တချိန်က နာမည်ကြီးအောင်မြင်ခဲ့တဲ့ No အဖွဲ့ဆိုတာ ပရိသတ်တွေနဲ့ တကူးတက မိတ်ဆက်ပေးစရာမလိုလောက်ပါဘူး။ မိန်းကလေး (၃) ဦးနဲ့ဖွဲ့စည်းထားတဲ့ NO အဖွဲ့ရဲ့သီချင်းတွေဟာ တချိန်က ပရိသတ်တွေကြား အမှတ်ရစရာတွေအများကြီးနဲ့ ဖန်တီးပေးခဲ့ကြသူတွေပါ။

No အဖွဲ့ကွဲသွားပြီးနောက်မှာတော့ တစ်ကိုယ်တည်း အနုပညာလောကမှာ ရပ်တည်ခဲ့တဲ့ သဇင်ဟာ သီချင်းဆိုတဲ့ အလုပ်တွေအပြင် သရုပ်ဆောင်ပိုင်းကိုပါ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်ပြီးနောက်မှာတော့ သဇင်တစ်ယောက် ပျောက်ချင်းမလှပျောက်သွားခဲ့ပြီး နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်နေတယ်လို့ သိခဲ့ရပါတယ်။

မြန်မာပြည်ကပရိသတ်တွေဆီကိုတော့ မိတ်ကပ်သင်တန်းဖွင့်ရန်အတွက် လာရောက်ခဲ့ပြီးနောက်မှာတော့ သူမမှာ ကိုယ်ဝန်ရှိနေကြောင်း တခါတည်း အသိပေးပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ခုဆိုရင်တော့ သဇင်ရဲ့ သားဦးလေးက မွေးဖွားပြီးပြီဖြစ်ပြီး မိခင်ရော ၊ သားလေးပါ ကျန်းမာကြောင်းသိရပါတယ်။ သဇင်ကတော့ မကြာခင်မှာ သူမရဲ့သားလေးကို ပရိသတ်ကြီးဆီ ချပြပေးသွားမယ်လို့ သိရပါတယ်။

We Love Cele