လိုက်ဇစ်အသင်း တိုက်စစ်မှူး တီမိုဝါနာက လီဗာပူးလို ကမ္ဘာအကောင်းဆုံး ကလပ်အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတာအတွက် ဂုဏ်ယူပါကြောင်း ထုတ်ဖော်ပြောဆိုမှု လုပ်လာခဲ့ပါတယ်။

ဂျာမနီလက်ရွေးစင်က သူက အန်ဖီးနဲ့ သတင်းတွေထွက်တာကို ဂုဏ်ယူပေမယ့် လီဗာပူးမှာ ကစားရဖို့ ကိုယ်ဘာသာ လုံလောက်အောင် ကောင်းပါမလားဆိုတဲ့ သံသယရှိမိကြောင်းလည်း ဝန်ခံခဲ့တယ်။ ဝါနာကို ချယ်ဆီး၊ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း ခေါ်ယူလိုနေတာ ဖြစ်ပေမယ့် အပြောင်းရွှေ့ သတင်းတွေနဲ့ ကစားသမားရဲ့ စိတ်ဆန္ဒက တဖြေးဖြေး လီဗာပူးနဲ့ပဲ ပိုမို ဦးတည်လာခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရံှူးထွက်ပြိုင်ပွဲ ပထမအကျော့အဖြစ် လန်ဒန်မြေမှာ စပါးနဲ့ လာရောက် ယှဉ်ပြိုင်စဉ် လိုက်ဇစ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဝါနာကပဲ ပင်နယ်တီကနေ သွင်းယူပေးခဲ့တာပါ။ ဒုတိယအကျော့ကို အိမ်ကွင်းမှာ ပြန်လည် ယှဉ်ပြိုင်ရမှာ ဖြစ်လို့ လိုက်ဇစ်ဟာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပြီဖြစ်ပါတယ်။

ပွဲအပြီးမှာ သတင်းသမားတွေက ဝါနာကို လီဗာပူးနဲ့ အပြောင်းအရွှေ့အကြောင်း မေးမြန်းရာမှာ ဝါနာက ” ဒီအခြေအနေမှာ လီဗာပူးက ကမ္ဘာအကောင်းဆုံး အသင်းဖြစ်တယ်ဆိုတာ ကျနော် သိပါတယ်။ အဲ့လိုအသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေတဲ့အခါ ဂုဏ်ယူစရာ ဖြစ်ပါတယ်။ အဲ့တာက ကျေနပ်စရာပါ။

ဒါပေမယ့်လို့ လီဗာပူးမှာက ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်။ ကိုယ်ဘာသာ တိုးတက်လာအောင် လုပ်ပြီး လီဗာပူးလို အသင်းအတွက် ကစားနိုင်တဲ့ အဆင့်တစ်ခုထိရောက်အောင် မြင့်တင်ရမှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဝါနာရဲ့ အပြောင်းအရွှေ့ဟာ ပေါင် ၅၀ သန်း ကုန်ကျနိုင်တယ်လို့ သိထားရပြီး လီဗာပူးဘက်က လှုပ်ရှားမှုတွေ ရှိပေမယ့် မာဆေးဆိုဒ်ကလပ်ဟာ ဆန်ချိုနဲ့လည်း သတင်းတွေ မပြတ် ထွက်နေသေးတာကြောင့် လာမယ့် လတွေမှပဲ ကလပ်ရဲ့ ဦးတည်ချက်ကို ရှင်းလင်းစွာ သိရမှာ ဖြစ်ပါတယ်။

ZAWGYI

လိုက္ဇစ္အသင္း တိုက္စစ္မွဴး တီမိုဝါနာက လီဗာပူးလို ကမၻာအေကာင္းဆံုး ကလပ္အသင္းနဲ႔ အေျပာင္းအေရႊ႔ သတင္းေတြ ထြက္ေပၚေနတာအတြက္ ဂုဏ္ယူပါေၾကာင္း ထုတ္ေဖာ္ေျပာဆိုမႈ လုပ္လာခဲ့ပါတယ္။

ဂ်ာမနီလက္ေရြးစင္က သူက အန္ဖီးနဲ႔ သတင္းေတြထြက္တာကို ဂုဏ္ယူေပမယ့္ လီဗာပူးမွာ ကစားရဖို႔ ကိုယ္ဘာသာ လံုေလာက္ေအာင္ ေကာင္းပါမလားဆိုတဲ့ သံသယရွိမိေၾကာင္းလည္း ဝန္ခံခဲ့တယ္။ ဝါနာကို ခ်ယ္ဆီး၊ ယူႏုိက္တက္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ကလည္း ေခၚယူလိုေနတာ ျဖစ္ေပမယ့္ အေျပာင္းေရႊ႔ သတင္းေတြနဲ႔ ကစားသမားရဲ႕ စိတ္ဆႏၵက တေျဖးေျဖး လီဗာပူးနဲ႔ပဲ ပိုမို ဦးတည္လာခဲ့တာ ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရံွဴးထြက္ျပိဳင္ပြဲ ပထမအေက်ာ့အျဖစ္ လန္ဒန္ေျမမွာ စပါးနဲ႔ လာေရာက္ ယွဥ္ျပိဳင္စဥ္ လိုက္ဇစ္အတြက္ တစ္လံုးတည္းေသာ အႏုိင္ဂိုးကို ဝါနာကပဲ ပင္နယ္တီကေန သြင္းယူေပးခဲ့တာပါ။ ဒုတိယအေက်ာ့ကို အိမ္ကြင္းမွာ ျပန္လည္ ယွဥ္ျပိဳင္ရမွာ ျဖစ္လို႔ လိုက္ဇစ္ဟာ ကြာတားဖိုင္နယ္ကို တက္ေရာက္ႏုိင္ဖို႔ အေျခအေန ေကာင္းသြားခဲ့ျပီျဖစ္ပါတယ္။

ပြဲအျပီးမွာ သတင္းသမားေတြက ဝါနာကို လီဗာပူးနဲ႔ အေျပာင္းအေရႊ႔အေၾကာင္း ေမးျမန္းရာမွာ ဝါနာက ” ဒီအေျခအေနမွာ လီဗာပူးက ကမၻာအေကာင္းဆံုး အသင္းျဖစ္တယ္ဆိုတာ က်ေနာ္ သိပါတယ္။ အဲ့လိုအသင္းနဲ႔ အေျပာင္းအေရႊ႔ သတင္းေတြ ထြက္ေနတဲ့အခါ ဂုဏ္ယူစရာ ျဖစ္ပါတယ္။ အဲ့တာက ေက်နပ္စရာပါ။

ဒါေပမယ့္လို႔ လီဗာပူးမွာက ကစားသမားေကာင္းေတြ အမ်ားၾကီး ရွိပါတယ္။ ကိုယ္ဘာသာ တိုးတက္လာေအာင္ လုပ္ျပီး လီဗာပူးလို အသင္းအတြက္ ကစားႏုိင္တဲ့ အဆင့္တစ္ခုထိေရာက္ေအာင္ ျမင့္တင္ရမွာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဝါနာရဲ႕ အေျပာင္းအေရႊ႔ဟာ ေပါင္ ၅၀ သန္း ကုန္က်ႏုိင္တယ္လို႔ သိထားရျပီး လီဗာပူးဘက္က လႈပ္ရွားမႈေတြ ရွိေပမယ့္ မာေဆးဆိုဒ္ကလပ္ဟာ ဆန္ခ်ိဳနဲ႔လည္း သတင္းေတြ မျပတ္ ထြက္ေနေသးတာေၾကာင့္ လာမယ့္ လေတြမွပဲ ကလပ္ရဲ႕ ဦးတည္ခ်က္ကို ရွင္းလင္းစြာ သိရမွာ ျဖစ္ပါတယ္။