အက်သလက်တီကို မက်ဒရစ်အသင်းဟာ မန်စီးတီး ခံစစ်မှူး အော်တာမန်ဒီကို ခေါ်ယူဖို့ ၄င်းရဲ့ အေးဂျင့်ဖြစ်သူနဲ့ ညှိနှိုင်းမှုများ ပြုလုပ်နေပြီ လို့ စပိန်သတင်းများမှာ ပါရှိလာပါတယ်။

မန်စီးတီး ခံစစ်မှူး ဒန်နီလိုက အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ဖို့ အချက်အလက်များ သဘောတူပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဂွာဒီယိုလာက ကလပ်အသင်းမှာ အားနည်းနေတဲ့ ညာအစွန်နေရာကို အင်အားဖြည့်ဖို့ရာ ပြင်သစ်လီဂူးဝမ်းကလပ် Strasbourg အသင်းမှ အစွန်သမား ကန်နီလာလာကို စိတ်ဝင်စားနေပါတယ်။ ဒီရာသီ ပြင်သစ်လီဂူးမှာ တောက်ပတဲ့ ခြေစွမ်းတွေ ပြသနေတဲ့ အသက် 27 နှစ်အရွယ် ပြင်သစ်ကစားသမားကို ခေါ်ယူမယ်ဆိုရင် ယူရို 15 သန်းပဲ ကုန်ကျမှာပါ။

ဖေဖော်ဝါရီမှာ လက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်လာပြီး အထင်ကြီးလောက်တဲ့ စွမ်းဆောင်ရည်တွေရအောင် ကြိုးစားပေးထားတဲ့ ဘရန်ဒန် ရော်ဂျာက ပြည်တွင်းဖလားသုံးလုံး အနိုင်ရတဲ့ မှတ်တမ်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ ပြိုင်ဘက်ဖြစ်သူ ဂွာဒီယိုလာက နည်းပြ လောကကို အဆင့်မြှင့်တင်ပေးခဲ့သူပါလို့ ဝန်ခံခဲ့ပါတယ်။

မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ဘာနာဒိုဆေးလ်ဗားက လတ်တလောမှာ ၄င်းကို ဘာစီလိုနာကချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် ငြင်းပယ်သွားခဲ့ပြီး လက်ရှိမန်စီးတီးအသင်းမှာ သူလက်မှတ်ရေးထိုးထားတဲ့ စာချုပ်အတိုင်းသာ ဆက်နေသွားဖို့ ရည်ရွယ်ထားကြောင်း ဖွင့်ဟလိုက်ပါတယ်။

ယာဂန်ကလော့ပ်နဲ့ ပိုချက်တီနိုတို့ဟာ ဘာဖလားမှ မရလို့ အီတလီမှာဆို ပရိသတ်တွေ ဝိုင်းသတ်လို့ သေလိမ့်မယ်ဆိုပြီး မန်စီးတီး မန်နေဂျာဟောင်း ရော်ဘတ်တို မန်စီနီက ဆိုလိုက်ပါတယ်။ လီဗာပူးနည်းပြ ကလော့ပ်ဟာ 2015 မှာ မာဆေးဆိုဒ်ကို ရောက်ရှိလာပြီးထဲက ဖလားတစ်လုံးမှမရသေးပဲ 2014 ထဲက စပါးမှာရှိနေတဲ့ ပိုချက်တီနိုကလဲ ထိုနည်း၎င်းပါပဲ။

စီးတီးရဲ့ ဖလားကာကွယ်နိုင်ရေးကို လမ်းချော်စေဖို့ လက်စတာက မျှော်လင့်နေပါလိမ့်မယ်။ ဒါပေမယ့် မန်စီးတီးကို ခြေချော်စေပြီး မာဆေးဆိုဒ်ရဲ့ သူရဲကောင်းဖြစ်ခွင့်ရမယ်ဆိုရင်တောင် ဒီပွဲအတွက် အခြားသော လုံ့ဆော်မှုမျိုးတွေ မရှိပါဘူးလို့ ရော်ဂျာကဆိုပြီး လီဗာပူးကို အသာရအောင် ကူညီပေးမလား မေးခွန်းတွေကို ငြင်းဆန်ပါတယ်။