လီဗာပူးနဲ့ အက်သလက်တီကိုတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရံှူးထွက်ဟာ ဒုတိယအကျော့ ယှဉ်ပြိုင်ကစားရဖို့ ကျန်ရှိနေသေးပေမယ့် တီကို တိုက်စစ်မှူး မိုရာတာက ဒီရာသီ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်ကို ရှောင်ရှားလိုတယ်လို့ ပြောဆိုကြောင်း ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။

ဥရောပချန်ပီယံတွေနဲ့ ရင်ဆိုင်ရာမှာ တီကိုက ခံစစ်ပိုင်း ကောင်းမွန်ခဲ့သလို အစောပိုင်း အခွင့်အရေးကို သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာကလည်း ပထမအကျော့ကို ၁-၀ နဲ့ ဦးဆောင်ထားစေတာပါ။ မတ်လမှာတော့ အန်ဖီးကွင်းမှာ တီကိုတို့ လာကစားရမှာဖြစ်ပြီး မိုရာတာက နောက်တစ်ဆင့်ကို တက်နိုင်ဖို့ ယုံကြည်နေဟန် ရှိပါတယ်။

စပိန်တိုက်စစ်သမားက ပြောရာမှာ ‘ လီဗာပူးနဲ့ ဂျူဗင်တပ်က အကောင်းဆုံးအသင်းတွေပါ။ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်နဲ့ ထပ်မတွေ့ဖို့ ဆုတေင်းပါတယ်။ ကျနော်ကတော့ ဂျူဗင်တပ်၊ လီဗာပူးနဲ့ ပီအက်ဂျီတို့က ချန်ပီယံလိဂ်မှာ ရေပန်းစားတဲ့ အသင်းတွေလို့ ထင်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဆိုတာက ဘာမှ မသေချာဘူး မဟုတ်လားဗျာ ‘ လို့ ဆိုခဲ့တာဖြစ်တယ်။

မိုရာတာက ၁၆ သင်းအဆင့်မှာ လီဗာပူးကို ကျော်ဖြတ်နိုင်ပါက ကွာတားဖိုင်နယ်မှာ ဂျူဗင်တပ်နဲ့ မတွေ့လိုဘူးလို့ ဆိုခဲ့တာပါ။ ၎င်းတို့ နှစ်သင်းဟာ ဒီရာသီ အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့ကြပြီး ဂျူဗင်တပ်က အုပ်စုဗိုလ်၊ တီကိုက အုပ်စု ဒုတိယနေရာတွေနဲပ နောက်တစ်ဆင့်ကို တက်လာခဲ့တာဖြစ်တယ်။

မတ်လမှာတော့ အက်သလက်တီကိုဟာ စပိန်ကလပ်တွေအတွက် အိပ်မက်ဆိုးလို့ ဆိုနိုင်တဲ့ အန်ဖီးကွင်းထံ လာရောက်ရမှာဖြစ်တယ်။ ၂၀၁၆ ခုနှစ်မှာ လီဗာပူးဟာ ဗီလာရီးရဲလ်အသင်းကို ပထမအကျော့ စပိန်မြေမှာ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ အန်ဖီးကွင်းမှာ ဂိုးပြတ် အနိုင်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်မှာလည်း ဘာစီလိုနာကို အဝေးကွင်းမှာ အရေးနိမ့်ပေမယ့် ဒုတိယအကျော့ အန်ဖီးကွင်းမှာ ဂိုးပြတ် အနိုင်ယူခဲ့တာဖြစ်တယ်။

မန်နေဂျာ ယာဂင်ကလော့ပ်က ပထမအကျော့အပြီး ပွဲပြီး အင်တာဗျူးမှာ လာလီဂါကလပ်အား အန်ဖီးကွင်းကနေ ကြိုဆိုနေပါမယ်လို့ စိန်ခေါ်စကား ပြောဆိုထားပါတယ်။

ZAWGYI

လီဗာပူးနဲ႔ အက္သလက္တီကိုတို႔ရဲ႕ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရံွဴးထြက္ဟာ ဒုတိယအေက်ာ့ ယွဥ္ျပိဳင္ကစားရဖို႔ က်န္ရွိေနေသးေပမယ့္ တီကို တိုက္စစ္မွဴး မိုရာတာက ဒီရာသီ ခ်န္ပီယံလိဂ္မွာ ဂ်ဴဗင္တပ္ကို ေရွာင္ရွားလိုတယ္လို႔ ေျပာဆိုေၾကာင္း ေဒးလီးေမလ္းက ေဖာ္ျပသြားပါတယ္။

ဥေရာပခ်န္ပီယံေတြနဲ႔ ရင္ဆိုင္ရာမွာ တီကိုက ခံစစ္ပိုင္း ေကာင္းမြန္ခဲ့သလို အေစာပိုင္း အခြင့္အေရးကို သြင္းဂိုးအျဖစ္ ေျပာင္းလဲႏုိင္ခဲ့တာကလည္း ပထမအေက်ာ့ကို ၁-၀ နဲ႔ ဦးေဆာင္ထားေစတာပါ။ မတ္လမွာေတာ့ အန္ဖီးကြင္းမွာ တီကိုတို႔ လာကစားရမွာျဖစ္ျပီး မိုရာတာက ေနာက္တစ္ဆင့္ကို တက္ႏုိင္ဖို႔ ယံုၾကည္ေနဟန္ ရွိပါတယ္။

စပိန္တိုက္စစ္သမားက ေျပာရာမွာ ‘ လီဗာပူးနဲ႔ ဂ်ဴဗင္တပ္က အေကာင္းဆံုးအသင္းေတြပါ။ ခ်န္ပီယံလိဂ္မွာ ဂ်ဴဗင္တပ္နဲ႔ ထပ္မေတြ႔ဖို႔ ဆုေတင္းပါတယ္။ က်ေနာ္ကေတာ့ ဂ်ဴဗင္တပ္၊ လီဗာပူးနဲ႔ ပီအက္ဂ်ီတို႔က ခ်န္ပီယံလိဂ္မွာ ေရပန္းစားတဲ့ အသင္းေတြလို႔ ထင္ပါတယ္။ ဒါေပမယ့္ ခ်န္ပီယံလိဂ္ဆိုတာက ဘာမွ မေသခ်ာဘူး မဟုတ္လားဗ်ာ ‘ လို႔ ဆိုခဲ့တာျဖစ္တယ္။

မိုရာတာက ၁၆ သင္းအဆင့္မွာ လီဗာပူးကို ေက်ာ္ျဖတ္ႏုိင္ပါက ကြာတားဖိုင္နယ္မွာ ဂ်ဴဗင္တပ္နဲ႔ မေတြ႔လိုဘူးလို႔ ဆိုခဲ့တာပါ။ ၄င္းတို႔ ႏွစ္သင္းဟာ ဒီရာသီ အုပ္စုအဆင့္မွာ ေတြ႔ဆံုခဲ့ၾကျပီး ဂ်ဴဗင္တပ္က အုပ္စုဗိုလ္၊ တီကိုက အုပ္စု ဒုတိယေနရာေတြနဲပ ေနာက္တစ္ဆင့္ကို တက္လာခဲ့တာျဖစ္တယ္။

မတ္လမွာေတာ့ အက္သလက္တီကိုဟာ စပိန္ကလပ္ေတြအတြက္ အိပ္မက္ဆိုးလို႔ ဆိုႏုိင္တဲ့ အန္ဖီးကြင္းထံ လာေရာက္ရမွာျဖစ္တယ္။ ၂၀၁၆ ခုႏွစ္မွာ လီဗာပူးဟာ ဗီလာရီးရဲလ္အသင္းကို ပထမအေက်ာ့ စပိန္ေျမမွာ အေရးနိမ့္ခဲ့ေပမယ့္ ဒုတိယအေက်ာ့ အန္ဖီးကြင္းမွာ ဂိုးျပတ္ အႏုိင္ယူခဲ့ျပီး ၂၀၁၉ ခုႏွစ္မွာလည္း ဘာစီလိုနာကို အေဝးကြင္းမွာ အေရးနိမ့္ေပမယ့္ ဒုတိယအေက်ာ့ အန္ဖီးကြင္းမွာ ဂိုးျပတ္ အႏုိင္ယူခဲ့တာျဖစ္တယ္။

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ပထမအေက်ာ့အျပီး ပြဲျပီး အင္တာဗ်ဴးမွာ လာလီဂါကလပ္အား အန္ဖီးကြင္းကေန ၾကိဳဆိုေနပါမယ္လို႔ စိန္ေခၚစကား ေျပာဆိုထားပါတယ္။