လီဗာပူးအသင်းရဲ့ ဘရာဇီးကွင်းလယ်ကစားသမား ဖာဘင်ဟိုက အသင်းရဲ့ တိုက်စစ်သမား မာနေးကို အတော်လေးအထင်ကြီးပြီး ကမ္ဘာ အကောင်းဆုံး တိုက်စစ်သမားဖြစ်လာမယ့်သူ့လို့ ညွှန်းဆိုလိုက်ပါတယ်။

ဖာဘင်ဟိုက လီဗာပူးအသင်းကို မပြောင်းလာစဉ်တည်းက မာနေးရဲ့ကစားပုံကို တီဗီကနေ စောင့်ကြည့်ဖို့ နှစ်သက်ခဲ့ကြောင်း ထုတ်ဖော် ဝန်ခံခဲ့တယ်။ အခုချိန်မှာ မာနေးရဲ့ကစားပုံကို ပိုမို နီးနီးစပ်စပ် ကြည့်နိုင်နေခဲ့ပြီဖြစ်ပြီး သူ့ရဲ့ထင်မြင်ချက်တွေကို ပြောပြခဲ့ပါတယ်။

” ဆာဒီယိုက အရမ်းထူးချွန်တဲ့ ကစားသမားပါ ” လို့ ဖာဘင်ဟိုက ပြောပါတယ်။ “ လီဗာပူးကို မပြောင်းလာခင်တည်းက သူ့ရဲ့ခြေစွမ်းတွေကို တီဗီကနေ စောင့်ကြည့်ခဲ့ပြီး ကျနော်အရမ်းသဘောကျပါတယ်။ ”

” သူက ထက်မြက်ပြီး အတော်လည်း မြန်တယ်။ ကမ္ဘာအကောင်းဆုံး တိုက်စစ်သမားတွေထဲက တစ်ဦးအနေနဲ့ တိုးတက်လာဖို့ အရည်အချင်းကောင်းတွေ အများကြီးလည်း ပိုင်ဆိုင်ထားပါတယ်။ ”

” ကျနော်တို့နဲ့အတူ သူ အချိန်ကြာကြီး လက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်ပြီး သူနဲ့တွဲကစားရတာကို ကျေနပ်ပျော်ရွှင်ပါတယ်။ ”

မာနေးဟာ လီဗာပူးအသင်းတိုက်စစ်ကို ဆာလက်၊ ဖာမင်နိုတို့နဲ့အတူ တာဝန်ယူနေသူတစ်ဦးဖြစ်တယ်။ မနှစ်တုန်းက သူတို့သုံးဦးပါဝင်တဲ့ တိုက်စစ်တွဲလုံးဟာ ပြိုင်ပွဲစုံ သွင်းဂိုး 91 ဂိုးထိ ရယူနိုင်ခဲ့ပါတယ်။

ဖာဘင်ဟိုကပဲ ” ကျနေန်ာတို့ရဲ့ တိုက်စစ်သုံးယောက်တွဲက ကမ္ဘာအကောင်းဆုံး တိုက်စစ်တွဲလုံးတွေထဲ ပါဝင်ပါတယ်။ သူတို့က ဆုံးဖြတ်ချက်တွေ အရမ်းမြန်တယ်၊ ခပ်မြန်မြန် ကစားနိုင်တယ်။ အချင်းချင်း နားလည်မှုပြည့်ဝပြီး တကယ်ကို ပြည့်စုံတဲ့ တိုက်စစ်အတွဲပါ။

သူတို့က သွင်းဂိုးတွေကို အရမ်းဆာလောင်ပြီး ပိုကောင်းလာချင်တဲ့ တိုက်စစ်သမားတွေဖြစ်တယ်။ ကျနော်တို့ရဲ့ တိုက်စစ်သမားတွေကြောင့်ပဲ အသင်းက အရမ်းကောင်းနေရပါတယ်။ သူတို့ ဒီရာသီမှာ ဂိုးတွေအများကြီး သွင်းနိုင်ဖို့ ကျနော် မျှော်လင့်ပါတယ်။ ”