီဗာပူးကြင္းလယ္လူ ရွာကီြရီကို ဇန္နဝါရီ အေျပာင္းအေရႊ႔မွာတင္ အငွားေခၚယူဖို႔ မာေဆးဆိုဒ္အသင္းကို ကမ္းလွမ္းမႈေတြ လုပ္ခဲ့ၾကျပီး ႏွစ္သင္းလံုးကို မျဖစ္ႏုိင္ေၾကာင္း အေၾကာင္းျပန္ထားခဲ့တာျဖစ္တယ္။ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ရာသီကုန္ မတိုင္ခင္ထိ အဓိက ကစားသမား တစ္ဦးကိုမွ လက္လြတ္လိုျခင္း မရွိတာျဖစ္တယ္။

ေႏြက်ရင္ေတာ့ ရွာကီြရီအတြက္ ကမ္းလွမ္းမႈေတြကို နားေထာင္ေပးမွာျဖစ္ျပီး ေပါင္ ၂၅.၅ သန္းရမယ္ဆိုရင္ ေရာင္းထုတ္ေပးဖို႔ စဥ္းစားေပးမယ္လို႔ သိရပါတယ္။