ယူနိုက်တက်နည်းပြ ဆိုးရှားက ကွင်းလယ်ကစားသမား မာတာကို စာချုပ်သစ် ကမ်းလှမ်းထားပြီး အသင်းက သူ့ကို အလိုရှိဆဲ ဆိုတဲ့ သဘောထား ပြသထားခဲ့ပြီး စပိန်သား အနေနဲ့ အသင်းမှာ ဆက်နေမယ်လို့ ဆိုးရှားက မျှော်လင့်နေပါတယ်။

ယူနိုက်တက်ရဲ့ ဒုတိယမြောက် ဖလားလက်မဲ့ရာသီ အတွက် ကစားသမားတွေကိုသာ အပြစ်တင်ရမယ်လို့ ဟာရဲရားက ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဆုဖလားအောင်မြင်မှု မရတဲ့အပြင် နောက်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အဆင့် ၄ အတွင်း ၀င်ဖို့ ခက်ခဲတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီတလော အမှားများ ဆက်တိုက်ကျူးလွန်နေတဲ့ ဒီဂီယာကိုပဲ ဟက်ဒါဖီးနဲ့ပွဲမှာ ဆက်လက်အသုံးပြုမယ်လို့ ဆိုးရှားက ဆုံးဖြတ်ထားပါတယ်။ အသင်း အရန် ဂိုးသမား ရိုမီယိုကလည်း ဒူးဒဏ်ရာ ရှိနေပါတယ်။

ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ပဲလေ့စ် ခံစစ်မှူး ၀မ် ဘစ်ဆာကာက နောက်ဘောလုံးရာသီမှာလည်း လက်ရှိ ကလပ်အသင်းမှာပဲ ဆက်ရှိ သွားမယ်လို့ အတည်ပြု ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဘင်ဖီကာ ခံစစ်မှူး ရူဘန်ဒိုင်ယာ့ဇ်နဲ့ ပြောဆိုဆွေးနွေးမှုများ စတင်ထားပါတယ်။ အသက် ၂၁ နှစ်အရွယ် ခံစစ်မှူးအတွက် စာချုပ်ပါ ဖျက်သိမ်းကြေး ယူရို သန်း ၆၀ နဲ့ ကြိုးစားဖို့ ယူနိုက်တက် အကြောင်းပြန် ခံထားရတယ်လို့လည်း သတင်းများမှာ ဖော်ပြထားပါတယ်။

ပြင်သစ်ဘက်က သတင်းများအရ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်နဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ဟာ လိုင်ယွန် တိုက်စစ်မှူး မိုဆာ ဒမ်ဘီလီကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေကြပါတယ်။

ဆိုးရှား က ဟက်ဒါဖီးနဲ့ ပွဲမတိုင်ခင် “ ဘိုင်လီရဲ့ ဒဏ်ရာက ပြင်းထန်တဲ့ ဒဏ်ရာဖြစ်ပါတယ်။ အဲ့သည် ဒဏ်ရာက 9 လကနေ 10 လလောက်ထိ အနားယူရနိုင်တာကြောင့် စိုးရိမ်းရတဲ့ ဒဏ်ရာဖြစ်ပါတယ်။ ဒါပေမယ့် ရာသီကြိုမှာ သူပြန်လာမ်ာလို့ ကျနော်တို့ ယူဆထားတယ်။ ဒါကတော့ အကောင်းမြင်နိုင်တာပေါ့ ” လို့ ဆိုခဲ့တယ်။