လီဗာပူး တည်ဆောက်ထားတဲ့ ဘောလုံး ရာသီကောင်းဟာ ဒီတလော ရှုံးပွဲတွေကြောင့် အသင်းဟာ ပရီးမီးယားလိဂ်ဖလားမျှသာ ရယူနိုင်မယ်လို့ အဆိုးမြင် မှတ်ချက်မပြုသင့်ကြကြောင်း ခံစစ်မှူး ဗန်ဒိုက်က ပြောဆိုလိုက်ပါတယ်။

လိုက်ပ်ဇစ် အားကစားဒါရိုက်တာ ဖြစ်သူကတော့ အသင်း တိုက်စစ်မှူး တီမိုဝါနာက လာမယ့်နွေမှာ အသင်းပြောင်းမယ့် သတင်းများ အပေါ် လျှော့ချ ပြောဆိုလိုက်ပြီး တီမိုဝါနာက အသင်းနဲ့ ကာလရှည် စာချုပ်ရှိသူပါလို့ အသိပေးလိုက်ပါတယ်။ တီမိုဝါနာက လီဗာပူးအသင်းနဲ့ သတင်းကြီးနေသူပါ။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ ဂျိမ်းစ် မေနာတို့ ဒီတလောပွဲစဉ်တွေမှာ မပါဝင်နိုင်ခြင်းက လီဗာပူးအသင်းမှာ လစ်ဟာမှု ကြီးခဲ့ပြီး ရှုံးပွဲတွေနဲ့ အထိနာစေခဲ့ရာမှာ အဓိက အကြောင်းတစ်ချက် အနေနဲ့ ပါဝင်ကြောင်း လီဗာပူး အခြေစိုက် သတင်းဌာနက သုံးသပ်လိုက်ပါတယ်။

ဗလင်စီယာအသင်းမှ ပေါင် ၈၆ သန်းတန် တောင်ပံတိုက်စစ်သမား ဖာရန် တောရက်စ်ကို လီဗာပူးအသင်းက အလိုရှိနေပြီး စပိန်သားကို ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ နှစ်သင်းလုံးကလည်း ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

လီဗာပူးနဲ့ လက်စတာအသင်းတို့ဟာ အများ မျှော်လင့်ထားတာတွေထက် သာလွန်အောင် လုပ်ပြထားနိုင်ခဲ့ပြီးနောက် မျှော်လင့်ချက်အသစ်တွေ ထားခံခဲ့ရပြီး မဖြည့်ဆည်းနိုင်တဲ့အခါ ကိုယ့်အောင်မြင်မှုနဲ့ ကိုယ် ပြန် ကျရှုံးရတာ ဖြစ်ကြောင်း အင်္ဂလန်ဘောလုံးသတင်းထောက် တစ်ဦးက သုံးသပ်ပြခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲရဖို့ အတွက်ဆို ပြည်တွင်းဖလားတွေ ဖြစ်တဲ့ ကာရာဘောင်းနဲ့ အက်ဖ်အေဖလားတွေ အပြင် ချန်ပီယံလိဂ်ကိုပါ လိုအပ်ရင် ပျော်ပျော်ကြီး စွန့်လွှတ်မှာ ဖြစ်ကြောင်း ကစားသမားဟောင်းကြီး ဒန်နီ မာဖီက ပြောကြားခဲ့ပါတယ်။

Zawgyi – လီဗာပူး တည္ေဆာက္ထားတဲ့ ေဘာလံုး ရာသီေကာင္းဟာ ဒီတေလာ ရွံဳးပြဲေတြေၾကာင့္ အသင္းဟာ ပရီးမီးယားလိဂ္ဖလားမွ်သာ ရယူနုိင္မယ္လို႔ အဆိုးျမင္ မွတ္ခ်က္မျပဳသင့္ၾကေၾကာင္း ခံစစ္မွဴး ဗန္ဒိုက္က ေျပာဆိုလိုက္ပါတယ္။

လုိက္ပ္ဇစ္ အားကစားဒါရိုက္တာ ျဖစ္သူကေတာ့ အသင္း တိုက္စစ္မွဴး တီမို၀ါနာက လာမယ့္ေႏြမွာ အသင္းေျပာင္းမယ့္ သတင္းမ်ား အေပၚ ေလွ်ာ့ခ် ေျပာဆိုလိုက္ျပီး တီမို၀ါနာက အသင္းနဲ႕ ကာလရွည္ စာခ်ဳပ္ရွိသူပါလို႔ အသိေပးလိုက္ပါတယ္။ တီမို၀ါနာက လီဗာပူးအသင္းနဲ႕ သတင္းၾကီးေနသူပါ။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္နဲ႕ ဂ်ိမ္းစ္ ေမနာတို႔ ဒီတေလာပြဲစဥ္ေတြမွာ မပါ၀င္နုိင္ျခင္းက လီဗာပူးအသင္းမွာ လစ္ဟာမႈ ၾကီးခဲ့ျပီး ရွံဳးပြဲေတြနဲ႕ အထိနာေစခဲ့ရာမွာ အဓိက အေၾကာင္းတစ္ခ်က္ အေနနဲ႕ ပါ၀င္ေၾကာင္း လီဗာပူး အေျခစိုက္ သတင္းဌာနက သံုးသပ္လုိက္ပါတယ္။

ဗလင္စီယာအသင္းမွ ေပါင္ ၈၆ သန္းတန္ ေတာင္ပံတိုက္စစ္သမား ဖာရန္ ေတာရက္စ္ကို လီဗာပူးအသင္းက အလိုရွိေနျပီး စပိန္သားကို ရီးရဲလ္မက္ဒရစ္နဲ႕ ဘာစီလိုနာ နွစ္သင္းလံုးကလည္း ေခၚယူလိုေနတယ္လို႔ သိရပါတယ္။

လီဗာပူးနဲ႕ လက္စတာအသင္းတို႔ဟာ အမ်ား ေမွ်ာ္လင့္ထားတာေတြထက္ သာလြန္ေအာင္ လုပ္ျပထားနုိင္ခဲ့ျပီးေနာက္ ေမွ်ာ္လင့္ခ်က္အသစ္ေတြ ထားခံခဲ့ရျပီး မျဖည့္ဆည္းနိုင္တဲ့အခါ ကိုယ့္ေအာင္ျမင္မႈနဲ႕ ကုိယ္ ျပန္ က်ရွံဳးရတာ ျဖစ္ေၾကာင္း အဂၤလန္ေဘာလံုးသတင္းေထာက္ တစ္ဦးက သံုးသပ္ျပခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲရဖို႔ အတြက္ဆို ျပည္တြင္းဖလားေတြ ျဖစ္တဲ့ ကာရာေဘာင္းနဲ႕ အက္ဖ္ေအဖလားေတြ အျပင္ ခ်န္ပီယံလိဂ္ကိုပါ လိုအပ္ရင္ ေပ်ာ္ေပ်ာ္ၾကီး စြန္႔လႊတ္မွာ ျဖစ္ေၾကာင္း ကစားသမားေဟာင္းၾကီး ဒန္နီ မာဖီက ေျပာၾကားခဲ့ပါတယ္။