အောင်မြင်တဲ့ အလားအလာရှိတဲ့ ကလပ်အသင်း ဖြစ်လာရင် ကစားသမားတွေကို အပြောင်းအရွှေ့ အတွက် စကားပြောဖို့ ပိုမို လွယ်ကူလာပြီး တဖက်မှာလည်း ကစားသမားသစ်တွေကို ဘယ်နေရာမှာနဲ့ ဘယ်အချိန်မှာ ကစားခွင့်ပေးရမလဲ ဆိုတဲ့ အခက်အခဲတွေ ရင်ဆိုင်လာရတယ်လို့ ကလော့ပ်က ဆိုပါတယ်။

လီဗာပူးအသင်း အနေနဲ့ကတော့ ပွဲထွက်ခွင့် တစ်နေရာ အတွက် ပြိုင်ဆိုင်လိုစိတ် ရှိတဲ့သူတွေ အသင်းနဲ့ အတူ နောက်တစ်ဆင့် တက်လှမ်း လိုတဲ့သူတွေကိုသာ ခေါ်ယူလိုကြောင်း ဂျာမန်သားကြီးက ပြောကြားခဲ့ပါတယ်။

လီဗာပူးကစားသမားဟောင်းကြီး ဟားမန်းကတော့ မနှစ်က ဘာစီလိုနာကို အိမ်ကွင်းမှာ ၄-၀ နဲ့ အနိုင်ရမှုအပေါ် သာယာမနေပဲ တီကို ကို အန်ဖီးကွင်းမှာ သတိထား ယှဉ်ပြိုင်ဖို့ အသင်းဟောင်းကို သတိပေးလိုက်ပါတယ်။

တောင်အမေရိကတိုက်သား ကစားသမားတွေက ၎င်းတို့နဲ့ ယဉ်ကျေးမှုတူညီတဲ့ စပိန်အပေါ် တန်ဖိုးဖြတ်မှု ကြီးမားဆဲဖြစ်ကာ အဲ့သည် ကစားသမားတွေကို ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာလက်က အရယူဖို့က ခက်ခဲဆဲပဲလို့ ကလော့ပ်က ထုတ်ပြောလိုက်ပါတယ်။

တိုက်စစ်မှူး မာနေးဟာ စိတ်သဘောကောင်းသူ၊ ကူညီတတ်သူ၊ အလှူအတန်း ရက်ရောသူ အဖြစ် နာမည်ကျော်သူ ဖြစ်ကာ သတင်းများမှာ သူ့အကြောင်း ချီးကျူးဖော်ပြတာတွေက အမှန်ပဲ ဖြစ်ကြောင်း မိန့်ဇ်မှာ အငှား သွားရောက် ကစားနေတဲ့ လီဗာပူး လူငယ် တိုက်စစ်မှူး Awoniyi က ထောက်ခံ ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းမှာ အမှတ်ပေးဖလား ဗိုလ်စွဲဖို့ အကြောင်း ပြောဆိုတဲ့သူ ရှိရင် အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က ချက်ချင်းပဲ ဆက် မပြောဖို့ တားဆီးကြောင်း ချိန်ဘာလိန်က ဖွင့်ဟခဲ့ပါတယ်။ ဟန်ဒါဆန်က အခြား ဘေးစကား ထင်မြင်မှုတွေနဲ့ အသင်း သွားနေတဲ့ လမ်းကြောင်း ကို မယိမ်းယိုင် လိုတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

လာမယ့်နွေမှာ ဖွင့်လှစ်တော့မယ့် လီဗာပူးအသင်းရဲ့ ခရာဘီ ထရိန်နင်ကွင်းသစ်ဟာ ပြီးစီးလုနီးပါး ရှိပြီလို့ သိရပြီး လီဗာပူး စီနီယာ အမျိုးသားအသင်းနဲ့ အကယ်ဒမီ အသင်းသားတွေဟာ အတူ လေ့ကျင့်နိုင်တော့မှာ ဖြစ်ပါတယ်။

လီဗာပူအသင်းဟာ သတင်းများ ထွက်နေတဲ့အတိုင်း လာမယ့်နွေမှာ ဘရိုက်တန် ခံစစ်မှူး ဘန်ဝှိုက်ကိုသာ အရ ခေါ်ယူလိုက်ပါက ခရိုအေးရှားသား ခံစစ်မှူး ဒီဂျန် လိုဗရန်ကို အသင်းကနေ ထွက်ခွာခွင့် ပြုရဖွယ် ရှိနေပါတယ်။

Zawgyi – ေအာင္ျမင္တဲ့ အလားအလာရွိတဲ့ ကလပ္အသင္း ျဖစ္လာရင္ ကစားသမားေတြကို အေျပာင္းအေရႊ႕ အတြက္ စကားေျပာဖုိ႔ ပိုမို လြယ္ကူလာျပီး တဖက္မွာလည္း ကစားသမားသစ္ေတြကို ဘယ္ေနရာမွာနဲ႕ ဘယ္အခ်ိန္မွာ ကစားခြင့္ေပးရမလဲ ဆိုတဲ့ အခက္အခဲေတြ ရင္ဆိုင္လာရတယ္လို႔ ကေလာ့ပ္က ဆိုပါတယ္။

လီဗာပူးအသင္း အေနနဲ႕ကေတာ့ ပြဲထြက္ခြင့္ တစ္ေနရာ အတြက္ ျပိဳင္ဆိုင္လိုစိတ္ ရွိတဲ့သူေတြ အသင္းနဲ႕ အတူ ေနာက္တစ္ဆင့္ တက္လွမ္း လိုတဲ့သူေတြကိုသာ ေခၚယူလိုေၾကာင္း ဂ်ာမန္သားၾကီးက ေျပာၾကားခဲ့ပါတယ္။

ေတာင္အေမရိကတိုက္သား ကစားသမားေတြက ၄င္းတို႔နဲ႔ ယဥ္ေက်းမႈတူညီတဲ့ စပိန္အေပၚ တန္ဖိုးျဖတ္မႈ ၾကီးမားဆဲျဖစ္ကာ အဲ့သည္ ကစားသမားေတြကို ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာလက္က အရယူဖို႔က ခက္ခဲဆဲပဲလို႔ ကေလာ့ပ္က ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးကစားသမားေဟာင္းၾကီး ဟားမန္းကေတာ့ မႏွစ္က ဘာစီလိုနာကို အိမ္ကြင္းမွာ ၄-၀ နဲ႔ အႏုိင္ရမႈအေပၚ သာယာမေနပဲ တီကို ကို အန္ဖီးကြင္းမွာ သတိထား ယွဥ္ျပိဳင္ဖို႔ အသင္းေဟာင္းကို သတိေပးလိုက္ပါတယ္။

တိုက္စစ္မွဴး မာေနးဟာ စိတ္သေဘာေကာင္းသူ၊ ကူညီတတ္သူ၊ အလွဴအတန္း ရက္ေရာသူ အျဖစ္ နာမည္ေက်ာ္သူ ျဖစ္ကာ သတင္းမ်ားမွာ သူ႔အေၾကာင္း ခ်ီးက်ဴးေဖာ္ျပတာေတြက အမွန္ပဲ ျဖစ္ေၾကာင္း မိန္႔ဇ္မွာ အငွား သြားေရာက္ ကစားေနတဲ့ လီဗာပူး လူငယ္ တိုက္စစ္မွဴး Awoniyi က ေထာက္ခံ ေျပာဆိုခဲ့ပါတယ္။

လီဗာပူးအသင္းမွာ အမွတ္ေပးဖလား ဗိုလ္စြဲဖို႔ အေၾကာင္း ေျပာဆိုတဲ့သူ ရွိရင္ အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္က ခ်က္ခ်င္းပဲ ဆက္ မေျပာဖို႔ တားဆီးေၾကာင္း ခ်ိန္ဘာလိန္က ဖြင့္ဟခဲ့ပါတယ္။ ဟန္ဒါဆန္က အျခား ေဘးစကား ထင္ျမင္မႈေတြနဲ႕ အသင္း သြားေနတဲ့ လမ္းေၾကာင္း ကို မယိမ္းယိုင္ လိုတာေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။

လာမယ့္ေႏြမွာ ဖြင့္လွစ္ေတာ့မယ့္ လီဗာပူးအသင္းရဲ႕ ခရာဘီ ထရိန္နင္ကြင္းသစ္ဟာ ျပီးစီးလုနီးပါး ရွိျပီလို႔ သိရျပီး လီဗာပူး စီနီယာ အမ်ိဳးသား အသင္းနဲ႕ အကယ္ဒမီ အသင္းသားေတြဟာ အတူ ေလ့က်င့္နုိင္ေတာ့မွာ ျဖစ္ပါတယ္။

လီဗာပူအသင္းဟာ သတင္းမ်ား ထြက္ေနတဲ့အတိုင္း လာမယ့္ေႏြမွာ ဘရိုက္တန္ ခံစစ္မွဴး ဘန္၀ိႈက္ကိုသာ အရ ေခၚယူလိုက္ပါက ခရိုေအးရွားသား ခံစစ္မွဴး ဒီဂ်န္ လိုဗရန္ကို အသင္းကေန ထြက္ခြာခြင့္ ျပဳရဖြယ္ ရွိေနပါတယ္။