အက်သလက်တီကိုဥက္ကဌဖြစ်သူ အင်းနရစ် ဆီရီဇိုက အန်ဖီးကွင်းက ယူအီးအက်ဖ်အေရဲ့ စစ်ဆေးမှုကို ခံယူမယ်ဆိုရင် စစ်ဆေးမှု အောင်မြင်မှာမဟုတ်တဲ့ ကွင်းတစ်ကွင်းလို့ ဝေဖန်မှု ပြုလုပ်သွားပါတယ်။

ပထမအကျော့အပြီး အန်ဖီးကနေ ကြိုဆိုနေပါတယ်ဆိုတဲ့ ကလော့ပ်ရဲ့ ပြောဆိုမှုကို ဆီရီဇိုက အထက်ပါအတိုင်း တုန့်ပြန်လိုက်တာဖြစ်ပြီး လီဗာပူးရဲ့ကွင်းက ကွင်းဟောင်းတစ်ကွင်းအဖြစ်ပါ သူက အကဲဖြတ်လိုက်တာပါ။ လီဗာပူးဟာ လာမယ့် သုံးပတ်အကြာ မတ်လထဲမှာ ချန်ပီယံလိဂ် ၁၆ သင်း ရံှူးထွက် ဒုတိယအကျော့အဖြစ် တီကို ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပပါတယ်။

ဆီရီဇိုက “ အသင်းပရိသတ်တွေကို အသင်းအပေါ် အားပေးထောက်ပံံ့မှုတွေက အံ့မခန်းပါပဲ။ အရမ်းလည်း ကြီးကျယ်လွန်းပါတယ်။ အန်ဖီးကွင်းက ကွင်းကောင်းတစ်ကွင်းပါ ဒါပေမယ့် အိုမင်းနေပါပြီ။ အကယ်လို့ ယူအီးအက်ဖ်အေက အန်ဖီးကွင်းကို စစ်ဆေးမယ်ဆိုရင် စစ်ဆေးမှု အောင်မှာတောင် မဟုတ်ပါဘူး ” လို့ ဝေဖန်လိုက်တာဖြစ်တယ်။

အန်ဖီးကွင်းဟာ ယာဂင်ကလော့ပ် လက်ထက်မှာ စပိန်ကလပ်တွေ ကြောက်ရတဲ့ ကွင်းတစ်ကွင်းအဖြစ် ရပ်တည်နေတာပါ။ အထူးသဖြင့် ၂၀၁၆ ခုနှစ်က ဗီလာရီးရဲကို အန်ဖီးမှာ ၃-၀ နဲ့ အနိုင်ယူမှု၊ ၂၀၁၉ ခုနှစ် ဘာစီလိုနာကို အန်ဖီးမှာပဲ ၄-၀ နဲ့ အနိုင်ယူမှုတွေက ကျော်ကြားတဲ့ နိုင်ပွဲတွေဖြစ်ပါတယ်။

အန်ဖီးကွင်းမှာ ယာဂင်ကလော့ပ်က အသင်းပရိသတ်တွေနဲ့ အသင်းသားတွေကို လုံ့ဆော်မှု မလုပ်ခင်မှာပဲ ဆီရီဇိုက အန်ဖီးကွင်းကို ဝေဖန်စကား ဆိုလိုက်တာဖြစ်တယ်။ ဒါဟာ ဒုတိယအကျော့မှာ တီကိုအသင်းသားကို စိတ်ပိုင်းဖြတ်မှုအပြည့်နဲ့ ယှဉ်ပြိုင်မယ့် လီဗာပူးအသင်းသားတွေကို ပရိသတ်တွေ ရာနှုန်းပြည့် အားပေးမှုကြီးတွေလုပ်ဖို့ မီးစာတစ်စလည်း ဖြစ်သွားနိုင်ပါတယ်။

ဆီရီဇိုက ပြောမပြီးသေးပါဘူး သူကပဲ “ လီဗာပူးက ပွဲ ၃၀ လောက် အရံှူးမရှိတော့ လူတွေက သူတို့က ကမ္ဘာအကောင်းဆုံးအသင်းလို့ ပြောကြတယ်။ အဲ့အသင်းကို အနိုင်ယူတဲ့ ရလဒ်အတွက် ကျေနပ်ပါတယ်။ နောက်ထပ်တစ်ပွဲ ကစားရဦးမှာပါ။ ကျနေ်ာတို့ ကိုယ်ဘာသာ အကောင်းဆုံး ထပ်မံရှာဖွေရမှာဖြစ်ပြီး ဒါကပဲ သတင်းကောင်းပါပဲ ” လို့ ဆိုသွားခဲ့တာဖြစ်တယ်။

ZAWGYI

အက္သလက္တီကိုဥကၠဌျဖစ္သူ အင္းနရစ္ ဆီရီဇိုက အန္ဖီးကြင္းက ယူအီးအက္ဖ္ေအရဲ႕ စစ္ေဆးမႈကို ခံယူမယ္ဆိုရင္ စစ္ေဆးမႈ ေအာင္ျမင္မွာမဟုတ္တဲ့ ကြင္းတစ္ကြင္းလို႔ ေဝဖန္မႈ ျပဳလုပ္သြားပါတယ္။

ပထမအေက်ာ့အျပီး အန္ဖီးကေန ၾကိဳဆိုေနပါတယ္ဆိုတဲ့ ကေလာ့ပ္ရဲ႕ ေျပာဆိုမႈကို ဆီရီဇိုက အထက္ပါအတိုင္း တုန္႔ျပန္လိုက္တာျဖစ္ျပီး လီဗာပူးရဲ႕ကြင္းက ကြင္းေဟာင္းတစ္ကြင္းအျဖစ္ပါ သူက အကဲျဖတ္လိုက္တာပါ။ လီဗာပူးဟာ လာမယ့္ သံုးပတ္အၾကာ မတ္လထဲမွာ ခ်န္ပီယံလိဂ္ ၁၆ သင္း ရံွဴးထြက္ ဒုတိယအေက်ာ့အျဖစ္ တီကို ကို အိမ္ကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပပါတယ္။

ဆီရီဇိုက “ အသင္းပရိသတ္ေတြကို အသင္းအေပၚ အားေပးေထာက္ပံံ့မႈေတြက အံ့မခန္းပါပဲ။ အရမ္းလည္း ၾကီးက်ယ္လြန္းပါတယ္။ အန္ဖီးကြင္းက ကြင္းေကာင္းတစ္ကြင္းပါ ဒါေပမယ့္ အိုမင္းေနပါျပီ။ အကယ္လို႔ ယူအီးအက္ဖ္ေအက အန္ဖီးကြင္းကို စစ္ေဆးမယ္ဆိုရင္ စစ္ေဆးမႈ ေအာင္မွာေတာင္ မဟုတ္ပါဘူး ” လို႔ ေဝဖန္လိုက္တာျဖစ္တယ္။

အန္ဖီးကြင္းဟာ ယာဂင္ကေလာ့ပ္ လက္ထက္မွာ စပိန္ကလပ္ေတြ ေၾကာက္ရတဲ့ ကြင္းတစ္ကြင္းအျဖစ္ ရပ္တည္ေနတာပါ။ အထူးသျဖင့္ ၂၀၁၆ ခုႏွစ္က ဗီလာရီးရဲကို အန္ဖီးမွာ ၃-၀ နဲ႔ အႏုိင္ယူမႈ၊ ၂၀၁၉ ခုႏွစ္ ဘာစီလိုနာကို အန္ဖီးမွာပဲ ၄-၀ နဲ႔ အႏုိင္ယူမႈေတြက ေက်ာ္ၾကားတဲ့ ႏုိင္ပြဲေတြျဖစ္ပါတယ္။

အန္ဖီးကြင္းမွာ ယာဂင္ကေလာ့ပ္က အသင္းပရိသတ္ေတြနဲ႔ အသင္းသားေတြကို လံု႔ေဆာ္မႈ မလုပ္ခင္မွာပဲ ဆီရီဇိုက အန္ဖီးကြင္းကို ေဝဖန္စကား ဆိုလိုက္တာျဖစ္တယ္။ ဒါဟာ ဒုတိယအေက်ာ့မွာ တီကိုအသင္းသားကို စိတ္ပိုင္းျဖတ္မႈအျပည့္နဲ႔ ယွဥ္ျပိဳင္မယ့္ လီဗာပူးအသင္းသားေတြကို ပရိသတ္ေတြ ရာႏႈန္းျပည့္ အားေပးမႈၾကီးေတြလုပ္ဖို႔ မီးစာတစ္စလည္း ျဖစ္သြားႏုိင္ပါတယ္။

ဆီရီဇိုက ေျပာမျပီးေသးပါဘူး သူကပဲ “ လီဗာပူးက ပြဲ ၃၀ ေလာက္ အရံွဴးမရွိေတာ့ လူေတြက သူတို႔က ကမၻာအေကာင္းဆံုးအသင္းလို႔ ေျပာၾကတယ္။ အဲ့အသင္းကို အႏုိင္ယူတဲ့ ရလဒ္အတြက္ ေက်နပ္ပါတယ္။ ေနာက္ထပ္တစ္ပြဲ ကစားရဦးမွာပါ။ က်ေန္ာတို႔ ကိုယ္ဘာသာ အေကာင္းဆံုး ထပ္မံရွာေဖြရမွာျဖစ္ျပီး ဒါကပဲ သတင္းေကာင္းပါပဲ ” လို႔ ဆိုသြားခဲ့တာျဖစ္တယ္။