ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်း တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့အတွက် လီဗာပူးနဲ့ ချယ်ဆီးတို့ အပြိုင် ကြိုးစားနေမှုမှာ လန်ဒန်ကလပ်ဘက်က နောက်ဆုတ်လိုက်ပြီဖြစ်ကြောင်း The Athletic ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် ဂျာမနီတိုက်စစ်သမားကို ခေါ်ယူဖို့ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်၊ လာလီဂါကလပ် ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ပရီးမီးယားလိဂ်ကလပ် လီဗာပူး၊ ချယ်ဆီး၊ ယူနိုက်တက်တို့က သတင်းကြီးတွေ ရှိထားခဲ့တာဖြစ်ပါတယ်။ အဆိုပါ ကလပ်တွေထဲမှာတော့ ဘိုင်ယန်၊ လီဗာပူးနဲ့ ချယ်ဆီးတို့က ရေပန်းစားမှု အမြင့်ဆုံး အနေအထားမှာ ရှိနေခဲ့တာပါ။

ဝါနာဟာ လိုက်ဇစ်နဲ့ ပေါင် ၅၀ သန်း တန်ကြေးရှိတဲ့ စာချပ်ဖျက်သိမ်းကြေး ရှိထားတာဖြစ်ပြီး လက်ရှိ ဈေးကွက်မှာတော့ ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်လာနိုင်သူပါ။ သူဟာ ဘွန်ဒက်လီဂါမှာ အရည်အချင်းကောင်းတွေ ပြသထားနိုင်သလို ဂျာမနီလက်ရွေးစင်မှာလည်း ပုံမှန် နေရာရနေသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေကမှ လိုက်ဇစ်နဲ့ သက်တမ်းတိုးထားပေမယ့် လာမယ့် နွေမှာတော့ ပိုမိုကောင်းမွန်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ဝါနာက အသင်းပြောင်းလိုနေတာပါ။ သူဟာ အနာဂတ်ကို သေချာ ဆုံးဖြတ်ရခြင်း မရှိသေးပေမယ့် လီဗာပူးမှ ဂျာမနီသား မန်နေဂျာကြီး ယာဂင်ကလော့ပ်နဲ့ ပူးပေါင်းလိုစိတ် ရှိတာကို ထုတ်ဖော် ပြောဆိုမှု လုပ်ထားသေးတာဖြစ်တယ်။

ဒီကာလတွေအတွင်း ချယ်ဆီးကလည်း ဝါနာအတွက် ဈေးစုံစမ်းမှုတွေ၊ ချိတ်ဆက်မှုတွေ လုပ်နေပေမယ့် ကစားသမားကိုယ်တိုင်က လီဗာပူးကိုပဲ ပြောင်းလိုနေခြင်းကြောင့် နောက်ဆုတ်ခဲ့တာဖြစ်တယ်။ ချယ်ဆီးဟာ နွေမှာ ဦးစားပေး တိုက်စစ်မှူးအဖြစ် လိုင်ယွန်အသင်းမှ ပြင်သစ်သား တိုက်စစ်သမား ဒမ်ဘီလီကိုပဲ ဦးစားပေး ခေါ်ယူဖို့ ရွေးချယ်ခဲ့ပြီလို့လည်း သိရပါတယ်။

ZAWGYI

ဘြန္ဒက္လီဂါကလပ္ လိုက္ဇစ္အသင္း တိုက္စစ္မွဴး တီမိုဝါနာကို ေခၚယူဖို႔အတြက္ လီဗာပူးနဲ႔ ခ်ယ္ဆီးတို႔ အျပိဳင္ ၾကိဳးစားေနမႈမွာ လန္ဒန္ကလပ္ဘက္က ေနာက္ဆုတ္လိုက္ျပီျဖစ္ေၾကာင္း The Athletic ရဲ႕ ေဖာ္ျပမႈအရ သိရပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ဂ်ာမနီတိုက္စစ္သမားကို ေခၚယူဖို႔ ဘြန္ဒက္လီဂါကလပ္ ဘိုင္ယန္ျမဴးနစ္၊ လာလီဂါကလပ္ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္နဲ႔ ပရီးမီးယားလိဂ္ကလပ္ လီဗာပူး၊ ခ်ယ္ဆီး၊ ယူနုိက္တက္တို႔က သတင္းၾကီးေတြ ရွိထားခဲ့တာျဖစ္ပါတယ္။ အဆိုပါ ကလပ္ေတြထဲမွာေတာ့ ဘိုင္ယန္၊ လီဗာပူးနဲ႔ ခ်ယ္ဆီးတို႔က ေရပန္းစားမႈ အျမင့္ဆံုး အေနအထားမွာ ရွိေနခဲ့တာပါ။

ဝါနာဟာ လိုက္ဇစ္နဲ႔ ေပါင္ ၅၀ သန္း တန္ေၾကးရွိတဲ့ စာခ်ပ္ဖ်က္သိမ္းေၾကး ရွိထားတာျဖစ္ျပီး လက္ရွိ ေစ်းကြက္မွာေတာ့ ေကာင္းမြန္တဲ့ ေခၚယူမႈ ျဖစ္လာႏုိင္သူပါ။ သူဟာ ဘြန္ဒက္လီဂါမွာ အရည္အခ်င္းေကာင္းေတြ ျပသထားႏုိင္သလို ဂ်ာမနီလက္ေရြးစင္မွာလည္း ပံုမွန္ ေနရာရေနသူျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ေႏြကမွ လိုက္ဇစ္နဲ႔ သက္တမ္းတိုးထားေပမယ့္ လာမယ့္ ေႏြမွာေတာ့ ပိုမိုေကာင္းမြန္တဲ့ စိန္ေခၚမႈေတြကို ရင္ဆိုင္ဖို႔ ဝါနာက အသင္းေျပာင္းလိုေနတာပါ။ သူဟာ အနာဂတ္ကို ေသခ်ာ ဆံုးျဖတ္ရျခင္း မရွိေသးေပမယ့္ လီဗာပူးမွ ဂ်ာမနီသား မန္ေနဂ်ာၾကီး ယာဂင္ကေလာ့ပ္နဲ႔ ပူးေပါင္းလိုစိတ္ ရွိတာကို ထုတ္ေဖာ္ ေျပာဆိုမႈ လုပ္ထားေသးတာျဖစ္တယ္။

ဒီကာလေတြအတြင္း ခ်ယ္ဆီးကလည္း ဝါနာအတြက္ ေစ်းစံုစမ္းမႈေတြ၊ ခ်ိတ္ဆက္မႈေတြ လုပ္ေနေပမယ့္ ကစားသမားကိုယ္တိုင္က လီဗာပူးကိုပဲ ေျပာင္းလိုေနျခင္းေၾကာင့္ ေနာက္ဆုတ္ခဲ့တာျဖစ္တယ္။ ခ်ယ္ဆီးဟာ ေႏြမွာ ဦးစားေပး တိုက္စစ္မွဴးအျဖစ္ လိုင္ယြန္အသင္းမွ ျပင္သစ္သား တိုက္စစ္သမား ဒမ္ဘီလီကိုပဲ ဦးစားေပး ေခၚယူဖို႔ ေရြးခ်ယ္ခဲ့ျပီလို႔လည္း သိရပါတယ္။