လီဗာပူးအသင်းဟာ ညက ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်ကို ပုံမှန်ပွဲချိန်အတွင်း အနိုင်ရခဲ့ပေမယ့် အချိန်ပိုမှာ ဂိုးသမားရဲ့ ချွတ်ချော်မှုကနေ ဂိုးများပေးခဲ့ရကာ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

ဂိုးသမား အက်ဒရီယန်က ပွဲချိန်အတွင်း မှားယွင်းမှုတွေ ရှိခဲ့တာ မှန်ပေမယ့် သူ့အပေါ် အပြစ်တင်သွားမှာ မဟုတ်ကြောင်း လီဗာပူး နည်းပြ ယာဂင်ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

အက်သလက်တီကိုကို ရှုံးနိမ့်လိုက်တာက လီဗာပူး ပြိုင်ပွဲကနေ ထွက်ခွာရတဲ့ အပြင် အန်းဖီးမှာ ၆ နှစ်တာ အတွင်း ရှုံးပွဲ မရှိခဲ့တဲ့ မှတ်တမ်းကောင်းပါ ကျိုးပျက်ခဲ့ရပြီး ပထမဆုံး ဥရောပ ရှုံးပွဲ ပြန်ဖြစ်လာခဲ့ပါတယ်။

တီကိုကို ရှုံးခဲ့ပေမယ့် လီဗာပူးအသင်းဟာ ဥရောပ အကောင်းဆုံး အသင်း တစ်သင်း ဖြစ်ဆဲလို့ ယုံကြည်ကြောင်း မိုက်ကယ်အိုဝင်က ပြောဆိုလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင်း တစ်ဦးနဲ့ တစ်ဦး ထိတွေ့ခြင်းကို ရှောင်ဖို့ သတိပေးတားမြစ်ချက်များ ထုတ်နေသည့်တိုင် လီဗာပူးအသင်းသားတွေကို လက်ဝါးချင်းရိုက်ကာ နှုတ်ဆက်ဖို့ ကြိုးစားခဲ့ကြတဲ့ ပရိသတ်တတွေ အပေါ် ကလော့ပ်က အမျက်ထွက်နေပြီး လက်တွေ ဘေးဖယ်ထားကြဖို့ ဆူပူ ပြောဆိုခဲ့ရပါတယ်။

လီဗာပူးနဲ့ တီကိုတို့ပွဲ အဆုံးအဖြတ်က ဂိုးသမားနှစ်ယောက် အားပြိုင်မှု ဖြစ်ခဲ့ပြီး အော့ဘလက်က အက်သလက်တီကိုအတွက် တံတိုင်းတစ်ခုလို လက်စွမ်းပြနေချိန်မှာ အက်ဒရီယန်ရဲ့ အမှားကနေ ဂိုးပေးလိုက်ရတာက စလို့ လီဗာပူး ပြိုလဲခဲ့ကြောင်း Goal သတင်းမှာ သုံးသပ်ခဲ့ပါတယ်။ လီဗာပူး ဦးစားပေး ဂိုးသမား အယ်လစ်ဆန်က ဒဏ်ရာ ရှိနေတာကြောင့် ဒီပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။

Zawgyi – လီဗာပူးအသင္းဟာ ညက ခ်န္ပီယံလိဂ္ ရွံဳးထြက္ ဒုတိယအေက်ာ့ ပြဲစဥ္မွာ အက္သလက္တီကို မက္ဒရစ္ကို ပံုမွန္ပြဲခ်ိန္အတြင္း အနိုင္ရခဲ့ေပမယ့္ အခ်ိန္ပိုမွာ ဂိုးသမားရဲ႕ ခၽြတ္ေခ်ာ္မႈကေန ဂိုးမ်ားေပးခဲ့ရကာ ၃-၂ နဲ႕ ရွံဳးနိမ့္ခဲ့တာေၾကာင့္ ျပိဳင္ပြဲက ထြက္ခြာခဲ့ရျပီ ျဖစ္ပါတယ္။

ဂိုးသမား အက္ဒရီယန္က ပြဲခ်ိန္အတြင္း မွားယြင္းမႈေတြ ရွိခဲ့တာ မွန္ေပမယ့္ သူ႔အေပၚ အျပစ္တင္သြားမွာ မဟုတ္ေၾကာင္း လီဗာပူး နည္းျပ ယာဂင္ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။

အက္သလက္တီကိုကို ရွံဳးနိမ့္လိုက္တာက လီဗာပူး ျပိဳင္ပြဲကေန ထြက္ခြာရတဲ့ အျပင္ အန္းဖီးမွာ ၆ နွစ္တာ အတြင္း ရွံဳးပြဲ မရွိခဲ့တဲ့ မွတ္တမ္းေကာင္း ပါ က်ိဳးပ်က္ခဲ့ရျပီး ပထမဆံုး ဥေရာပ ရွံဳးပြဲ ျပန္ျဖစ္လာခဲ့ပါတယ္။

တီကိုကို ရွံဳးခဲ့ေပမယ့္ လီဗာပူးအသင္းဟာ ဥေရာပ အေကာင္းဆံုး အသင္း တစ္သင္း ျဖစ္ဆဲလို႔ ယံုၾကည္ေၾကာင္း မိုက္ကယ္အို၀င္က ေျပာဆိုလိုက္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင္း တစ္ဦးနဲ႕ တစ္ဦး ထိေတြ႔ျခင္းကို ေရွာင္ဖို႔ သတိေပးတားျမစ္ခ်က္မ်ား ထုတ္ေနသည့္တိုင္ လီဗာပူးအသင္းသားေတြကို လက္၀ါးခ်င္းရိုက္ကာ နႈတ္ဆက္္ဖို႔ ၾကိဳးစားခဲ့ၾကတဲ့ ပရိသတ္တေတြ အေပၚ ကေလာ့ပ္က အမ်က္ထြက္ေနျပီး လက္ေတြ ေဘးဖယ္ထားၾကဖို႔ ဆူပူ ေျပာဆိုခဲ့ရပါတယ္။

လီဗာပူးနဲ႕ တီကိုတို႔ပြဲ အဆံုးအျဖတ္က ဂိုးသမားနွစ္ေယာက္ အားျပိဳင္မႈ ျဖစ္ခဲ့ျပီး ေအာ့ဘလက္က အက္သလက္တီကိုအတြက္ တံတိုင္းတစ္ခုလို လက္စြမ္းျပေနခ်ိန္မွာ အက္ဒရီယန္ရဲ႕ အမွားကေန ဂိုးေပးလိုက္ရတာက စလို႔ လီဗာပူး ျပိဳလဲခဲ့ေၾကာင္း Goal သတင္းမွာ သံုးသပ္ခဲ့ပါတယ္။ လီဗာပူး ဦးစားေပး ဂိုးသမား အယ္လစ္ဆန္က ဒဏ္ရာ ရွိေနတာေၾကာင့္ ဒီပြဲမွာ မပါ၀င္နုိင္ခဲ့ပါဘူး။