အမ်းမရိတ်မှာ ကစားတဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပကျော့ ပွဲစဉ်မှာ အိမ်ရှင် အာဆင်နယ်က ဗလင်စီယာကို ၃ဂိုး ၁ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်အတွက် ဂိုးတွေကို လာကာဇက်တီက ၂ဂိုး အူဘာမီယန် က ၁ဂိုး သွင်းယူပေးခဲ့တာပါ။

အာဆင်နယ် ကွင်းလယ်ကစားသမား မီဆွတ် အိုဇေးလ်က လန်ဒန်ကလပ်မှာပဲ ပျော်ရွှင်နေပြီး နောက်ရာသီမှာလည်း အသင်းမှာ ဆက်နေ သွားချင်တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ရမ်ဆေး အာဆင်နယ်မှ ထွက်ခွာခြင်းကို စိတ်ပျက်ဒေါသထွက်ရပေမယ့် ၄င်းက ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့ဖို့အတွက် ထိုက်တန်ပါကြောင်း ဂန်းနားဟောင်းကြီး ရောဘတ်ပီယာ့ဇ်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အဲဗာဗန်နီဂါရဲ့ ဆီဗီလာနဲ့ စာချုပ်ကိစ္စ ဆွေးနွေးမှုကို စောင့်ကြည့်နေပါတယ်။ ကွင်းလယ်ကစားသမား ရဲ့ လက်ရှိ စာချုပ်က ၂၀၂၀ မှာ ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုး ဆွေးနွေးမှု အဆင်မပြေပါက လာမယ့်နွေမှာ ရောင်းချခံရမှာပါ။ ၄င်းကို အသင်းဟောင်း ဘိုကာဂျူနီယာကလည်း ပြန်လည် ခေါ်ယူလိုနေပါတယ်။

အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီဟာ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကဲ့သို့ ကိုယ့် ကလပ်အသင်းအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ပြောင်းလဲ မှု ဖြစ်စေနိုင်လိမ့်မယ်လို့ အိုဇေးလ်က ထောက်ခံပြောကြားလိုက်ပါတယ်။

အာဆင်နယ် အသင်းဟာ ဂီတာဖေး နောက်ခံလူ ဒီဂျက်နီ ကိုခေါ်ယူဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ လက်ရှိရာသီမှာ ခံစ့စ်သမားတွေရဲ့ စွမ်းဆောင်ရည်တွေ ဆိုးရွားလျက်ရှိနေတာကြောင့် အာဆင်နယ်နည်းပြ အမ်မရီ အနေနဲ့ လာမဲ့နွေရာသီမှာ အကြီးစား ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ ဒီရာသီ လာလီဂါပွဲပေါင်း ၃၂ ပွဲပါဝင်ထားနိုင်တဲ့ ဒီဂျက်နီ ရဲ့တန်ကြေးကတော့ ယူရို ၃၅ သန်း အထိ တန်ကြေး ရှိနေပါတယ်။