လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ပွဲစဉ်ဇယားနဲ့ ပက်သက်ပြီး အက်ဖ်အေနဲ့တကွ အင်္ဂလန်က တာဝန်ရှိသူတွေကို အကြိမ်ကြိမ် တိုက်တွန်းစကား ပြောဆိုပေမယ့် မည်သူကမှ ဂရုမစိုက်ကြပါဘူး။

မော်ဒန်ခေတ်မှာ ပွဲစဉ်ဇယားတွေကို ရေးဆွဲမှုတွေကို မန်နေဂျာတွေက ပါဝင်ရခြင်းမရှိပဲ ကလပ်အသင်း အလုပ်အမှုဆောင်တွေ၊ ပိုင်ရှင်တွေက ပြည်တွင်းပွဲစဉ်ဇယား ရေးဆွဲမှုတွေမှာ အဓိက ပါဝင်ကြရသူတွေဖြစ်တယ်။ ယာဂင်ကောလ့ပ်က ပွဲတွေကို ပိုနည်းသည်ထက် နည်းဖို့ပဲ စီမံပေးဖို့ကို တောင်းဆိုနေတာဖြစ်တယ်။

ကလော့ပ်က ” တစ်နှစ်လုံး ပြိုင်ပွဲ မရှိဖို့တော့ မဟုတ်ဘူးပေါ့ဗျာ။ အဲ့တာက အဓိပ္ပာယ်မရှိဘူး။ ပြိုင်ပွဲတွေမှာ ငွေကြေးတွေပါလာတယ်။ ကျနော်က ပွဲနည်းရင် ငွေရတာပိုနည်းမယ်လို့ ပြောတယ်။ ဒါပေမယ့် ကာရာဘောင်း ဆီမီးဖိုင်နယ်ကို နှစ်ကျော့ကစားလို့လည်း ငွေကြေး အများကြိး ပိုရလာတာ မဟုတ်ပါဘူး။ အဲ့တာမျိုးက အဆင်မပြေဘူး။ အဲ့ပွဲတွေက အဆင်မပြေဘူး။

ကျနေ်ာတို့ စတင်တာတွေကို ပြန်စဉ်းစားဖို့လိုပြီး ဒါက ပိုက်ဆံအကြောင်း မဟုတ်ပါဘူး။ ဘောလုံးအဖွဲ့တွေနဲ့ အက်ဖ်အေက အဖြေရှာဖို့ လိုတာမျိုးပါ။ နှစ်တိုင်းမှာ ကျနေ်ာတို့ ဒီအကြောင်းကိုပြောပြီး ပွဲတွေကို လျော့ပါ လျော့ပါ ပြောတယ်။ နောက်တော့ တစ်ပတ်ကို ၇ ပွဲလောက် ကန်ရဖို့ဖြစ်လာတယ်။ ပွဲကိုလျော့ပါ လျော့ပါ ထပ်ပြောရပြန်တယ်။ ဒါကိုပဲ ပြောနေရတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ယာဂင်ကလော့ပ် ဒီလို ပြောနေရတာက ကာရာဘောင်းမှာ ပွဲတွေကို ထပ်တိုးဖို့ လုပ်ထားသလို ချန်ပီယံလိဂ်ကလည်း ပွဲစဉ်တွေ ပိုတိုးလိုတယ်။ ဒါ့အပြင် ကလပ်များကမ္ဘာဖလားကိုလည်း ၂၀၂၁ ခုနှစ်မှာ အသင်း ၂၄ သင်းနဲ့ လုပ်လိုနေပါသေးတယ်။ အခြားသော ပြည်တွင်းအသင်းတွေ မသေချာပေမယ့် လီဗာပူးကတော့ အဆိုပါ ပြိုင်ပွဲကို ပါဝင်ခွင့်ရဖို့ အရည်အချင်း မှီနေတာဖြစ်တယ်။

ပြဿနာအားဖြင့် ကလပ်အသင်းကြီးတွေဟာ မယုံနိုင်လောက်တဲ့ ပွဲတွေကို ယှဉ်ပြိုင်ဖို့ လိုလာတာဖြစ်တယ်။ လီဗာပူးက ဒီရာသီမှာ ပြိုင်ပွဲစုံ ပွဲစဉ် ၃၆ ပွဲထိ ယှဉ်ပြိုင်ပြီးထားပါပြီး ကာရာဘောင်းကို ထွက်ခဲ့ရပေမယ့် အက်ဖ်အေနဲ့ ချန်ပီယံလိဂ်ကို ဆက်လက် ယှဉ်ပြိုင်နိုင်ပြီး အင်စတမ်ဘူလ်း ဖိုင်နယ်ထိ သွားနိုင်မယ်ဆိုရင် ဒီရာသီ လီဗာပူးဟာ ပွဲစဉ် ၆၄ ပွဲမြောက်ကို တူရကီမြေမှာ ကစားရမှဖြစ်တယ်။

မနှစ်တုန်းက မန်စီးတီးဟာ ချန်ပီယံလိဂ်ကနေ လီဗာပူးထက် အရင် ထွက်ခဲ့ရပေမယ့် ပြည်တွင်း ဆုဖလားတွေ အားလုံးမှာ ဗိုလ်လုပွဲထိ ရောက်ခဲ့ကာ ပွဲပေါင်း ၆၁ ပွဲထိ ယှဉ်ပြိုင်ခဲ့ရတာဖြစ်တယ်။ ဒါကြောင့် ဂွာဒီယိုလာကလည်း ပွဲစဉ်ဇယားတွေကို လျော့ချဖို့ တောင်းဆိုနေခဲ့တာဖြစ်တယ်။ ဒါပေမယ့် ဘယ်သူကမှ ဒါကို ပြေလည်အောင် မဖြေရှင်းပေးကြဘူး။

ကာရာဘောင်းမှာ လီဗာပူးက အက်စတွန်ဗီလာကို ၅-၀ နဲ့ အရေးနိမ့်ခဲ့ရာမှာ အရန်ကစားသမားတွေပဲ ထုတ်သုံးလို့ ဘယ်သူကမှ မချီးကျူးပါဘူး။ လီဗာပူးအတွက် အဓိက ဖလားတစ်လုံးကို လွယ်လွယ်ကူကူနီးပါး လက်လွတ်ပေးခဲ့ရပေမယ့် အဲ့လိုလုပ်မှပဲ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်မယ့် အနေအထားဖြစ်ခဲ့တယ်။ ဖလားပြိုင်ပွဲနှစ်ခုအတွက် နှစ်သင်းခွဲပြိုင်တာနဲ့တင်ကို အတော်လေးကို စွန့်စားရာ ကျနေခဲ့ပြီးပါပြီ။

ဘောလုံးအဖွဲ့ချုပ်တွေ၊ ပြိုင်ပွဲတွေတိုင်းဟာ ပြိုင်ပွဲဝင် အသင်းတွေကို အဓိက ကစားသမားတွေနဲ့ပဲ ပါဝင်စေလိုတယ်၊ ပွဲတွေကို ပိုကြည့်ရအောင် ပွဲစဉ်ဇယားတွေ ထပ်တိုးလိုတယ်၊ ပရိသတ်တွေကလည်း အကောင်းဆုံး လူစာရင်းမှ မဟုတ်ရင် မန်နေဂျာကို အမြင်မကြည်ကြတာဖြစ်တယ်။ ဒါပေမယ့်လို့ ဘယ်သူကမှ လူစာရင်းတစ်ခုနဲ့ ပွဲပေါင်း ၆၀ လောက် ကစားနိုင်ဖို့ ခေါင်းကြီးနေရတဲ့ အနေအထားကို ကိုယ်ချင်း မစာကြပါဘူး။

ဒီရာသီမှာ လီဗာပူးဟာ ဒဏ်ရာပြဿနာတွေ များခဲ့ပါတယ်။ အယ်လီဆန်ကစလို မာတစ်၊ လိုဗရန်၊ ဖာဘင်ညို၊ ချိန်ဘာလိန်၊ ကီတာ၊ ရှာကွီရီ၊ မီလ်နာတို့ ဒဏ်ရာပြဿနာတွေ ရှိခဲ့ပြီး ထရန့်၊ ရော်ဘတ်ဆန်၊ ဗန်ဒိုက်၊ ဆာလက်၊ ဖာမင်နိုတို့ အသေးစား ဒဏ်ရာတွေ ရခဲ့သေးတာဖြစ်တယ်။ ယာဂင်ကလော့ပ်နဲ့ နည်းပြအဖွဲ့တွေ အကောင်းဆုံး အဖြေရှာနိုင်ခဲ့လို့ ဒီပြဿနာကို ကျော်လွှားနိုင်ခဲ့ပေမယ့် အခုမှ ရာသီဝက်ပဲ ရှိသေးကာ မေလအထိ ဒီအနေအထားကို ဆက်ထိန်းဖို့ အတော်လေးကို ကြိုးပမ်းနေရသေးတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းနဲ့ ပရိသတ်တွေ ကြီးကြီးမားမား ခံစားရတဲ့အထိတော့ ပွဲစဉ်ဇယားက ဒုက္ခမပေးသေးပါဘူး။ ဒါကလည်း မန်နေဂျာနဲ့ အဖွဲ့သားတွေရဲ့ ပါးနပ်မှုကြောင့်ဖြစ်ပြီး အနာဂတ်မှာ ဒီပြဿနာကို ရင်ဆိုင်လာရကာ အသင်းရဲ့ ရလဒ်တွေကို ထိခိုက်မှု မဖြစ်စေဖို့ ဆုတောင်းနေမိပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ပြဲစဥ္ဇယားနဲ႔ ပက္သက္ျပီး အက္ဖ္ေအနဲ႔တကြ အဂၤလန္က တာဝန္ရွိသူေတြကို အၾကိမ္ၾကိမ္ တိုက္တြန္းစကား ေျပာဆိုေပမယ့္ မည္သူကမွ ဂရုမစိုက္ၾကပါဘူး။

ေမာ္ဒန္ေခတ္မွာ ပြဲစဥ္ဇယားေတြကို ေရးဆြဲမႈေတြကို မန္ေနဂ်ာေတြက ပါဝင္ရျခင္းမရွိပဲ ကလပ္အသင္း အလုပ္အမႈေဆာင္ေတြ၊ ပိုင္ရွင္ေတြက ျပည္တြင္းပြဲစဥ္ဇယား ေရးဆြဲမႈေတြမွာ အဓိက ပါဝင္ၾကရသူေတြျဖစ္တယ္။ ယာဂင္ကောလ့ပ္က ပြဲေတြကို ပိုနည္းသည္ထက္ နည္းဖို႔ပဲ စီမံေပးဖို႔ကို ေတာင္းဆိုေနတာျဖစ္တယ္။

ကေလာ့ပ္က ” တစ္ႏွစ္လံုး ျပိဳင္ပြဲ မရွိဖို႔ေတာ့ မဟုတ္ဘူးေပါ့ဗ်ာ။ အဲ့တာက အဓိပၸာယ္မရွိဘူး။ ျပိဳင္ပြဲေတြမွာ ေငြေၾကးေတြပါလာတယ္။ က်ေနာ္က ပြဲနည္းရင္ ေငြရတာပိုနည္းမယ္လို႔ ေျပာတယ္။ ဒါေပမယ့္ ကာရာေဘာင္း ဆီမီးဖိုင္နယ္ကို ႏွစ္ေက်ာ့ကစားလို႔လည္း ေငြေၾကး အမ်ားၾကိး ပုိရလာတာ မဟုတ္ပါဘူး။ အဲ့တာမ်ိဳးက အဆင္မေျပဘူး။ အဲ့ပြဲေတြက အဆင္မေျပဘူး။

က်ေန္ာတို႔ စတင္တာေတြကို ျပန္စဥ္းစားဖို႔လိုျပီး ဒါက ပိုက္ဆံအေၾကာင္း မဟုတ္ပါဘူး။ ေဘာလံုးအဖြဲ႔ေတြနဲ႔ အက္ဖ္ေအက အေျဖရွာဖို႔ လိုတာမ်ိဳးပါ။ ႏွစ္တုိင္းမွာ က်ေန္ာတို႔ ဒီအေၾကာင္းကိုေျပာျပီး ပြဲေတြကို ေလ်ာ့ပါ ေလ်ာ့ပါ ေျပာတယ္။ ေနာက္ေတာ့ တစ္ပတ္ကို ၇ ပြဲေလာက္ ကန္ရဖို႔ျဖစ္လာတယ္။ ပြဲကိုေလ်ာ့ပါ ေလ်ာ့ပါ ထပ္ေျပာရျပန္တယ္။ ဒါကိုပဲ ေျပာေနရတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ယာဂင္ကေလာ့ပ္ ဒီလို ေျပာေနရတာက ကာရာေဘာင္းမွာ ပြဲေတြကို ထပ္တိုးဖို႔ လုပ္ထားသလို ခ်န္ပီယံလိဂ္ကလည္း ပြဲစဥ္ေတြ ပိုတိုးလိုတယ္။ ဒါ့အျပင္ ကလပ္မ်ားကမၻာဖလားကိုလည္း ၂၀၂၁ ခုႏွစ္မွာ အသင္း ၂၄ သင္းနဲ႔ လုပ္လိုေနပါေသးတယ္။ အျခားေသာ ျပည္တြင္းအသင္းေတြ မေသခ်ာေပမယ့္ လီဗာပူးကေတာ့ အဆိုပါ ျပိဳင္ပြဲကို ပါဝင္ခြင့္ရဖို႔ အရည္အခ်င္း မွီေနတာျဖစ္တယ္။

ျပႆနာအားျဖင့္ ကလပ္အသင္းၾကီးေတြဟာ မယံုႏုိင္ေလာက္တဲ့ ပြဲေတြကို ယွဥ္ျပိဳင္ဖို႔ လိုလာတာျဖစ္တယ္။ လီဗာပူးက ဒီရာသီမွာ ျပိဳင္ပြဲစံု ပြဲစဥ္ ၃၆ ပြဲထိ ယွဥ္ျပိဳင္ျပီးထားပါျပီး ကာရာေဘာင္းကို ထြက္ခဲ့ရေပမယ့္ အက္ဖ္ေအနဲ႔ ခ်န္ပီယံလိဂ္ကို ဆက္လက္ ယွဥ္ျပိဳင္ႏုိင္ျပီး အင္စတမ္ဘူလ္း ဖိုင္နယ္ထိ သြားႏုိင္မယ္ဆိုရင္ ဒီရာသီ လီဗာပူးဟာ ပြဲစဥ္ ၆၄ ပြဲေျမာက္ကို တူရကီေျမမွာ ကစားရမွျဖစ္တယ္။

မႏွစ္တုန္းက မန္စီးတီးဟာ ခ်န္ပီယံလိဂ္ကေန လီဗာပူးထက္ အရင္ ထြက္ခဲ့ရေပမယ့္ ျပည္တြင္း ဆုဖလားေတြ အားလံုးမွာ ဗိုလ္လုပြဲထိ ေရာက္ခဲ့ကာ ပြဲေပါင္း ၆၁ ပြဲထိ ယွဥ္ျပိဳင္ခဲ့ရတာျဖစ္တယ္။ ဒါေၾကာင့္ ဂြာဒီယိုလာကလည္း ပြဲစဥ္ဇယားေတြကို ေလ်ာ့ခ်ဖို႔ ေတာင္းဆိုေနခဲ့တာျဖစ္တယ္။ ဒါေပမယ့္ ဘယ္သူကမွ ဒါကို ေျပလည္ေအာင္ မေျဖရွင္းေပးၾကဘူး။

ကာရာေဘာင္းမွာ လီဗာပူးက အက္စတြန္ဗီလာကို ၅-၀ နဲ႔ အေရးနိမ့္ခဲ့ရာမွာ အရန္ကစားသမားေတြပဲ ထုတ္သံုးလို႔ ဘယ္သူကမွ မခ်ီးက်ဴးပါဘူး။ လီဗာပူးအတြက္ အဓိက ဖလားတစ္လံုးကို လြယ္လြယ္ကူကူနီးပါး လက္လြတ္ေပးခဲ့ရေပမယ့္ အဲ့လိုလုပ္မွပဲ ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈကို ထိန္းသိမ္းႏုိင္မယ့္ အေနအထားျဖစ္ခဲ့တယ္။ ဖလားျပိဳင္ပြဲႏွစ္ခုအတြက္ ႏွစ္သင္းခြဲျပိဳင္တာနဲ႔တင္ကို အေတာ္ေလးကို စြန္႔စားရာ က်ေနခဲ့ျပီးပါျပီ။

ေဘာလံုးအဖြဲ႔ခ်ဳပ္ေတြ၊ ျပိဳင္ပြဲေတြတိုင္းဟာ ျပိဳင္ပြဲဝင္ အသင္းေတြကို အဓိက ကစားသမားေတြနဲ႔ပဲ ပါဝင္ေစလိုတယ္၊ ပြဲေတြကို ပိုၾကည့္ရေအာင္ ပြဲစဥ္ဇယားေတြ ထပ္တိုးလိုတယ္၊ ပရိသတ္ေတြကလည္း အေကာင္းဆံုး လူစာရင္းမွ မဟုတ္ရင္ မန္ေနဂ်ာကို အျမင္မၾကည္ၾကတာျဖစ္တယ္။ ဒါေပမယ့္လို႔ ဘယ္သူကမွ လူစာရင္းတစ္ခုနဲ႔ ပြဲေပါင္း ၆၀ ေလာက္ ကစားႏုိင္ဖို႔ ေခါင္းၾကီးေနရတဲ့ အေနအထားကို ကိုယ္ခ်င္း မစာၾကပါဘူး။

ဒီရာသီမွာ လီဗာပူးဟာ ဒဏ္ရာျပႆနာေတြ မ်ားခဲ့ပါတယ္။ အယ္လီဆန္ကစလို မာတစ္၊ လိုဗရန္၊ ဖာဘင္ညိဳ၊ ခ်ိန္ဘာလိန္၊ ကီတာ၊ ရွာကီြရီ၊ မီလ္နာတို႔ ဒဏ္ရာျပႆနာေတြ ရွိခဲ့ျပီး ထရန္႔၊ ေရာ္ဘတ္ဆန္၊ ဗန္ဒိုက္၊ ဆာလက္၊ ဖာမင္ႏိုတို႔ အေသးစား ဒဏ္ရာေတြ ရခဲ့ေသးတာျဖစ္တယ္။ ယာဂင္ကေလာ့ပ္နဲ႔ နည္းျပအဖြဲ႔ေတြ အေကာင္းဆံုး အေျဖရွာႏုိင္ခဲ့လို႔ ဒီျပႆနာကို ေက်ာ္လႊားႏုိင္ခဲ့ေပမယ့္ အခုမွ ရာသီဝက္ပဲ ရွိေသးကာ ေမလအထိ ဒီအေနအထားကို ဆက္ထိန္းဖို႔ အေတာ္ေလးကို ၾကိဳးပမ္းေနရေသးတာ ျဖစ္ပါတယ္။

လီဗာပူးအသင္းနဲ႔ ပရိသတ္ေတြ ၾကီးၾကီးမားမား ခံစားရတဲ့အထိေတာ့ ပြဲစဥ္ဇယားက ဒုကၡမေပးေသးပါဘူး။ ဒါကလည္း မန္ေနဂ်ာနဲ႔ အဖြဲ႔သားေတြရဲ႕ ပါးနပ္မႈေၾကာင့္ျဖစ္ျပီး အနာဂတ္မွာ ဒီျပႆနာကို ရင္ဆိုင္လာရကာ အသင္းရဲ႕ ရလဒ္ေတြကို ထိခိုက္မႈ မျဖစ္ေစဖို႔ ဆုေတာင္းေနမိပါတယ္။