မန်စီးတီးအသင်းဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ရဲ့ တန်ကြေးအမြင့်ဆုံး ကလပ်အသင်းအဖြစ် ရပ်တည်ခဲ့ပါတယ်။

လေ့လာမှုတစ်ရပ်အရ ပရီးမီးယားလိဂ် အသင်းအားလုံးရဲ့ စုစုပေါင်းတန်ကြေးက ၁.၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ပေါင် ၁၄.၇ ဘီလျံ ဖြစ်ခဲ့ပေမဲ့ ထိပ်သီးအသင်း ၆ သင်းရဲ့တန်ကြေးကတော့ ပြီးခဲ့တဲ့နှစ်က ထက် ပိုမြင့်တက်လာခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ၂၀၁၇ ခုနှစ်က တန်ကြေးထက် ပေါင် ၃၅၀၀၀၀ မြင့်တက်လာခဲ့ပြီး တန်ကြေး ပေါင် ၂ ဘီလျံကျော် ရှိခဲ့ပါတယ်။

မန်စီးတီး၊ ယူနိုက်တက်၊ လီဗာပူး၊ အာဆင်နယ်၊ ချဲလ်ဆီး၊ စပါး စတဲ့ ထိပ်သီးအသင်း ၆ သင်းရဲ့ တန်ကြေးဟာ ပရီးမီးယားလိဂ် အသင်း အားလုံး တန်ကြေးရဲ့ ၇၄ ရာခိုင်နှုန်းရှိလာခဲ့ပြီး ပေါင် ၁၀.၉ ဘီလျံအထိ ရှိနေပါတယ်။ ပရီးမီးယားလိဂ်ထိပ်သီးအသင်း ၆ သင်းနဲ့ တခြား အသင်းတွေကြား တန်ကြေး ကွာခြားချက်က ပိုများလာခဲ့ပါတယ်။

တန်ကြေးအလိုက် အဆင့်သတ်မှတ်ချက်အရ အဆင့် ၆ နေရာမှာရှိတဲ့ အာဆင်နယ်အသင်းနဲ့ အဆင့် ၇ နေရာမှာရှိတဲ့ ဘန်လေအသင်းက ပေါင် ၁ ဘီလျံနီးပါး ကွာခြားနေတာ တွေ့ရပါတယ်။ ယူနိုက်တက်ကတော့ လုပ်ခလစာ ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကုန်ကျစရိတ်တွေ မြင့်တက် လာတဲ့အတွက် တန်ကြေး အမြင့်ဆုံး အသင်းစာရင်းရဲ့ ထိပ်ဆုံးနေရာကို စွန့်လွှတ်ခဲ့ရတာပါ။