ဒီတပတ် တွေ့ဆုံရမယ် လက်စတာအသင်းမှ တိုက်စစ်မှူး ဗာဒီနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက

” သူ့ကစားသမားဘဝကပဲ သူဘယ်လို တိုက်စစ်သမားဆိုတာ ပြောနေပါတယ်။ သူက ပရီးမီးယားလိဂ်မှာ အံ့မခန်းတဲ့ ပုံစံတွေကို စွမ်းဆောင်ပြခဲ့ပြီးပါပြီ။ သူက လှုပ်ရှားမှု၊ အဆုံးသတ်မှု၊ တိုက်ခိုက်မှုကောင်းတွေနဲ့အတူ မယုံနိုင်လောက်တဲ့ တိုက်စစ်သမား ဖြစ်ပါတယ်။” လို့ ချီးကျူးလိုက်ပါတယ်။

ဒီဘရိုင်းက ရာသီမကုန်ခင် ပြန်ကစားနိုင်မလား မသိသေးပေမယ့် တနင်္လာနေ့ပွဲမှာ မပါဝင်နိုင်တာ သေချာကြောင်းနဲ့ ဖာနန်ဒင်ဟိုကလည်း အားကစားခန်းမှာ လေ့ကျင့်ဆဲ ဖြစ်ကာ အခြေအနေကို မသိရသေးဘူးလို့ ဂွာဒီယိုလာက လက်စတာနဲ့ ပွဲမတိုင်ခင် ပြောဆိုခဲ့ပါတယ်။

မန်စီးတီးမန်နေဂျာ ပက် ဂွာဒီယိုလာက ၄င်း နည်းပြ သက်တမ်းတလျောက် အခက်ခဲဆုံး လိဂ်ပြိုင်ဘက်က ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်း ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

လာမယ့် အပြောင်းအရွှေ့မှာ မန်စီးတီး စီနီယာအသင်းအတွက် ကစားသမားသစ် ၃ ဦးထိ ခေါ်ယူပေးဖို့ ဂွာဒီယိုလာက အလိုရှိနေပါတယ်။

ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို လီဗာပူးတို့ အရေးနိမ့်တာက ပြိုင်ဘက်အသင်းအတွက် သက်ရောက်မှု ရှိမှာမဟုတ်ပဲ ပရီးမီးယားလိဂ် ပြိုငဆိုင်မှုက ဆက်လက် ရှိနေပါလိမ့်မယ်လို့ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ပြောဆိုလာပါတယ်။

မန်စီးတီးဟာ စပို့တင်းလစ္စဘွန်း ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ဖို့ အခွင့်သာနေပါတယ်။ အသက် ၂၄ နှစ်အရွယ် ကစားသမားရဲ့ အေးဂျင့် ဖြစ်သူနဲ့ မန်စီးတီးတာဝန်ရှိသူများ ဆွေးနွေးရာ ကောင်းမွန် တိုးတက်မှုတွေ ရှိနေတာပါ။