ချန်ပီယံလိဂ် ၁၆ သင်း ရံှူးထွက်အဆင့်အဖြစ် တီကိုနဲ့ လီဗာပူးတို့ရဲ့ ပထမအကျော့မှာ တီကိုက ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်ထားပြီး ဒုတိယအကျော့ကတော့ မတ်လအတွင်း အန်ဖီးမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ဘယ်အသင်းက နောက်တစ်ဆင့်ကို တက်ရောက်မလဲဆိုတာက မတ်လမှ အဖြေပေါ်မှာ ဖြစ်ပေမယ့်လည်း တစ်ဂိုးအရံှူးကို ချေပပြီး နောက်တဆင့်ကို တက်ဖို့အတွက် လီဗာပူးဘက်က ပြင်းပြင်းပြပြ ဆန္ဒရှိနေတာ ထင်ရှားပါတယ်။ မနှစ်က ဘာစီလိုနာကို အိမ်ကွင်းရောက်မှ အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ် ရံှူးထွက်ပွဲမျိုးကို ဒီတစ်ကြိမ်မှာလည်း လီဗာပူးဘက်က လုပ်ပြလိုနေတာပါ။

ပထမအကျော့အပြီး ထွက်ပေါ်လာတဲ့ ထူးခြားတစ်သင်းတွေထဲမှာတော့ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်နဲ့ အက်သလက်တီကို မန်နေဂျာ ဆီမြွန်နီတို့ဟာ ချန်ပီယံလိဂ်မှာ ထူးခြားစွာပဲ ခပ်ဆင်ဆင်တူညီတဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ထားတာကို တွေ့ရပါတယ်။

အက်သလက်တီကိုမက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နှစ်ကြိမ်ထိ တက်ရောက်ထားနိုင်တဲ့ ဆီမြွန်နီရဲ့ အသင်းဟာ ချန်ပီယံလိဂ် ရံှူးထွက်အဆင့်တွေမှာ ချွင်းချက်တစ်ခုကလွဲရင်း ဘယ်အသင်းကိုမှ မရံှူးထားပါဘူး။ အဲ့တာကတော့ စီရော်နယ်ဒို ပါတဲ့ အသင်းကလွဲရင် ကျန်အသင်းတွေကို အနိုင်ယူပြီး ဗိုလ်လုပွဲကို ရောက်အောင် သွားနိုင်တဲ့ မှတ်တမ်းလို့ သိရတယ်။

၂၀၁၄ ကနေ စတင်လာတဲ့ ဒီနှစ်တွေအတွင်း ဆီမြွန်နီဟာ ရော်နယ်ဒိုပါတဲ့ အသင်းတိုင်းကို အမြဲတမ်း အရေးနိမ့်ပြီး သူမပါတဲ့ အသင်းတိုင်းကိုတော့ အမြဲတမ်း ရင်ဆိုင် ကျော်ဖြတ်နိုင်ခဲ့တယ်လို့ သိရတာဖြစ်တယ်။

ဒါပေမယ့်လို့ ယာဂင်ကလော့ပ်ရဲ့ မှတ်တမ်းကလည်း ပါးစပ် အဟောင်းသား ဖြစ်သွားနိုင်ပါတယ်။ ဂျာမန်သား မန်နေဂျာကြီးဟာ လီဗာပူးအသင်း မန်နေဂျာဘဝမှာ ဥရောပ ပြိုင်ပွဲကို ဒီရာသီမှာ လေးကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်နေတာဖြစ်တယ်။ ပြီးခဲ့တဲ့ သုံးကြိမ်မှာတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲ တစ်ကြိမ်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ နှစ်ကြိမ်ထိ တက်ရောက်ထားနိုင်တာဖြစ်တယ်။

ယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းနဲ့အတူ ဥရောပပြိုင်ပွဲတွေမှာ ရံှူးထွက်အဆင့်တိုင်းကို အောင်နိုင်ထားတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားတာဖြစ်တယ်။ ဒီတော့ ယာဂင်ကလော့ပ်နဲ့ ဆီမြွန်နီတို့ရဲ့ မှတ်တမ်းဟာ ဒီရာသီမှာတော့ အပြောင်းအလဲ ဖြစ်လာတော့မှာဖြစ်ပြီး အန်ဖီးကတော့ ဆီမြွန်နီရဲ့ စံချိန်ကို ရိုက်ချိုးဖို့ စောင့်နေပြီဖြစ်ပါတယ်။

ZAWGYI

ခ်န္ပီယံလိဂ္ ၁၆ သင္း ရံွဴးထြက္အဆင့္အျဖစ္ တီကိုနဲ႔ လီဗာပူးတို႔ရဲ႕ ပထမအေက်ာ့မွာ တီကိုက ၁-၀ ဆိုတဲ့ ရလဒ္နဲ႔ ဦးေဆာင္ထားျပီး ဒုတိယအေက်ာ့ကေတာ့ မတ္လအတြင္း အန္ဖီးမွာ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။

ဘယ္အသင္းက ေနာက္တစ္ဆင့္ကို တက္ေရာက္မလဲဆိုတာက မတ္လမွ အေျဖေပၚမွာ ျဖစ္ေပမယ့္လည္း တစ္ဂိုးအရံွဴးကို ေခ်ပျပီး ေနာက္တဆင့္ကို တက္ဖို႔အတြက္ လီဗာပူးဘက္က ျပင္းျပင္းျပျပ ဆႏၵရွိေနတာ ထင္ရွားပါတယ္။ မႏွစ္က ဘာစီလိုနာကို အိမ္ကြင္းေရာက္မွ အႏုိင္ယူခဲ့တဲ့ ခ်န္ပီယံလိဂ္ ရံွဴးထြက္ပြဲမ်ိဳးကို ဒီတစ္ၾကိမ္မွာလည္း လီဗာပူးဘက္က လုပ္ျပလိုေနတာပါ။

ပထမအေက်ာ့အျပီး ထြက္ေပၚလာတဲ့ ထူးျခားတစ္သင္းေတြထဲမွာေတာ့ လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္နဲ႔ အက္သလက္တီကို မန္ေနဂ်ာ ဆီျမြန္နီတို႔ဟာ ခ်န္ပီယံလိဂ္မွာ ထူးျခားစြာပဲ ခပ္ဆင္ဆင္တူညီတဲ့ မွတ္တမ္းတစ္ခုကို ပိုင္ဆိုင္ထားတာကို ေတြ႔ရပါတယ္။

အက္သလက္တီကိုမက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ႏွစ္ၾကိမ္ထိ တက္ေရာက္ထားႏုိင္တဲ့ ဆီျမြန္နီရဲ႕ အသင္းဟာ ခ်န္ပီယံလိဂ္ ရံွဴးထြက္အဆင့္ေတြမွာ ခၽြင္းခ်က္တစ္ခုကလြဲရင္း ဘယ္အသင္းကိုမွ မရံွဴးထားပါဘူး။ အဲ့တာကေတာ့ စီေရာ္နယ္ဒို ပါတဲ့ အသင္းကလြဲရင္ က်န္အသင္းေတြကို အႏုိင္ယူျပီး ဗိုလ္လုပြဲကို ေရာက္ေအာင္ သြားႏုိင္တဲ့ မွတ္တမ္းလို႔ သိရတယ္။

၂၀၁၄ ကေန စတင္လာတဲ့ ဒီႏွစ္ေတြအတြင္း ဆီျမြန္နီဟာ ေရာ္နယ္ဒိုပါတဲ့ အသင္းတိုင္းကို အျမဲတမ္း အေရးနိမ့္ျပီး သူမပါတဲ့ အသင္းတိုင္းကိုေတာ့ အျမဲတမ္း ရင္ဆိုင္ ေက်ာ္ျဖတ္ႏုိင္ခဲ့တယ္လို႔ သိရတာျဖစ္တယ္။

ဒါေပမယ့္လို႔ ယာဂင္ကေလာ့ပ္ရဲ႕ မွတ္တမ္းကလည္း ပါးစပ္ အေဟာင္းသား ျဖစ္သြားႏုိင္ပါတယ္။ ဂ်ာမန္သား မန္ေနဂ်ာၾကီးဟာ လီဗာပူးအသင္း မန္ေနဂ်ာဘဝမွာ ဥေရာပ ျပိဳင္ပြဲကို ဒီရာသီမွာ ေလးၾကိမ္ေျမာက္ ပါဝင္ယွဥ္ျပိဳင္ေနတာျဖစ္တယ္။ ျပီးခဲ့တဲ့ သံုးၾကိမ္မွာေတာ့ ယူရိုပါလိဂ္ ဗိုလ္လုပြဲ တစ္ၾကိမ္နဲ႔ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ႏွစ္ၾကိမ္ထိ တက္ေရာက္ထားႏုိင္တာျဖစ္တယ္။

ယာဂင္ကေလာ့ပ္ဟာ လီဗာပူးအသင္းနဲ႔အတူ ဥေရာပျပိဳင္ပြဲေတြမွာ ရံွဴးထြက္အဆင့္တိုင္းကို ေအာင္ႏုိင္ထားတဲ့ မွတ္တမ္းေကာင္းကို ပိုင္ဆိုင္ထားတာျဖစ္တယ္။ ဒီေတာ့ ယာဂင္ကေလာ့ပ္နဲ႔ ဆီျမြန္နီတို႔ရဲ႔ မွတ္တမ္းဟာ ဒီရာသီမွာေတာ့ အေျပာင္းအလဲ ျဖစ္လာေတာ့မွာျဖစ္ျပီး အန္ဖီးကေတာ့ ဆီျမြန္နီရဲ႕ စံခ်ိန္ကို ရိုက္ခ်ိဳးဖို႔ ေစာင့္ေနျပီျဖစ္ပါတယ္။