ချန်ပီယံလိဂ် ၁၆ သင်း ရံှူးထွက်ရဲ့ ပထမအကျော့မှာ လီဗာပူးကို ၁-၀ နဲ့ အနိုင်ရလိုက်တာအတွက် တီကိုမန်နေဂျာ ဆီမြွန်နီက အတော်လေးကို အားရကျေနပ်နေပြီး ကမ္ဘာအကောင်းဆုံးအသင်းကို အနိုင်ယူပြခဲ့တာပါလို့ ကြွေးကြော်ခဲ့ပါတယ်။

မနက်ကပွဲမှာ လီဗာပူးဟာ ပိုင်ဆိုင်မှုပိုင်း သာလွန်ပေမယ့်လည်း ခံစစ်ကစားပုံကောင်းတဲ့ တီကိုခံစစ်ကို မထိုးဖောက်နိုင်ခဲ့ကာ ဒီရာသီ ပြိုင်ပွဲစုံမှာ ပထမဆုံးအကြိမ်အဖြစ် ဂိုးပေါက် တစ်ကြိမ်မှ မတည့်ခဲ့တာ ဖြစ်ပါတယ်။

” ကျနေ်ာတို့ စတင်ပြီး အနိုင်ရနေပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်လောက်အတွင်းမှာ ဒီလိုမျိုး အားပေးပုံကို တစ်ကြိမ်မှကို မမြင်ဖူးတာပါ။ အားပေးမှုတွေက အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်၊ အဲ့တာကို ကျနေ်ာတို့ကို ပိုကစားစေလိုတယ်။ အသင်းရဲ့ တုန့်ပြန်မှုကလည်း သက်ရောက်မှုကောင်းပါတယ်။ ဗလန်စီယာနဲ့ပွဲမှာလည်း ဒီလို လုပ်နိုင်ခဲ့တာပါ။

ကျနေ်ာတို့ရဲ့ အကောင်းဆုံးညတော့ မဟုတ်ခဲ့ဘူး ဒါပေမယ့် ဘယ်တော့မှ မမေ့နိုင်တဲ့ ညတော့ ဖြစ်ခဲ့တယ်။ ကမ္ဘာအကောင်းဆုံးအသင်းဟာ နိုင်ပွဲတွေ အများကြီးကို ရယူပြီး ကျနေ်ာတို့ထံ လာရောက်ရာမှာ သူတို့ကို အနိုင်ယူပြခဲ့တာပါ ” လိုပ ဆီမြွန်နီက ဆိုပါတယ်။

အက်သလက်တီကိုဟာ မတ်လထဲမှာတော့ အန်ဖီးကွင်းထံ လာရောက်ပြီး ယှဉ်ပြိုင်ကြရမှာပါ။ လီဗာပူးရဲ့ နာမည်ကျော် အန်ဖီးကွင်းဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလနောက်ပိုင်း မည့်သည် ပြိုင်ပွဲကိုမှ အရေးမနိမ့်ခဲ့တဲ့ ကွင်းတစ်ကွင်းဖြစ်ပြီး ဥရောပဆိုင်ရာ အဆုံးအဖြတ်ပွဲတွေကို ဒီကွင်းကနေပဲ ကျော်လွှားခဲ့တာဖြစ်တယ်။

မန်နေဂျာကလော့ပ်ကတော့ ” အန်ဖီးကနေ ကြိုဆိုမှာပါ၊ ပွဲက မပြီးသေးပါဘူး ” လို့ တီကိုအား စိန်ခေါ်ခဲ့တယ်။ မတ်လ ၁၁ ရက်နေ့မှာတော့ အန်ဖီးကွင်းမှာ ချန်ပီယံလိဂ် ရံှူးထွက် ဒုတိယအကျော့အဖြစ် လီဗာပူးက အက်သလက်တီကိုအား ဧည့်ခံ ကစားမှာဖြစ်တယ်။

ဆီမြွန်နီကလည်း ” ကျနေ်ာတို့က အတော်လေးကို နှိမ့်ချတဲ့ အနေအထားနဲ့ ယှဉ်ပြိုင်ကစားရပါလိမ့်မယ်။ သူတို့ကလည်း သူတို့ရဲ့ ကွင်းမှာ ပွဲကြီးတွေကို ယှဉ်ပြိုင်ကစားတာက အသားကျနေပါပြီ ” လို့ ဆိုသွားတာဖြစ်ပါတယ်။

ZAWGYI

ခ်န္ပီယံလိဂ္ ၁၆ သင္း ရံွဴးထြက္ရဲ႕ ပထမအေက်ာ့မွာ လီဗာပူးကို ၁-၀ နဲ႔ အႏုိင္ရလိုက္တာအတြက္ တီကိုမန္ေနဂ်ာ ဆီျမြန္နီက အေတာ္ေလးကို အားရေက်နပ္ေနျပီး ကမၻာအေကာင္းဆံုးအသင္းကို အႏုိင္ယူျပခဲ့တာပါလို႔ ေၾကြးေၾကာ္ခဲ့ပါတယ္။

မနက္ကပြဲမွာ လီဗာပူးဟာ ပိုင္ဆုိင္မႈပိုင္း သာလြန္ေပမယ့္လည္း ခံစစ္ကစားပံုေကာင္းတဲ့ တီကိုခံစစ္ကို မထိုးေဖာက္ႏုိင္ခဲ့ကာ ဒီရာသီ ျပိဳင္ပြဲစံုမွာ ပထမဆံုးအၾကိမ္အျဖစ္ ဂိုးေပါက္ တစ္ၾကိမ္မွ မတည့္ခဲ့တာ ျဖစ္ပါတယ္။

” က်ေန္ာတို႔ စတင္ျပီး အႏုိင္ရေနပါတယ္။ လြန္ခဲ့တဲ့ ၈ ႏွစ္ေလာက္အတြင္းမွာ ဒီလိုမ်ိဳး အားေပးပံုကို တစ္ၾကိမ္မွကို မျမင္ဖူးတာပါ။ အားေပးမႈေတြက အရမ္းကို စိတ္လႈပ္ရွားစရာ ေကာင္းပါတယ္၊ အဲ့တာကို က်ေန္ာတုိ႔ကို ပိုကစားေစလိုတယ္။ အသင္းရဲ႕ တုန္႔ျပန္မႈကလည္း သက္ေရာက္မႈေကာင္းပါတယ္။ ဗလန္စီယာနဲ႔ပြဲမွာလည္း ဒီလို လုပ္ႏုိင္ခဲ့တာပါ။

က်ေန္ာတို႔ရဲ႕ အေကာင္းဆံုးညေတာ့ မဟုတ္ခဲ့ဘူး ဒါေပမယ့္ ဘယ္ေတာ့မွ မေမ့ႏုိင္တဲ့ ညေတာ့ ျဖစ္ခဲ့တယ္။ ကမၻာအေကာင္းဆံုးအသင္းဟာ ႏုိင္ပြဲေတြ အမ်ားၾကီးကို ရယူျပီး က်ေန္ာတို႔ထံ လာေရာက္ရာမွာ သူတို႔ကို အႏုိင္ယူျပခဲ့တာပါ ” လိုပ ဆီျမြန္နီက ဆိုပါတယ္။

အက္သလက္တီကိုဟာ မတ္လထဲမွာေတာ့ အန္ဖီးကြင္းထံ လာေရာက္ျပီး ယွဥ္ျပိဳင္ၾကရမွာပါ။ လီဗာပူးရဲ႕ နာမည္ေက်ာ္ အန္ဖီးကြင္းဟာ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလေနာက္ပိုင္း မည့္သည္ ျပိဳင္ပြဲကိုမွ အေရးမနိမ့္ခဲ့တဲ့ ကြင္းတစ္ကြင္းျဖစ္ျပီး ဥေရာပဆိုင္ရာ အဆံုးအျဖတ္ပြဲေတြကို ဒီကြင္းကေနပဲ ေက်ာ္လႊားခဲ့တာျဖစ္တယ္။

မန္ေနဂ်ာကေလာ့ပ္ကေတာ့ ” အန္ဖီးကေန ၾကိဳဆိုမွာပါ၊ ပြဲက မျပီးေသးပါဘူး ” လို႔ တီကိုအား စိန္ေခၚခဲ့တယ္။ မတ္လ ၁၁ ရက္ေန႔မွာေတာ့ အန္ဖီးကြင္းမွာ ခ်န္ပီယံလိဂ္ ရံွဴးထြက္ ဒုတိယအေက်ာ့အျဖစ္ လီဗာပူးက အက္သလက္တီကိုအား ဧည့္ခံ ကစားမွာျဖစ္တယ္။

ဆီျမြန္နီကလည္း ” က်ေန္ာတို႔က အေတာ္ေလးကို ႏွိမ့္ခ်တဲ့ အေနအထားနဲ႔ ယွဥ္ျပိဳင္ကစားရပါလိမ့္မယ္။ သူတို႔ကလည္း သူတို႔ရဲ႕ ကြင္းမွာ ပြဲၾကီးေတြကို ယွဥ္ျပိဳင္ကစားတာက အသားက်ေနပါျပီ ” လို႔ ဆိုသြားတာျဖစ္ပါတယ္။