ဒီကနေ့ စကိုင်းစပေါ့မှာ ယာဂင်ကလော့ပ်နဲ့ အင်တာဗျူးရှည်တစ်ခု တက်လာပါတယ်။ အဲ့ထဲက အကြောင်းတစ်ချိုက ကျနေ်ာတို့ ဖော်ပြပြီးဖြစ်တာကြောင့် စိတ်ဝင်စားဖို့ကောင်းမယ့် အချက် နှစ်ချက်လောက်ကို အရင်ဆုံး ဖော်ပြလိုက်ပါတယ်။

အနာဂတ်မှာ မန်နေဂျာဖြစ်လာနိုင်တဲ့ ခင်ဗျား အသင်းသားက ဘယ်သူလဲ? ဘာကြောင့်လဲ?

သူတို့ လုပ်လိုမလားဆိုတာတော့ ကျနော် မသိပါဘူး ဒါပေမယ့် အင်္ဂလိပ်ကောင်လေးတွေက အများကြီး ဖြစ်နိုင်ပါတယ်။ သက်လက်ပိုင်းတွေဖြစ်တဲ့ မီလီ၊ ဟန်ဒို၊ အဒမ်တို့က ဖြစ်နိုင်တယ်။ မန်နေဂျာလုပ်လိုတယ်ဆိုရင် ဂီနီကလည်း ဖြစ်နိုင်ပါတယ်။ ငယ်ရွယ်သူတွေထဲမှာတော့ ရိုဘိုနဲ့ ထရန့်တို့ပေါ့ ဒါပေမယ့် သူတို့ အကြာကြီး ဆက်သွားကြရဦးမှာပါ။

ဒီဂျန်လည်း လုပ်ချင်ရင် လုပ်လိုပါလိမ့်မယ်။ ကောင်းတာတစ်ခုက သူက နိုင်ငံပေါင်း ၁၂ နိုင်ငံလောက်မှာကို မန်နေဂျာအဖြစ် လုပ်နိုင်တာပါ။ သိပ်ကောင်းတဲ့သူ အနည်းငယ် ရှိပါတယ်။ အားလုံးက သူတို့ လုပ်နိုင်မလားအပေါ် မူတည်သေးတာပေါ့။ သူတို့မှာ ဆန္ဒရှိရင်တော့ သူတို့ လုပ်နိုင်မှာပါ။

ခင်ဗျား ဘာလို့ လှုမှုကွန်ယက် မသုံးတာလဲ?

ကျနော် အဲ့တာတွေကို နားမလည်ဘူးဗျ နောက်ပြီး ဘာလို့ သုံးမလဲဆိုတာ မသိဘူး။ တစ်ရက်တော့ သုံးရင် သုံးမှာပေါ့ ဒါပေမယ့် သုံးဖြစ်မယ် မထင်ပါဘူး။ ကိုယ်မသိတဲ့ သူတွေကို ဘာလို့များ ကိုယ်အကြောင်း ပြောသင့်လဲဆိုတာ မသိဘူး။ အဲ့တာက ကောင်းလား မကောင်းဘူးလားဆိုတာလည်း မသိဘူး။ ဒါပေမယ့် ဒါက ကျနေ်ာတို့ မျိုးဆက်ရဲ့ ပြဿနာပါ။ ကျနော်ကတော့ အရမ်းလည်း အိုနေပါပြီ။

ZAWGYI

ဒီကေန႔ စကိုင္းစေပါ့မွာ ယာဂင္ကေလာ့ပ္နဲ႔ အင္တာဗ်ဴးရွည္တစ္ခု တက္လာပါတယ္။ အဲ့ထဲက အေၾကာင္းတစ္ခ်ိဳက က်ေန္ာတို႔ ေဖာ္ျပျပီးျဖစ္တာေၾကာင့္ စိတ္ဝင္စားဖို႔ေကာင္းမယ့္ အခ်က္ ႏွစ္ခ်က္ေလာက္ကို အရင္ဆံုး ေဖာ္ျပလိုက္ပါတယ္။

အနာဂတ္မွာ မန္ေနဂ်ာျဖစ္လာႏုိင္တဲ့ ခင္ဗ်ား အသင္းသားက ဘယ္သူလဲ? ဘာေၾကာင့္လဲ?

သူတို႔ လုပ္လိုမလားဆိုတာေတာ့ က်ေနာ္ မသိပါဘူး ဒါေပမယ့္ အဂၤလိပ္ေကာင္ေလးေတြက အမ်ားၾကီး ျဖစ္ႏုိင္ပါတယ္။ သက္လက္ပိုင္းေတြျဖစ္တဲ့ မီလီ၊ ဟန္ဒို၊ အဒမ္တို႔က ျဖစ္ႏုိင္တယ္။ မန္ေနဂ်ာလုပ္လိုတယ္ဆိုရင္ ဂီနီကလည္း ျဖစ္ႏုိင္ပါတယ္။ ငယ္ရြယ္သူေတြထဲမွာေတာ့ ရိုဘိုနဲ႔ ထရန္႔တို႔ေပါ့ ဒါေပမယ့္ သူတို႔ အၾကာၾကီး ဆက္သြားၾကရဦးမွာပါ။

ဒီဂ်န္လည္း လုပ္ခ်င္ရင္ လုပ္လိုပါလိမ့္မယ္။ ေကာင္းတာတစ္ခုက သူက ႏုိင္ငံေပါင္း ၁၂ ႏုိင္ငံေလာက္မွာကို မန္ေနဂ်ာအျဖစ္ လုပ္ႏုိင္တာပါ။ သိပ္ေကာင္းတဲ့သူ အနည္းငယ္ ရွိပါတယ္။ အားလံုးက သူတို႔ လုပ္ႏုိင္မလားအေပၚ မူတည္ေသးတာေပါ့။ သူတို႔မွာ ဆႏၵရွိရင္ေတာ့ သူတို႔ လုပ္ႏုိင္မွာပါ။

ခင္ဗ်ား ဘာလို႔ လႈမႈကြန္ယက္ မသံုးတာလဲ?

က်ေနာ္ အဲ့တာေတြကို နားမလည္ဘူးဗ် ေနာက္ျပီး ဘာလို႔ သံုးမလဲဆိုတာ မသိဘူး။ တစ္ရက္ေတာ့ သံုးရင္ သံုးမွာေပါ့ ဒါေပမယ့္ သံုးျဖစ္မယ္ မထင္ပါဘူး။ ကိုယ္မသိတဲ့ သူေတြကို ဘာလို႔မ်ား ကိုယ္အေၾကာင္း ေျပာသင့္လဲဆိုတာ မသိဘူး။ အဲ့တာက ေကာင္းလား မေကာင္းဘူးလားဆိုတာလည္း မသိဘူး။ ဒါေပမယ့္ ဒါက က်ေန္ာတုိ႔ မ်ိဳးဆက္ရဲ႕ ျပႆနာပါ။ က်ေနာ္ကေတာ့ အရမ္းလည္း အိုေနပါျပီ။