လီဗာပူးအသင်းဟာ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် နှစ်ရာသီ ပိတ်ခံလိုက်ရတဲ့ မန်စီးတီးအသင်းမှ ဒီဘရိုင်းနဲ့ လာပေါ်တေး နှစ်ယောက်ကို တပြိုင်နက် ခေါ်ယူရန် စဉ်းစားနေကြောင်း Goal သတင်းဌာနကနေပြီး ဖော်ပြသွားပါတယ်။

အက်သလက်တီကိုမက်ဒရစ် နည်းပြ ဆီမြွန်နီက ကြံ့ခိုင်တဲ့ လီဗာပူးအသင်းဟာ ဘောလုံးလောက သမိုင်းမှာ ခိုင်ခိုင်မာမာ တစ်နေရာ ရယူသွားလိမ့်မယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။

လီဗာပူးရဲ့ ရှေ့တန်း တိုက်စစ်သုံးယောက်က သူ့ကို စိုးရိမ်စေတယ်လို့ အက်သလက်တီကို ဂိုးသမား အော့ဘလက်က ပွဲကြို ရှင်းလင်းပွဲမှာ ဆိုလိုက်ပြီး သတိထားရမှာတော့ သူတို့ သုံးယောက်တင် မဟုတ်ဘဲ လီဗာပူး ကစားသမား အားလုံး ဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

လီဗာပူး ခံစစ်မှူး ထရန့်အလက်ဇန်းဒါး အာနိုးက အက်သလက်တီကိုနဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ နည်းပြ ကလော့ပ်နဲ့ အတူ တက်ရောက် ဖြေကြားခဲ့ပါတယ်။

ထရန့်က တစ်ဦးချင်းရတဲ့ ထူးချွန်ဆုတွေထက် အသင်းလိုက်ရတဲ့ ဆုဖလားတွေက ပိုမို ကြီးမား အလေထားစရာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ အသက် ၂၁ နှစ် အရွယ် လီဗာပူးသားက ဒီရာသီ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး လူငယ်ကစားသမား ဆု ရဖို့ ရေပန်းစားနေပါတယ်။

ကာလရှည် ဒဏ်ရာ ရှိနေခဲ့တဲ့ လီဗာပူး ညာစွန် ခံစစ်မှူး ကလိုင်းဟာ အခြေအနေ သက်သာ ကောင်းမွန်လာပြီး ကွင်းထဲ ခြေပြန်ချနိုင်ပြီ ဖြစ်ပါတယ်။ ၎င်းကို အသင်း ထရိန်နင်ကွင်းမှာ စတင် လေ့ကျင့်နေခဲ့တာ တွေ့ရပါတယ်။

အက်သလက်တီကို နည်းပြ ဆီမြွန်နီနဲ့ နှိုင်းယှဉ် ပြောဆိုကြတဲ့ အပေါ် လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ၎င်းဟာ မူကြို အရာရှိ အဆင့်သာ ရှိသေးတယ်လို့ ရယ်ရယ်မောမော လျှော့ပြောလိုက်ပြီး ကျနော်က လယ်ဗယ် ၄ မှာ ရှိတယ်ဆိုရင် ဒီယေဂိုက လယ်ဗယ် ၁၂ မှာ ရှိနေတာပါလို့ ကလော့ပ်က တုန့်ပြန်ခဲ့ပါတယ်။

လီဗာပူးအသင်းသားတွေဟာ အက်သလက်တီကိုကွင်းကို ခြေချပြီး ကွင်းစမ်းလေ့လာမှုတွေ လုပ်ခဲ့ကြပြီးဖြစ်ပါတယ်။ အဆိုပါကွင်းဟာ မနှစ်က လီဗာပူးအသင်း ခြောက်ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ကိုင်မြောက်နိုင်ခဲ့တဲ့ အောင်မြေလည်း ဖြစ်ပါတယ်။

Zawgyi – လီဗာပူးအသင္းဟာ ဥေရာပ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ၀င္ခြင့္ နွစ္ရာသီ ပိတ္ခံလိုက္ရတဲ့ မန္စီးတီးအသင္းမွ ဒီဘရိုင္းနဲ႕ လာေပၚေတး နွစ္ေယာက္ကို တျပိဳင္နက္ ေခၚယူရန္ စဥ္းစားေနေၾကာင္း Goal သတင္းဌာနကေနျပီး ေဖာ္ျပသြားပါတယ္။

အက္သလက္တီကိုမက္ဒရစ္ နည္းျပ ဆီျမြန္နီက ၾကံ႕ခိုင္တဲ့ လီဗာပူးအသင္းဟာ ေဘာလံုးေလာက သမိုင္းမွာ ခိုင္ခိုင္မာမာ တစ္ေနရာ ရယူသြားလိမ့္မယ္လို႔ ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။

လီဗာပူးရဲ႕ ေရွ႕တန္း တိုက္စစ္သံုးေယာက္က သူ႔ကို စိုးရိမ္ေစတယ္လို႔ အက္သလက္တီကို ဂိုးသမား ေအာ့ဘလက္က ပြဲၾကိဳ ရွင္းလင္းပြဲမွာ ဆိုလိုက္ျပီး သတိထားရမွာေတာ့ သူတို႔ သံုးေယာက္တင္ မဟုတ္ဘဲ လီဗာပူး ကစားသမား အားလံုး ျဖစ္တယ္လို႔ ၀န္ခံေျပာဆိုခဲ့ပါတယ္။

လီဗာပူး ခံစစ္မွဴး ထရန္႔အလက္ဇန္းဒါး အာနိုးက အက္သလက္တီကိုနဲ႕ ပြဲၾကိဳ သတင္းစာရွင္းလင္းပြဲမွာ နည္းျပ ကေလာ့ပ္နဲ႕ အတူ တက္ေရာက္ ေျဖၾကားခဲ့ပါတယ္။

ထရန္႔က တစ္ဦးခ်င္းရတဲ့ ထူးခၽြန္ဆုေတြထက္ အသင္းလိုက္ရတဲ့ ဆုဖလားေတြက ပိုမို ၾကီးမား အေလထားစရာ ျဖစ္ေၾကာင္း ေျပာၾကား ခဲ့ပါတယ္။ အသက္ ၂၁ နွစ္ အရြယ္ လီဗာပူးသားက ဒီရာသီ ပရီးမီးယားလိဂ္မွာ အေကာငး္ဆံုး လူငယ္ကစားသမား ဆု ရဖို႔ ေရပန္းစားေနပါတယ္။

ကာလရွည္ ဒဏ္ရာ ရွိေနခဲ့တဲ့ လီဗာပူး ညာစြန္ ခံစစ္မွဴး ကလိုင္းဟာ အေျခအေန သက္သာ ေကာင္းမြန္လာျပီး ကြင္းထဲ ေျချပန္ခ်နိုင္ျပီ ျဖစ္ပါတယ္။ ၄ငး္ကို အသင္း ထရိန္နင္ကြင္းမွာ စတင္ ေလ့က်င့္ေနခဲ့တာ ေတြ႕ရပါတယ္။

အက္သလက္တီကို နည္းျပ ဆီျမြန္နီနဲ႕ နိႈင္းယွဥ္ ေျပာဆိုၾကတဲ့ အေပၚ လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္က ၄င္းဟာ မူၾကိဳ အရာရွိ အဆင့္သာ ရွိေသးတယ္လို႔ ရယ္ရယ္ေမာေမာ ေလွ်ာ့ေျပာလိုက္ျပီး က်ေနာ္က လယ္ဗယ္ ၄ မွာ ရွိတယ္ဆိုရင္ ဒီေယဂိုက လယ္ဗယ္ ၁၂ မွာ ရွိေနတာပါလို႔ ကေလာ့ပ္က တုန္႔ျပန္ခဲ့ပါတယ္။

လီဗာပူးအသင္းသားေတြဟာ အက္သလက္တီကိုကြင္းကို ေျခခ်ျပီး ကြင္းစမ္းေလ့လာမႈေတြ လုပ္ခဲ့ၾကျပီးျဖစ္ပါတယ္။ အဆိုပါကြင္းဟာ မႏွစ္က လီဗာပူးအသင္း ေျခာက္ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလား ကိုင္ေျမာက္ႏုိင္ခဲ့တဲ့ ေအာင္ေျမလည္း ျဖစ္ပါတယ္။