မန်ချက်စတာယူနိုက်တက်ဟာ အသင်းမှာ ဆက်ရှိနေဖို့ မသေချာ ဖြစ်နေတဲ့ ဒီဂီယာကြောင့် ရီးရဲလ် ဂိုးသမား နာဗတ်စ်ကို ကမ်းလှမ်းမှု ပြုလုပ်ဖို့ ကြံရွယ်နေပါတယ်။ အသင်းနဲ့ ၂၀၂၀ မှာ စာချုပ်ကုန်ဆုံးပြီ ဖြစ်တဲ့ ဒီဂီယာက သက်တမ်းတိုး စာချုပ် သဘောတူညီမှု မပေးသေးဘဲ ၄င်းကို ပီအက်စ်ဂျီက ခေါ်ယူဖို့ အသင့်ရှိနေပါတယ်။

ယူနိုက်တက် လူငယ်ကစားသမားထဲ မေဆန်ဂရင်းဝုဒ်၊ ဂျိမ်းစ် ဂါနာ၊ အိန်ဂျယ်ဂိုးမက်၊ တာဟစ်ချောင် စတဲ့ လူငယ်များအားလုံး အသင်းကြီးအတွက် ပါဝင်ကစားခွင့် ရခဲ့ပြီး ဖြစ်ပေမယ့် ဆိုးရှားက လက်ရှိရာသီမကုန်ခင် ဂရင်းဝုဒ်ကို ပွဲချိန်ပြည့် ပါဝင်ကစားခွင့် ပေးရန် ကြံရွယ်ထားကြောင်း ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်နည်းပြဟောင်း မော်ရင်ညိုကို ရိုးမားက ၃ နှစ်သက်တမ်း ရှိ စာချုပ်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး ၄င်းကလည်း စီးရီးအေသို့ သွားလိုဟန် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လိုင်ယွန်တိုက်စစ်မှူး မိုဆာ ဒမ်ဘီလီကို ခေါ်ယူဖို့ လှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီနှစ် ပြင်သစ်မှာ ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၁၇ ဂိုး သွင်းယူထားကာ ၄င်းကို ပေါင် ၄၅ သန်းခန့်နဲ့ ရရှိနိုင်ပါတယ်။

ယူနိုက်တက် နည်းပြဟောင်း မော်ရင်ညိုဟာ ရိုးမားအသင်းကို တာဝန်ယူမယ်လို့ သတင်းထွက်လာပါတယ်။ ၄င်းဟာ ပီအက်စ်ဂျီမှ တူချယ်နေရာ အစားထိုးဖို့လည်း ရေပန်းစားနေပြီး မော်ရင်ညိုကတော့ စီးရီးအေ ပြန်ဖို့ ပို အားသာဖွယ် ရှိပါတယ်။

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာက ရီးရဲလ်သို့ ပြောင်းရွှေ့လိုနေပြီး အိုးထရက်ဖို့ကလပ်ကတော့ ပြင်သစ်သားကို လက်မလွှတ်လိုသော်လည်း ပေါင် သန်း ၁၆၀ ထက် ကျော်တဲ့ ကမ်းလှမ်းမှုများကိုသာ လက်ခံနားထောင်ဖွယ် ရှိပါတယ်။

မန်စီးတီးဟာ ဘင်ဖီကာ ကွင်းလယ်တိုက်စစ်သမား ဂျာအိုဖိလစ်ရဲ့ မိဘများနဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ စွယ်စုံရ တိုက်စစ်သမားကို မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ကလည်း ပစ်မှတ်ထားနေတာပါ။

ယူနိုက်တက်နည်းပြ ဆိုးရှားက မန်ချက်စတာကလပ်အသင်းဟာ နာမည်ကြီး ကစားသမားတွေကို ဆွဲဆောင်နိုင်နေဆဲ ဖြစ်ကာ အသင်း အပြောင်းအရွှေ့ ကိစ္စတွေ အတွက် နောက်ဆုံး အတည်ပြု ဆုံးဖြတ်ချက်ကလည်း သူပဲ ပြုလုပ်မှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။