လီဗာပူးအသင်းသားတွေ လီဗာပူးမြို့ထဲ စီတန်းလှည့်လည်မှုစဉ် ပရိသတ်တွေက မီနာမီနိုကို လက်မှတ်ထိုးပေးဖို့ တောင်းဆိုခဲ့ကြပြီး ရှက်ရွံ့နေတဲ့ မီနာမီနိုက ပရိသတ်တွေကို ရင်မဆိုင်ရဲပဲ ရှေ့ဆက်သွားရန် ကြိုးပမ်းခဲ့ရာ မာနေးက မီနာမီနိုအား ဆွဲခေါ်ကာ ပရိသတ်တွေ ရှေ့ ပို့ပေးခဲ့ပါတယ်။

ကလော့ပ်က ပွဲနေ့တွေမှာ အားကစားဝတ်စုံပဲ အမြဲတမ်း ဝတ်ဆင်တဲ့ အကြောင်းကို ” ကျနော် ဒေါ့မွန်မှာတုန်းက အစောပိုင်း အပတ်တွေမှာ ဂျင်းနဲ့ တီရှပ် အနက်တွေ ဝတ်ပါသေးတယ်။ အဲ့နောက်တော့ ယူလာဖို့ မေ့နေခဲ့တယ် အဲ့တာနဲ့ နောက်ပိုင်း အသင်းက အဝတ်လဲခန်းထဲ ထားထားပေးတဲ့ ထရတ်ဆွတ်တွေ ဝတ်တော့တာပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မှာ အငှားကစားခဲ့ရာမှာ အပြီးသတ်ခေါ်ယူလောက်အောင်ထိ ခြေစွမ်းမပြနိုင်တာကြောင့် ကော်တင်ညိုဟာ ဘာစီလိုနာအသင်းထံ ပြန်သွားရဖွယ် ရှိနေပါတယ်။ လီဗာပူး ကစားသမားဟောင်းဟာ ဘာစီလိုနာမှာလည်း အန်းဖီးမှာတုန်းက ကဲ့သလို ထင်သလောက် မပေါက်ခဲ့တာကြောင့် ဘိုင်ယန်သို့ အငှားချခံခဲ့ရတာပါ။

လိုင်လီကနေ ထွက်ခွာဖို့ မန်နေဂျာနဲ့ စကားပြောထားကြောင်း ဝန်ခံထားတဲ့ ကွင်းလယ်လူ Soumare ကို ခေါ်ယူဖို့ လီဗာပူးကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။ လီဗာပူးဟာ ဇန်နဝါရီမှာ ခေါ်ယူမှု ပြုလုပ်ဖို့ မရှိပေမယ့် ကစားသမား တစ်ဦးတစ်လေ လက်လွတ်ရမယ်ဆိုရင်တော့ ပြန်လည်အစားထိုးမှု လုပ်သွားနိုင်တာပါ။

လီဗာပူးဟာ တီမိုဝါနာကို ခေါ်ယူဖို့ ကိစ္စမှာ ပိုမို အားပျော့လာခဲ့ပြီဖြစ်ပါတယ်။ ဂျာမနီသတင်းတွေက အခိုင်အမာ ပြောဆိုပေမယ့် လီဗာပူးဘက်က စောင့်ကြည့်မှု လုပ်ရုံမှတစ်ပါး တရားဝင် ခေါ်ယူမှုတွေ ပြုလုပ်ဖို့ ရာနှုန်းနည်းလွန်းနေပါတယ်။

အကယ်ဒမီပိုင်း ကစားသမား အင်အားဖြည့်ဖို့ လီဗာပူးဟာ အသက် ၁၇ နှစ်အရွယ် လူငယ်ကစားသမား Pedro Brazao ရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

ပရီးမီးယားလိဂ်ကလပ် ဘန်လေအသင်းဟာ လီဗာပူးအသင်းသားဟောင်းဖြစ်ပြီး လက်ရှိ စတုတ်ကွင်းလယ်လူဖြစ်တဲ့ အလန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ZAWGYI

လီဗာပူးအသင္းသားေတြ လီဗာပူးျမိဳ႕ထဲ စီတန္းလွည့္လည္မႈစဥ္ ပရိသတ္ေတြက မီနာမီႏိုကို လက္မွတ္ထိုးေပးဖို႔ ေတာင္းဆိုခဲ့ၾကျပီး ရွက္ရြံ႕ေနတဲ့ မီနာမီနိုက ပရိသတ္ေတြကို ရင္မဆုိင္ရဲပဲ ေရွ႕ဆက္သြားရန္ ၾကိဳးပမ္းခဲ့ရာ မာေနးက မီနာမီနိုအား ဆြဲေခၚကာ ပရိသတ္ေတြ ေရွ႕ ပို႔ေပးခဲ့ပါတယ္။

ကေလာ့ပ္က ပြဲေန႔ေတြမွာ အားကစားဝတ္စံုပဲ အျမဲတမ္း ဝတ္ဆင္တဲ့ အေၾကာင္းကို ” က်ေနာ္ ေဒါ့မြန္မွာတုန္းက အေစာပိုင္း အပတ္ေတြမွာ ဂ်င္းနဲ႔ တီရွပ္ အနက္ေတြ ဝတ္ပါေသးတယ္။ အဲ့ေနာက္ေတာ့ ယူလာဖို႔ ေမ့ေနခဲ့တယ္ အဲ့တာနဲ႔ ေနာက္ပိုင္း အသင္းက အဝတ္လဲခန္းထဲ ထားထားေပးတဲ့ ထရတ္ဆြတ္ေတြ ဝတ္ေတာ့တာပဲ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္မွာ အငွားကစားခဲ့ရာမွာ အျပီးသတ္ေခၚယူေလာက္ေအာင္ထိ ေျခစြမ္းမျပနိုင္တာေၾကာင့္ ေကာ္တင္ညိဳဟာ ဘာစီလိုနာအသင္းထံ ျပန္သြားရဖြယ္ ရွိေနပါတယ္။ လီဗာပူး ကစားသမားေဟာင္းဟာ ဘာစီလိုနာမွာလည္း အန္းဖီးမွာတုန္းက ကဲ့သလို ထင္သေလာက္ မေပါက္ခဲ့တာေၾကာင့္ ဘိုင္ယန္သို႔ အငွားခ်ခံခဲ့ရတာပါ။

လိုင္လီကေန ထြက္ခြာဖို႔ မန္ေနဂ်ာနဲ႔ စကားေျပာထားေၾကာင္း ဝန္ခံထားတဲ့ ကြင္းလယ္လူ Soumare ကို ေခၚယူဖို႔ လီဗာပူးကလည္း စိတ္ဝင္စားေနတယ္လို႔ သတင္းထြက္ေနပါတယ္။ လီဗာပူးဟာ ဇန္နဝါရီမွာ ေခၚယူမႈ ျပဳလုပ္ဖို႔ မရွိေပမယ့္ ကစားသမား တစ္ဦးတစ္ေလ လက္လြတ္ရမယ္ဆိုရင္ေတာ့ ျပန္လည္အစားထိုးမႈ လုပ္သြားႏုိင္တာပါ။

လီဗာပူးဟာ တီမိုဝါနာကို ေခၚယူဖို႔ ကိစၥမွာ ပိုမို အားေပ်ာ့လာခဲ့ျပီျဖစ္ပါတယ္။ ဂ်ာမနီသတင္းေတြက အခိုင္အမာ ေျပာဆိုေပမယ့္ လီဗာပူးဘက္က ေစာင့္ၾကည့္မႈ လုပ္ရံုမွတစ္ပါး တရားဝင္ ေခၚယူမႈေတြ ျပဳလုပ္ဖို႔ ရာႏႈန္းနည္းလြန္းေနပါတယ္။

အကယ္ဒမီပိုင္း ကစားသမား အင္အားျဖည့္ဖို႔ လီဗာပူးဟာ အသက္ ၁၇ နွစ္အရြယ္ လူငယ္ကစားသမား Pedro Brazao ရဲ႕ ေအးဂ်င့္နဲ႔ ခ်ိတ္ဆက္မႈေတြ ရွိေနပါတယ္။

ပရီးမီးယားလိဂ္ကလပ္ ဘန္ေလအသင္းဟာ လီဗာပူးအသင္းသားေဟာင္းျဖစ္ျပီး လက္ရွိ စတုတ္ကြင္းလယ္လူျဖစ္တဲ့ အလန္ကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။