အက်သလက်တီကိုနဲ့ လီဗာပူးတို့ ယှဉ်ပြိုင်ကစားတဲ့ မနက်က ချန်ပီယံလိဂ်ပွဲမှာ မာနေးကို လူစားလဲခဲ့တာအတွက် နားမလည်နိုင်ဖြစ်ခဲ့တာ (သို့) သဘောမကျတာတွေ ရှိကောင်း ရှိနိုင်ပါတယ်။

ဘီဘီစီမှ အားကစားကလောင်ရှင်ဖြစ်ပြီး လီဗာပူး ခံစစ်မှူးဟောင်းလည်းဖြစ်တဲ့ စတီဖန် ဝါးနော့ကတော့ ကလော့ပ်ဟာ မှန်ကန်တဲ့ လုပ်ရပ်ကို ရဲရဲတင်းတင်း လုပ်ဆောင်ခဲ့တာပါလို့ အသိအမှတ် ပြုခဲ့တယ်။ မာနေးဟာ တီကိုပွဲမှာ အဝါကဒ် ရခဲ့ပြီးတဲ့နောက် တီကို ကစားသမားတွေက မာနေးကို ဒုတိယအဝါကဒ်နဲ့ ကွင်းထဲကနေ ထွက်ခွာသွားအောင် ဖိအားပေးမှုတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

ဝါးနော့က ပြောရာမှာ ” တီကို ကစားသမားတွေက မာနေးကို ခြိမ်းခြောက်မှုတွေ လုပ်ဖို့ ကြိုးစားကြတယ်။ သူတို့က မာနေးကို အနီကဒ်နဲ့ ထွက်သွားစေဖို့ ကြိုးစားကြတာပါ။ ကလော့ပ်က အခြေအနေကို နားလည်ပြီး ဒုတိယပိုင်းမှာ လူစားလဲခဲ့ပါတယ်။

အပြည့်အဝ ခြုံကြည့်ကြမယ်ဆိုရင် မာနေးက ဒုတိယအကျော့ကို ပါဝင်ကစားလို့ ရဦးမှာပါ။ ကလော့ပ်က သေချာလေး ချင့်ချိန်ပြီး လုပ်ခဲ့တာလို့ ထင်တယ်။ ဒီပွဲက နှစ်ကျော့ ကစားရတာဆိုတာကို သူနားလည်တယ်။ ဒုတိယပိုင်း တစ်ခုတည်းနဲ့ ရံှူးထွက်ရလဒ်ကို အဆုံးအဖြတ် ပေးမှာလည်း မဟုတ်ပါဘူး။

မာနေးက ထုတ်ခံရဖို့ ကပ်သီးလေးတွေ ဖြစ်နေတာပါ။ သူ ထုတ်ခံရတာကို လီဗာပူးဘက်က ကြည့်မယ်ဆိုရင် ကြီးကြီးမားမား နစ်နာမှု ဖြစ်ပါတယ်။ ဒီတော့ ကလေ့ပ်က သိပ်ကောင်းတဲ့ ကိုင်တွယ်မှုကို လုပ်ခဲ့တာပါ။ ဆာဒီယို မာနေးကတော့ သိပ် သဘောကျမှာ မဟုတ်ပဲ ဆုံးဖြတ်ချက်ကို စိတ်ပျက်မိမှာပေါ့။ ဒါပေမယ့် ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်က မှန်ပါတယ် ” လို့ ထောက်ခံခဲ့တာဖြစ်တယ်။

လီဗာပူးဟာ အဓိက တိုက်စစ်သမားတစ်ဦးကို လူစားလဲခဲ့ရပြီးနောက်ပိုင်းမှာ ပွဲစစချင်း ကစားပုံ တက်လာခဲ့ပေမယ့် တီကို ခံစစ်ကိုတော့ မထိုးဖောက်နိုင်ခဲ့ဘူး။ ဒီပွဲမှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒီကျဉ်းမြောင်းတဲ့ ရလဒ်ကို ပြန်ခြေပဖို့က အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ မဆိုးတဲ့ ရလဒ်ကို ရခဲ့ခြင်းဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ထွက်ပေါ်ထားတာ ဖြစ်ပါတယ်။

ZAWGYI

အက္သလက္တီကိုနဲ႔ လီဗာပူးတို႔ ယွဥ္ျပိဳင္ကစားတဲ့ မနက္က ခ်န္ပီယံလိဂ္ပြဲမွာ မာေနးကို လူစားလဲခဲ့တာအတြက္ နားမလည္ႏုိင္ျဖစ္ခဲ့တာ (သို႔) သေဘာမက်တာေတြ ရွိေကာင္း ရွိႏုိင္ပါတယ္။

ဘီဘီစီမွ အားကစားကေလာင္ရွင္ျဖစ္ျပီး လီဗာပူး ခံစစ္မွဴးေဟာင္းလည္းျဖစ္တဲ့ စတီဖန္ ဝါးေနာ့ကေတာ့ ကေလာ့ပ္ဟာ မွန္ကန္တဲ့ လုပ္ရပ္ကို ရဲရဲတင္းတင္း လုပ္ေဆာင္ခဲ့တာပါလို႔ အသိအမွတ္ ျပဳခဲ့တယ္။ မာေနးဟာ တီကိုပြဲမွာ အဝါကဒ္ ရခဲ့ျပီးတဲ့ေနာက္ တီကို ကစားသမားေတြက မာေနးကို ဒုတိယအဝါကဒ္နဲ႔ ကြင္းထဲကေန ထြက္ခြာသြားေအာင္ ဖိအားေပးမႈေတြ ျပင္းထန္ခဲ့တာ ျဖစ္ပါတယ္။

ဝါးေနာ့က ေျပာရာမွာ ” တီကို ကစားသမားေတြက မာေနးကို ျခိမ္းေျခာက္မႈေတြ လုပ္ဖို႔ ၾကိဳးစားၾကတယ္။ သူတို႔က မာေနးကို အနီကဒ္နဲ႔ ထြက္သြားေစဖို႔ ၾကိဳးစားၾကတာပါ။ ကေလာ့ပ္က အေျခအေနကို နားလည္ျပီး ဒုတိယပိုင္းမွာ လူစားလဲခဲ့ပါတယ္။

အျပည့္အဝ ျခံဳၾကည့္ၾကမယ္ဆိုရင္ မာေနးက ဒုတိယအေက်ာ့ကို ပါဝင္ကစားလို႔ ရဦးမွာပါ။ ကေလာ့ပ္က ေသခ်ာေလး ခ်င့္ခ်ိန္ျပီး လုပ္ခဲ့တာလို႔ ထင္တယ္။ ဒီပြဲက ႏွစ္ေက်ာ့ ကစားရတာဆိုတာကို သူနားလည္တယ္။ ဒုတိယပိုင္း တစ္ခုတည္းနဲ႔ ရံွဴးထြက္ရလဒ္ကို အဆံုးအျဖတ္ ေပးမွာလည္း မဟုတ္ပါဘူး။

မာေနးက ထုတ္ခံရဖို႔ ကပ္သီးေလးေတြ ျဖစ္ေနတာပါ။ သူ ထုတ္ခံရတာကို လီဗာပူးဘက္က ၾကည့္မယ္ဆိုရင္ ၾကီးၾကီးမားမား နစ္နာမႈ ျဖစ္ပါတယ္။ ဒီေတာ့ ကေလ့ပ္က သိပ္ေကာင္းတဲ့ ကိုင္တြယ္မႈကို လုပ္ခဲ့တာပါ။ ဆာဒီယို မာေနးကေတာ့ သိပ္ သေဘာက်မွာ မဟုတ္ပဲ ဆံုးျဖတ္ခ်က္ကို စိတ္ပ်က္မိမွာေပါ့။ ဒါေပမယ့္ ကေလာ့ပ္ရဲ႕ ဆံုးျဖတ္ခ်က္က မွန္ပါတယ္ ” လို႔ ေထာက္ခံခဲ့တာျဖစ္တယ္။

လီဗာပူးဟာ အဓိက တိုက္စစ္သမားတစ္ဦးကို လူစားလဲခဲ့ရျပီးေနာက္ပိုင္းမွာ ပြဲစစခ်င္း ကစားပံု တက္လာခဲ့ေပမယ့္ တီကို ခံစစ္ကိုေတာ့ မထိုးေဖာက္ႏုိင္ခဲ့ဘူး။ ဒီပြဲမွာ ၁-၀ နဲ႔ အေရးနိမ့္ခဲ့ေပမယ့္ ဒီက်ဥ္းေျမာင္းတဲ့ ရလဒ္ကို ျပန္ေျခပဖို႔က အိမ္ကြင္းမွာ ကစားရမွာျဖစ္လို႔ မဆိုးတဲ့ ရလဒ္ကို ရခဲ့ျခင္းျဖစ္တယ္လို႔ သံုးသပ္မႈေတြလည္း ထြက္ေပၚထားတာ ျဖစ္ပါတယ္။