ပီအက်ဂျီတိုက်စစ်သမား အမ်ဘတ်ပီက ဒီရာသီ ချန်ပီယံလိဂ်ဖလား အနိုင်ရနိုင်တဲ့ ကလပ်အသင်း လေးသင်းအဖြစ် ဂျူဗင်တပ်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ လက်ရှိ ချန်ပီယံ လီဗာပူးတို့ကို ရွေးချယ်သွားပါတယ်။

ICC ပြိုင်ပွဲအတွက် Stephen Ross ဦးဆောင်တဲ့ Relevent Sports ဟာ ရင်းနှီးမြုပ်နှံလာခဲ့တာ ဒေါ်လာ ၁၀၀ သန်းကို ကျော်ခဲ့ပါပြီ။ လာမယ့်ရာသီတွေမှာတော့ ရာသီကြို ပွဲစဉ်တွေက ပိုမို ကြီးမားပြီး ခက်ခဲတဲ့ ပြိုင်ပွဲကြီးတစ်ရပ် ဖြစ်လာဖို့ တာဆူနေပြီလို့ သိရပါတယ်။

ယူနိုက်တက်နဲ့ပွဲမှာ လူစားလဲခံရစဉ် ဒေါသထွက်တဲ့ အပြုအမှု ပြုလုပ်ခဲ့တဲ့ ချိန်ဘာလိန်နဲ့က အဆင်ပြေပါတယ်လို့ ကလော့ပ်က ပြောပါတယ်။ ပွဲမှာ လူစားလဲခဲ့ချိန်က အနည်းငယ် ပိုစောသွားခဲ့တာ ဖြစ်နိုင်ပေမယ့် ချိန်ဘာလိန်နဲ့ စကားပြောထားပါတယ်လို့ မန်နေဂျာက သတင်းပေးခဲ့ပါတယ်။

ယာဂင်ကလေ့ာပ်က အသင်းရဲ့ဂိုးသမား အယ်လီဆန်ဟာ ဘောလုံးသမားကောင်း တစ်ဦးတည်မကပဲ လူကောင်းတစ်ဦးလည်းဖြစ်ကာ အသင်းကို သူရောက်လာပြီးနောက်ပိုင်း လုပ်နိုင်စွမ်းတွေအတွက် ချီးကျူးသွားပါတယ်။

အာဆင်နယ်တိုက်စစ်သမား မာတင်နယ်လီကို လီဗာပူးက စိတ်ဝင်စားရင်းစွဲ ရှိတယ်လို့ ဖော်ပြမှုတွေ ထွက်လာပါတယ်။ ဒီရာသီမှာပဲ ကလော့ပ်ဟာ မာတင်နယ်လီကို ထုတ်ဖော်ချီးကျူးမှု လုပ်ထားဖူးသေးတာပါ။

ဘရာဇီးလူငယ်လေး Reinier ရဲ့ ဖခင်က လီဗာပူးအသင်းကလည်း သူ့သားကို ဆက်သွယ်တဲ့အထဲမှာ ပါဝင်ခဲ့တယ်လို့ ထုတ်ဖော်ပါတယ်။ ဒါပေမယ့်လို့ ရီးရဲလ်မက်ဒရစ်လောက်တော့ ဆန္ဒ မပြင်းပြခဲ့တာလို့ ဆိုပါတယ်။

ဒေါ့မွန်အသင်းဟာ ၎င်းတို့ တောင်ပံသမား ဆန်ချိုနေရာ အစားထိုးနိုင်ဖို့ ဘရာဇီး လူငယ်နှစ်ဦးကို စောင့်ကြည့်မှုတွေ လုပ်နေပြီဖြစ်ပါတယ်။ ဆန်ချိုဟာ နွေမှာတော့ ပရီးမီးယားလိဂ်ကလပ် တစ်သင်းထံ ပြောင်းဖို့ နီးစပ်နေပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ သူလက်အောက်မှာ ကြံ့ခိုင်မှုကောင်းနေခဲ့ချိန်မှာ ၉၀% ကို ပွဲထွက်ကစားခွင့်ရပြီး အမြဲတမ်း တိုးတက်ဖို့ စိတ်ပြင်းပြနေတဲ့ အသင်းသားအဖြစ် ကလော့ပ်က ချီးကျူးသွားပါတယ်။

ZAWGYI

ပီအက္ဂ်ီတိုက္စစ္သမား အမ္ဘတ္ပီက ဒီရာသီ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရႏုိင္တဲ့ ကလပ္အသင္း ေလးသင္းအျဖစ္ ဂ်ဴဗင္တပ္၊ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာနဲ႔ လက္ရွိ ခ်န္ပီယံ လီဗာပူးတို႔ကို ေရြးခ်ယ္သြားပါတယ္။

ICC ျပိဳင္ပြဲအတြက္ Stephen Ross ဦးေဆာင္တဲ့ Relevent Sports ဟာ ရင္းႏွီးျမဳပ္ႏွံလာခဲ့တာ ေဒၚလာ ၁၀၀ သန္းကို ေက်ာ္ခဲ့ပါျပီ။ လာမယ့္ရာသီေတြမွာေတာ့ ရာသီၾကိဳ ပြဲစဥ္ေတြက ပိုမို ၾကီးမားျပီး ခက္ခဲတဲ့ ျပိဳင္ပြဲၾကီးတစ္ရပ္ ျဖစ္လာဖို႔ တာဆူေနျပီလို႔ သိရပါတယ္။

ယူႏုိက္တက္နဲ႔ပြဲမွာ လူစားလဲခံရစဥ္ ေဒါသထြက္တဲ့ အျပဳအမႈ ျပဳလုပ္ခဲ့တဲ့ ခ်ိန္ဘာလိန္နဲ႔က အဆင္ေျပပါတယ္လို႔ ကေလာ့ပ္က ေျပာပါတယ္။ ပြဲမွာ လူစားလဲခဲ့ခ်ိန္က အနည္းငယ္ ပိုေစာသြားခဲ့တာ ျဖစ္ႏုိင္ေပမယ့္ ခ်ိန္ဘာလိန္နဲ႔ စကားေျပာထားပါတယ္လို႔ မန္ေနဂ်ာက သတင္းေပးခဲ့ပါတယ္။

ယာဂင္ကေလ့ာပ္က အသင္းရဲ႕ဂိုးသမား အယ္လီဆန္ဟာ ေဘာလံုးသမားေကာင္း တစ္ဦးတည္မကပဲ လူေကာင္းတစ္ဦးလည္းျဖစ္ကာ အသင္းကို သူေရာက္လာျပီးေနာက္ပိုင္း လုပ္ႏုိင္စြမ္းေတြအတြက္ ခ်ီးက်ဴးသြားပါတယ္။

အာဆင္နယ္တိုက္စစ္သမား မာတင္နယ္လီကို လီဗာပူးက စိတ္ဝင္စားရင္းစြဲ ရွိတယ္လို႔ ေဖာ္ျပမႈေတြ ထြက္လာပါတယ္။ ဒီရာသီမွာပဲ ကေလာ့ပ္ဟာ မာတင္နယ္လီကို ထုတ္ေဖာ္ခ်ီးက်ဴးမႈ လုပ္ထားဖူးေသးတာပါ။

ဘရာဇီးလူငယ္ေလး Reinier ရဲ႕ ဖခင္က လီဗာပူးအသင္းကလည္း သူ႔သားကို ဆက္သြယ္တဲ့အထဲမွာ ပါဝင္ခဲ့တယ္လို႔ ထုတ္ေဖာ္ပါတယ္။ ဒါေပမယ့္လို႔ ရီးရဲလ္မက္ဒရစ္ေလာက္ေတာ့ ဆႏၵ မျပင္းျပခဲ့တာလို႔ ဆိုပါတယ္။

ေဒါ့မြန္အသင္းဟာ ၄င္းတို႔ ေတာင္ပံသမား ဆန္ခ်ိဳေနရာ အစားထိုးႏုိင္ဖို႔ ဘရာဇီး လူငယ္ႏွစ္ဦးကို ေစာင့္ၾကည့္မႈေတြ လုပ္ေနျပီျဖစ္ပါတယ္။ ဆန္ခ်ိဳဟာ ေႏြမွာေတာ့ ပရီးမီးယားလိဂ္ကလပ္ တစ္သင္းထံ ေျပာင္းဖို႔ နီးစပ္ေနပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ သူလက္ေအာက္မွာ ၾကံ႕ခိုင္မႈေကာင္းေနခဲ့ခ်ိန္မွာ ၉၀% ကို ပြဲထြက္ကစားခြင့္ရျပီး အျမဲတမ္း တိုးတက္ဖို႔ စိတ္ျပင္းျပေနတဲ့ အသင္းသားအျဖစ္ ကေလာ့ပ္က ခ်ီးက်ဴးသြားပါတယ္။