နောဝစ်ချ်နဲ့ ပွဲမှာ လီဗာပူးအသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဆီနီဂေါသား တိုက်စစ်မှူး ဆာဒီယို မာနေးက အင်္ဂလိပ် ကလပ်အသင်းတွေ အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၁၀၀ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ မာနေးက လီဗာပူး အတွက် ၇၅ ဂိုး၊ ဆောက်သမ်တန် အတွက် ၂၅ ဂိုး သွင်းပေးခဲ့တာပါ။

လီဗာပူး ကြယ်ပွင့် ထရန့် အလက်ဇန်းဒါး အာနိုးက တချိန်မှာ ဘလွန်းဒီအော ဆုပါ ရနိုင်မယ့် ကစားသမား ဖြစ်တယ်လို့ ဘရာဇီး ဂန္တဝင်ကြီး ကာဖူးက ထောက်ခံ ချီးကျူးလိုက်ပါတယ်။

စကိုင်းစပေါ့ကပေးတဲ့ ပွဲစဉ်အကောင်းဆုံး ကစားသမားဆုကို လက်ခံရရှိစဉ် အစီအစဉ်ကြေညာသူက သွင်းဂိုး ၁၀၀ ပြည့်တာကို ဂုဏ်ပြုပါတယ်လို့ ပြောဆိုမှုမှာ မားနေးက ဝိုး တကယ်လား ကျေးဇူးတင်ပါတယ်လို့ တုန့်ပြန်သွားတယ်။

အမှတ်ပေးပွဲ ၄၃ ပွဲဆက်တိုက် အရေးမနိမ့်တဲ့ လီဗာပူးဟာ ၂၀၁၇-၂၀၁၈ ခုနှစ်က ဘာစီလိုနာတင်ရှိထားတဲ့ ပွဲစဉ် ၄၃ ပွဲဆက်တိုက် အရေးမနိမ့်တဲ့ စံချိန်ကို လိုက်မှီခဲ့ပြီး ဥရောပမှာ ရံှူးပွဲမရှိ အရှည်ကြာဆုံး စံချိန်ကို ပိုင်ဆိုင်တဲ့ အသင်းတွေထဲ နံပါတ် ၅ ချိတ်နေပါတယ်။

လီဗာပူးဟာ ဝါနာအတွက် ကြိုးစားမှုကို စတင်လိုက်ပြီဆိုတဲ့ သတင်းတွေ ကျယ်ပြန့်နေပါတယ်။ လီဗာပူးနဲ့အပြိုင် ဝါနာကို အဓိက လိုချင်တဲ့ တစ်သင်းဖြစ်တဲ့ ချယ်ဆီးက ဆန်ချိုကို စတင်ကြိုးစားနေပြန်တာဖြစ်ပါတယ်။

ယာဂင်ကလော့ပ်က မန်စီးတီး နှစ်ရာသီဆက် ဥရောပပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရတဲ့ သတင်းအပေါ် အံ့အားသင့်မိကြောင်း ဝန်ခံလိုက်ပြီး ပက် ဂွာဒီယိုလာ အတွက် စာနာမိတယ်လို့ ဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ နောဝစ်ကို နိုင်တဲ့ ပွဲ အပြီးမှာ တနင်္ဂနွေ ပွဲစဉ်များ မတိုင်ခင် လီဗာပူးက ဒုတိယနေရာမှ မန်စီးတီးကို ၂၅ မှတ်ထိ ဖြတ်ထားပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် ဗိုလ်ဝင်ခံဖို့ အတွက်တော့ လက်ကျန် ၁၂ ပွဲထဲမှာ ၅ ပွဲသာ အနိုင်ရဖို့ လိုပါတယ်။

အသက် ၂၂ နှစ် အရွယ် လီဗာပူး ခံစစ်မှူး ဂျိုး ဂိုမက်ဇ်ဟာလည်း ဖြည်းဖြည်းချင်းပေမယ့် ခြေစွမ်း မှန်မှန် တိုးတက်လာနေပြီး ဗန်ဒိုက်နဲ့ အကောင်းဆုံး တွဲဖက် ကစားနိုင်သူ ဖြစ်လာနေပြီလို့ လီဗာပူး အခြေစိုက် ပရိသတ်တွေက ချီးကျူးနေပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ၁၇ ပွဲ ဆက် နိုင်ထားခဲ့ပြီ ဖြစ်ပြီး ပြိုင်ပွဲ သမိုင်းမှာ အများဆုံး နိုင်ပွဲဆက်တဲ့ မှတ်တမ်းလည်း ဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

Zawgyi – ေနာ၀စ္ခ်္နဲ႕ ပြဲမွာ လီဗာပူးအသင္းအတြက္ အနိုင္ဂိုး သြင္းယူေပးခဲ့တဲ့ ဆီနီေဂါသား တိုက္စစ္မွဴး ဆာဒီယို မာေနးက အဂၤလိပ္ ကလပ္ အသင္းေတြ အတြက္ ျပိဳင္ပြဲစံု သြင္းဂိုး ၁၀၀ ျပည့္သြားခဲ့ျပီ ျဖစ္ပါတယ္။ မာေနးက လီဗာပူး အတြက္ ၇၅ ဂိုး၊ ေဆာက္သမ္တန္ အတြက္ ၂၅ ဂိုး သြင္းေပးခဲ့တာပါ။

စကိုင္းစေပါ့ကေပးတဲ့ ပြဲစဥ္အေကာင္းဆံုး ကစားသမားဆုကို လက္ခံရရွိစဥ္ အစီအစဥ္ေၾကညာသူက သြင္းဂိုး ၁၀၀ ျပည့္တာကို ဂုဏ္ျပဳပါတယ္လို႔ ေျပာဆိုမႈမွာ မားေနးက ဝိုး တကယ္လား ေက်းဇူးတင္ပါတယ္လို႔ တုန္႔ျပန္သြားတယ္။

အမွတ္ေပးပြဲ ၄၃ ပြဲဆက္တုိက္ အေရးမနိမ့္တဲ့ လီဗာပူးဟာ ၂၀၁၇-၂၀၁၈ ခုႏွစ္က ဘာစီလိုနာတင္ရွိထားတဲ့ ပြဲစဥ္ ၄၃ ပြဲဆက္တုိက္ အေရးမနိမ့္တဲ့ စံခ်ိန္ကို လုိက္မွီခဲ့ျပီး ဥေရာပမွာ ရံွဴးပြဲမရွိ အရွည္ၾကာဆံုး စံခ်ိန္ကို ပိုင္ဆုိင္တဲ့ အသင္းေတြထဲ နံပါတ္ ၅ ခ်ိတ္ေနပါတယ္။

လီဗာပူးဟာ ဝါနာအတြက္ ၾကိဳးစားမႈကို စတင္လိုက္ျပီဆိုတဲ့ သတင္းေတြ က်ယ္ျပန္႔ေနပါတယ္။ လီဗာပူးနဲ႔အျပိဳင္ ဝါနာကို အဓိက လိုခ်င္တဲ့ တစ္သင္းျဖစ္တဲ့ ခ်ယ္ဆီးက ဆန္ခ်ိဳကို စတင္ၾကိဳးစားေနျပန္တာျဖစ္ပါတယ္။

လီဗာပူး ၾကယ္ပြင့္ ထရန္႔ အလက္ဇန္းဒါး အာနိုးက တခ်ိန္မွာ ဘလြန္းဒီေအာ ဆုပါ ရနိုင္မယ့္ ကစားသမား ျဖစ္တယ္လို႔ ဘရာဇီး ဂႏၱ၀င္ၾကီး ကာဖူးက ေထာက္ခံ ခ်ီးက်ဴးလိုက္ပါတယ္။

ယာဂင္ကေလာ့ပ္က မန္စီးတီး နွစ္ရာသီဆက္ ဥေရာပျပိဳင္ပြဲမ်ား ယွဥ္ျပိဳင္ခြင့္ ပိတ္ပင္ခံရတဲ့ သတင္းအေပၚ အံ့အားသင့္မိေၾကာင္း ၀န္ခံလိုက္ျပီး ပက္ ဂြာဒီယိုလာ အတြက္ စာနာမိတယ္လို႔ ဆိုခဲ့ပါတယ္။

ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၆ ေနာ၀စ္ကို နိုင္တဲ့ ပြဲ အျပီးမွာ တနဂၤေႏြ ပြဲစဥ္မ်ား မတိုင္ခင္ လီဗာပူးက ဒုတိယေနရာမွ မန္စီးတီးကို ၂၅ မွတ္ထိ ျဖတ္ထားျပီ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ ခ်န္ပီယံ အျဖစ္ ဗုိုလ္၀င္ခံဖုိ႔ အတြက္ေတာ့ လက္က်န္ ၁၂ ပြဲထဲမွာ ၅ ပြဲသာ အနုိင္ရဖို႔ လိုပါတယ္။

အသက္ ၂၂ နွစ္ အရြယ္ လီဗာပူး ခံစစ္မွဴး ဂ်ိဳး ဂိုမက္ဇ္ဟာလည္း ျဖည္းျဖည္းခ်င္းေပမယ့္ ေျခစြမ္း မွန္မွန္ တိုးတက္လာေနျပီး ဗန္ဒိုက္နဲ႕ အေကာင္းဆံုး တဲြဖက္ ကစားနုိင္သူ ျဖစ္္လာေနျပီလို႔ လီဗာပူး အေျခစိုက္ ပရိသတ္ေတြက ခ်ီးက်ဴးေနပါတယ္။

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ၁၇ ပြဲ ဆက္ နုိင္ထားခဲ့ျပီ ျဖစ္ျပီး ျပိဳင္ပြဲ သမိုင္းမွာ အမ်ားဆံုး နုိင္ပြဲဆက္တဲ့ မွတ္တမ္းလည္း ၀င္သြားခဲ့ျပီ ျဖစ္ပါတယ္။