အာဆင်နယ်တိုက်စစ်သမား အူဘာမီယန်းကတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အာဆင်နယ်-ချယ်ဆီး အင်္ဂလိပ်ကလပ်တွေရဲ့ ဖိုင်နယ် မဖြစ် စေလိုကြောင်း ပြောဆိုလိုက်ပါတယ်။ ၄င်းက ချယ်ဆီးထက် ဖရန့်ဖတ်နဲ့ ဆုံဖို့ လိုလားနေတာပါ။

ဘာစီလိုနာအသင်းက အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီကို ခေါ်ယူဖို့ လာမယ့်နွေမှာ လှုပ်ရှားရန် ကြံရွယ်နေပါတယ်။ လာကာဇက်တီက ဒီရာသီ အသင်းအတွက် ခြေစွမ်းပြနေပြီး အာဆင်နယ် အကောင်းဆုံး ကစားသမား ဆုပါ ရရှိထားပါတယ်။

ဇာခါက အူနိုင်းအမ်မရီရဲ့ အတိတ်က ယူရိုပါလိဂ် အောင်မြင်မှုတွေဟာ ဗလင်စီယာနဲ့ ဒုတိယအကျော့ ပွဲစဉ်အတွက် သက်ရောက်မှု အနည်းငယ်သာ ရှိမယ်လို့ ယုံကြည်နေပါတယ်။ အမ်မရီက ဆီဗီလာနဲ့ အတူ ယူရိုပါလိဂ် သုံးရာသီဆက် ယူပေးခဲ့သူ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ အသက် ၂၆ နှစ်အရွယ် အာဂျင်တီးနားခံစစ်မှူး တဂ်လီယာဖစ်ကိုက နောက်ဘောလုံးရာသီမှာလည်း အေဂျက်မှာပဲ ဆက်ရှိသွားမယ်လို့ ကြေငြာလိုက်ပါတယ်။

ဂီတာဖေး ခံစစ်မှူး ဒီဂျင်က အာဆင်နယ်အသင်းရဲ့ နွေရာသီ ပစ်မှတ်ကစားသမား ဖြစ်နေတယ်လို့ Maca သတင်းမှာ ဖော်ပြထားပါတယ်။ စွယ်စုံရတဲ့ အသက် ၂၇ နှစ်အရွယ် ခံစစ်မှူးအတွက် လက်ရှိ စာချုပ်မှာ ယူရို ၃၅ သန်းရရင် ထွက်ခွာနိုင်တယ်လို့ ပါရှိထားပြီး အာဆင်နယ် အနေနဲ့ တတ်နိုင်တဲ့ ပမာဏလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဒီရာသီ အကောင်းဆုံးကစားသမား ဆုကို တိုက်စစ်မှူး လာကာဇက်တီက ပရိသတ်တွေ မဲပေးမှု ၃၅% နဲ့ ရရှိသွားပါတယ်။

အာဆင်နယ်သာ ယူရိုပါလိဂ် ဗိုလ်လုပွဲ ရောက်ခဲ့ရင် Baku သို့ လိုက်ပါဖို့ မီခီတာရန်ရဲ့ ဗီဇာအတွက် ယူအီးအက်ဖ်အေက ကူညီမှုပေးဖို့ ပြင်ဆင်နေပါတယ်။

အဆင့် ၄ အတွင်း ၀င်ဖို့က အာဆင်နယ်ရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်ပြီး ယူရိုပါလိဂ် က ဦးစားပေး မဟုတ်ဘူးလို့ အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီက ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ ယူရိုပါလိဂ် ဆီးမီး ပကေျာ့မှာ ဗလင်စီယာကို ၃-၁ နဲ့ နိုင်ထားပြီး နောက်တစ်ဆင့် တက်ရန် အခြေအနေ ကောင်းနေပါတယ်။

ပြင်သစ်ဘက်က သတင်းများအရ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်နဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ဟာ လိုင်ယွန် တိုက်စစ်မှူး မိုဆာ ဒမ်ဘီလီကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေကြပါတယ်။

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်ကတော့ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် တစ်ရာသီပြည့် ကစားခွင့်ရတဲ့ ဘောလုံးရာသီမှာ သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုကို အနိုင်ရမယ်ဆိုရင် သူ့အတွက် အများကြီး အဓိပ္ပာယ် ရှိပါလိမ့်မယ်လို့ ထုတ်ပြောလာပါတယ်။