လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါက အသင်းဟာ ကွင်းလယ် ဖန်တီးမှုပိုင်းမှာ အမြဲတမ်း ပြဿနာရှိနေခဲ့တာဖြစ်ပြီး တီကိုလို စုဖွဲ့မှုကောင်းတဲ့ အသင်းကို ထိုးဖောက်ရာမှာ ကွင်းလယ်ပိုင်း ဖန်တီးမှု မရှိခြင်းက အားနည်းချက်ဖြစ်ခဲ့တယ်လို့ ထောက်ပြလိုက်ပါတယ်။

ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းဟာ နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရနိုင်မယ့် ကွင်းလယ်လူ လယ်လာနာကို ခေါ်ယူနိုင်ဖို့ ကစားသမားရဲ့ အေးဂျင့် ဖြစ်သူနဲ့ ကနဦး ဆွေးနွေးမှုတွေကို စတင်လိုက်ပြီဖြစ်ပါတယ်။

တီကို ကွင်းလယ်လူ မိုရာတာက နောက်ထပ် အဆင့်တွေမှာ ထိပ်တိုက် မတွေ့လိုတဲ့ အသင်းက သူ့ရဲ့ အသင်းဟောင်း ဂျူဗင်တပ်ပါလို့ ထုတ်ဖော်ပြောဆိုပါတယ်။ တီကိုဟာ မတ်လမှာတော့ အန်ဖီးကွင်းထံလာပြီး ဒုတိယအကျော့ ယှဉ်ပြိုင်ရဦးမှာပါ။

လီဗာပူးတိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာက အနာဂတ်မှာ ပရီးမီးယားလိဂ်ကို မန်နေဂျာအဖြစ် ရောက်လာဖို့ ရည်မှန်းနေပြီး ဦးစားပေးကတော့ လီဗာပူးအသင်းကို ကိုင်တွယ်ခွင့် ရဖို့ပါလို့ ထုတ်ပြောလိုက်ပါတယ်။

လီဗာပူး ကင်းထောက်တွေဟာ ဒီအပတ်မှာ တူရကီ ဂိုးသမား Ugurcan Cakir ရဲ့ လက်စွမ်းကို လေ့လာဖို့ ကင်းထောက်တွေကို ထပ်မံ စေလွှတ်မှာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်တုန်းက လီဗာပူးမန်နေဂျာဟောင်း ဘရန်ဒန်ရော်ဂျာဟာ ဆော နီဂွက်စ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပေမယ့် အပြောင်းအရွှေ့ တစိတ်တပိုင်းမှာ လူးကပ်ကို ပြန်ထည့်ပေးရမှာဖြစ်ပြီး လူးကပ်က အသင်းမပြောင်းလိုတာကြောင့် အပြောင်းအရွှေ့ ပျက်ခဲ့ရတာလို့ သိရပါတယ်။

ခံစစ်မှူး ဗန်ဒိုက်၊ ကွင်းလယ်လူ မီလ်နာတို့ဟာ နောက်တစ်ကျော့က အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ချန်ပီယံလိဂ်က အဆုံးမသတ်သေးပါဘူးလို့ သတိပေးလိုက်ပါတယ်။

လီဗာပူးအသင်းက လေဗာကူဆင် တိုက်စစ်အားသန်လေး ကိုင်းဟာဗက်ကို ခေါ်ယူသင့်ကြောင်းကို ကလပ်အသင်း ကစားသမားဟောင်းကြီး မန်နာမန်းက ဆွေးနွေးမှုတစ်ခုကို ထပ်မံ ပြုလုပ်ခဲ့ပါတယ်။

ဂျာမနီသတင်းတွေကတော့ လီဗာပူးဟာ ဝါဒါဘရီမင်မှာ ခြေစွမ်းပြနေတဲ့ အသက် ၂၃ နှစ်အရွယ် တောင်ပံသမား Milot Rashica ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြလာပါတယ်။

လီဗာပူးကွင်းလယ်လူဟောင်း အမရေချန်ဟာ ဒေါ့မွန်အသင်းကို လေးနှစ်စာချုပ်ဖြင့် အပြီးသတ် ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရယူခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးခံစစ္မွဴးေဟာင္း ကာေရဂါက အသင္းဟာ ကြင္းလယ္ ဖန္တီးမႈပိုင္းမွာ အျမဲတမ္း ျပႆနာရွိေနခဲ့တာျဖစ္ျပီး တီကိုလို စုဖြဲ႔မႈေကာင္းတဲ့ အသင္းကို ထိုးေဖာက္ရာမွာ ကြင္းလယ္ပိုင္း ဖန္တီးမႈ မရွိျခင္းက အားနည္းခ်က္ျဖစ္ခဲ့တယ္လို႔ ေထာက္ျပလိုက္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ လက္စတာအသင္းဟာ ေႏြမွာ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ရႏုိင္မယ့္ ကြင္းလယ္လူ လယ္လာနာကို ေခၚယူႏုိင္ဖို႔ ကစားသမားရဲ႕ ေအးဂ်င့္ ျဖစ္သူနဲ႔ ကနဦး ေဆြးေႏြးမႈေတြကို စတင္လိုက္ျပီျဖစ္ပါတယ္။

တီကို ကြင္းလယ္လူ မိုရာတာက ေနာက္ထပ္ အဆင့္ေတြမွာ ထိပ္တိုက္ မေတြ႔လိုတဲ့ အသင္းက သူ႔ရဲ႕ အသင္းေဟာင္း ဂ်ဴဗင္တပ္ပါလို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။ တီကိုဟာ မတ္လမွာေတာ့ အန္ဖီးကြင္းထံလာျပီး ဒုတိယအေက်ာ့ ယွဥ္ျပိဳင္ရဦးမွာပါ။

လီဗာပူးတိုက္စစ္မွဴးေဟာင္း ေရာ္ဘီေဖာင္လာက အနာဂတ္မွာ ပရီးမီးယားလိဂ္ကို မန္ေနဂ်ာအျဖစ္ ေရာက္လာဖို႔ ရည္မွန္းေနျပီး ဦးစားေပးကေတာ့ လီဗာပူးအသင္းကို ကိုင္တြယ္ခြင့္ ရဖို႔ပါလို႔ ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူး ကင္းေထာက္ေတြဟာ ဒီအပတ္မွာ တူရကီ ဂိုးသမား Ugurcan Cakir ရဲ႕ လက္စြမ္းကို ေလ့လာဖို႔ ကင္းေထာက္ေတြကို ထပ္မံ ေစလႊတ္မွာ ျဖစ္ပါတယ္။

၂၀၁၄ ခုႏွစ္တုန္းက လီဗာပူးမန္ေနဂ်ာေဟာင္း ဘရန္ဒန္ေရာ္ဂ်ာဟာ ေဆာ နီဂြက္စ္ကို ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ေပမယ့္ အေျပာင္းအေရႊ႔ တစိတ္တပိုင္းမွာ လူးကပ္ကို ျပန္ထည့္ေပးရမွာျဖစ္ျပီး လူးကပ္က အသင္းမေျပာင္းလိုတာေၾကာင့္ အေျပာင္းအေရႊ႔ ပ်က္ခဲ့ရတာလို႔ သိရပါတယ္။

ခံစစ္မွဴး ဗန္ဒိုက္၊ ကြင္းလယ္လူ မီလ္နာတို႔ဟာ ေနာက္တစ္ေက်ာ့က အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ခ်န္ပီယံလိဂ္က အဆံုးမသတ္ေသးပါဘူးလို႔ သတိေပးလိုက္ပါတယ္။

လီဗာပူးအသင္းက ေလဗာကူဆင္ တိုက္စစ္အားသန္ေလး ကိုင္းဟာဗက္ကို ေခၚယူသင့္ေၾကာင္းကို ကလပ္အသင္း ကစားသမားေဟာင္းၾကီး မန္နာမန္းက ေဆြးေႏြးမႈတစ္ခုကို ထပ္မံ ျပဳလုပ္ခဲ့ပါတယ္။

ဂ်ာမနီသတင္းေတြကေတာ့ လီဗာပူးဟာ ဝါဒါဘရီမင္မွာ ေျခစြမ္းျပေနတဲ့ အသက္ ၂၃ ႏွစ္အရြယ္ ေတာင္ပံသမား Milot Rashica ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လုိ႔ ေဖာ္ျပလာပါတယ္။

လီဗာပူးကြင္းလယ္လူေဟာင္း အမေရခ်န္ဟာ ေဒါ့မြန္အသင္းကို ေလးႏွစ္စာခ်ဳပ္ျဖင့္ အျပီးသတ္ ေျပာင္းေရႊ႔ဖို႔ သေဘာတူညီမႈ ရယူခဲ့ျပီျဖစ္ပါတယ္။