မန်ချက်စတာမြို့ အခြေစိုက် သတင်းကနေ ဖော်ပြလာတာက မန်ယူဟာ လက်စတာက အငှားခေါ်ယူထားတဲ့ ကွင်းလယ်လူ တိုင်လီမန်းစ်ကို နွေမှာ ခေါ်ယူလိုနေပါတယ်။

ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ ဘယ်ဂျီယံ လူငယ်ကွင်းလယ်လူတွေကို မန်ယူဘက်က အတော်လေး စိတ်ဝင်စားနေကြောင်းလည်း အဆိုပါ သတင်းဌာနက ဖော်ပြခဲ့တယ်။

လက်စတာက အငှားခေါ်ယူထားတဲ့ ကစားသမားဟာ ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားသူဖြစ်ပြီး နွေအပြောင်းအရွှေ့ မတိုင်မီမှာပဲ အသင်းကြီးတိုင်းနဲ့ ချိတ်ဆက်မှုတွေ ရှိလာနေပါတယ်။

တိုင်လီမန်းစ်ရဲ့ အားသာချက်တွေက ဘောလုံးပေးပို့မှုနဲ့ အမြင်ရှိမှုဖြစ်ပြီး အဓိက စိုးရိမ်စရာရှိတာက ရုပ်ပိုင်းဆိုင်ရာ နိုးကြားတက်ကြွမှု မရှိတာနဲ့ ဘောလုံးဖျက်ထုတ်ရာမှာ အားနည်းတာဖြစ်တယ်။ နွေမှာ သူ့ကိုခေါ်ရင် ပေါင် သန်း ၃၀ ဝန်းကျင်လောက်ပဲ ပေးရမှာဖြစ်တယ်။

တိုင်လီမန်းစ်ဟာ တန်းဆင်းဇုံမှာ ရုန်းကန်နေရတဲ့ မိုနာကိုကနေ ကောင်တာတိုက်စစ်ကို အဓိကကစားတဲ့ အင်္ဂလန်ကလပ် လက်စတာကို ပြောင်းလာချိန်မှာတော့ သူ့ရဲ့ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့တယ်။ ဒါကြောင့် ဆိုးရှားရဲ့ နည်းစနစ်မှာ အံ့ဝင်မယ်လို့လည်း စိတ်ချနိုင်ပါတယ်။

ဘယ်ဂျီယံသားရဲ့ မိုနာကိုကနေ လက်စတာကို အငှားထွက်မှုမှာ မည့်သည့် သဘောတူညီချက်တွေ ပါဝင်သလဲဆိုတာ သေချာ မသိရခြင်းကြောင့် တိုင်လီမန်းစ်ရဲ့ အပြောင်းအရွှေ့ သတင်းတွေက လူပြောများစရာ မဖြစ်လာခဲ့တာပါ။

ကစားသမားကိုယ်တိုင်က အင်္ဂလန်ဘောလုံးလောကကို နှစ်သက်ကြောင်း ပြောဆိုခဲ့တယ်။ မန်ယူဘက်က ကမ်းလှမ်းမှုက ကစားသမားကို အင်္ဂလန်မှာ ဆက်ကစားဖို့ သူ့ကိုစိတ်ယိုင်စေပါလိမ့်မယ်။

အိုလီဂန်နာဆိုးရှားက ရာသီကုန်ရင် အသင်းကို ကစားသမားသစ်တွေခေါ်ဖို့နဲ့ ဘယ်သူ့ကိုမဆို ဂိုးသွင်းနိုင်စွမ်းရှိတဲ့ လူငယ်အသင်းတသင်းနဲ့အတူ ယူနိုက်တက်မှာ ခေတ်သစ်ထူထောင်ဖို့ စိတ်အားထက်သန်နေတာပါ။ ဆိုးရှားရဲ့စိတ်ကူးထဲက အသင်းအတွက် တိုင်လီမန်းစ်က လုံးဝကွက်တိ သင့်တော်သူဖြစ်ပါလိမ့်မယ်။