မန်ယူအသင်းရဲ့ အမြဲတမ်းနည်းပြဖြစ်တဲ့ ဆိုးရှားက နောက်ရာသီ ရာသီကြို ပြင်ဆင်မှုတွေကို ဦးဆောင်သွားတော့မှာဖြစ်ပြီး လူသစ်ခေါ်ယူမှုကိစ္စအတွက် အသင်းဘုတ်အဖွဲ့ကို တွန်းအားပေးမှုတွေ လုပ်ထားပါတယ်။

မန်ယူဟာ နောက်ရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ယှဉ်ပြိုင်ဖို့ လူသစ်ခေါ်ယူမှုတွေ သေချာပေါက် လုပ်ရမှာဖြစ်ပြီး ဆိုးရှားကတော့ ကစားသမားသစ် ခေါ်ယူဖို့ရာ နာမည်တွေကို စာရွက်ပေါ်မှာ ချရေးဖို့ထက် သူ့နည်းစနစ်မှာ ကိုက်ညီမှုရှိမယ့် ကစားသမားမျိုးကို ဦးစားပေး ခေါ်ယူစေလိုနေပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းအရတော့ ဆိုးရှားက နာမည်ကြီး စူပါစတား ကစားသမားတွေကို ခေါ်ယူပေးဖို့ မတောင်းဆိုပဲ သူ့ရဲ့နည်းစနစ်နဲ့ ကိုက်ညီမယ့် ကစားသမားမျိုးတွေကို အဓိက ခေါ်ယူပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ကလပ်ဘက်ကတော့ ဆိုးရှား အလိုရှိတဲ့ ကစားသမားမျိုးတွေ စတင်ရှာဖွေနေပြီလည်း ဖြစ်ပါတယ်။

ဆိုရှား လိုချင်တဲ့ ကစားသမားဟာ ရုပ်ပိုင်းဆိုင်ရာ သန်မာရမှာဖြစ်တဲ့အပြင် လျှင်မြန်တဲ့ ပြေနှုန်းတွေကို လုပ်နိုင်ရမယ့်။ ကြံ့ခိုင်မှုကောင်းပြီး လှုပ်အားနှုန်းကောင်းတဲ့ ကစားဟန်ဖြစ်ရမယ်လို့ သိရတယ်။ ဒါဟာ အင်္ဂလန်လိဂ်မှာ ရုပ်ပိုင်းဆိုင်ရာ သန်မာတဲ့ အသင်းတွေကို ရင်ဆိုင်ကစားဖို့ကို အဓိက ဦးတည်လာခြင်း ဖြစ်ပါလိမ့်မယ်။

ဆိုးရှားခေါ်ယူလိုတဲ့ ကစားသမားဟာ ဈေးကွက်ထဲမှာ ချိတ်ဆက်နေတဲ့ ကစားသမားတွေထဲမှာ ဆန်ချို၊ ဖီလစ်လို ကစားသမားမျိုးတွေဖြစ်ပြီး လူငယ်ကြယ်ပွင့်တွေကို ချိတ်ဆက်နေတာက ဆိုးရှားရဲ့ တောင်းဆိုမှုနဲ့ ကိုက်ညီခြင်းကြောင်းလား မေးခွန်းထုတ်စရာပါပဲ။