စပိန်သတင်းတွေမှာတော့ ယူအီးအက်ဖ်အေဟာ ဘောလုံးရာသီတွေကို ဘယ်လို အဆုံးသတ်မလဲဆိုတဲ့အပေါ် စဉ်းစားရာမှာ လက်ရှိ လိဂ်ရပ်တည်မှု ထိပ်ဆုံးအသင်းတွေကို ချန်ပီယံပေးလိုက်ဖို့ ကိစ္စကိုပါ ထည့်ဆွေးနွေးမယ်လို့ ဖော်ပြလာပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို ဘယ်လို အဆုံးသတ်မလဲ၊ ယူရိုပြိုင်ပွဲကို ဘယ်လို ကစားစေမလဲဆိုတာက အရေးကြီး မေးခွန်း ဖြစ်လာခဲ့ပြီး ဖြစ်နိုင်စရာ နည်းလမ်းတွေ အားလုံးကို ယူအီးအက်ဖ်အေရဲ့ ဗီဒီယိုအခြေပြု ဆွေးနွေးမှုမှာ ထည့်သွင်းသွားမှာပါ။ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ကိုဆိုရင် တစ်ကျော့စီနဲ့ လေးရက်အတွင်း အပြီးသတ်ဖို့ထိ စဉ်းစားထားတာလည်း ရှိနေပါတယ်။

ပြည်တွင်းလိဂ်တွေကို အဆုံးသတ်စေဖို့ ကိစ္စမှာတော့ လက်ရှိ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်းတွေကို ချန်ပီယံပေးလိုက်ဖို့ဆိုတဲ့ အချက်ကတော့ အတော်လေး အငြင်းအခုံများနိုင်တဲ့ ဆွေးနွေးမှုဖြစ်ပါတယ်။ အဆိုပါ အတိုင်းဆိုရင် ထိပ်ဆုံး လိဂ်ကြီး ၅ ခုမှာ လီဗာပူး၊ ဘာစီလိုနာ၊ ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်ဂျီတို့က ချန်ပီယံတွေဖြစ်ကြမှာဖြစ်တယ်။

ယူအီးအက်ဖ်အေ မန်ဘာ ၅၅ ဦးနဲ့တကွ ဘောလုံးလောကမှ အရေးကြီးပုဂ္ဂိုလ်တွေ ပါဝင်တဲ့ အစည်းအဝေးဟာ နောက်ဆုံး ဆုံးဖြတ်ချက်တွေကို မတ်လ ၁၇ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဥရောပဘောလုံးလောကတစ်ခုလုံး စောင့်ကြည့်နေကြတာဖြစ်တယ်။

လက်တလောမှာတော့ ယူအီးအက်ဖ်အေကပဲ ယူရို ၂၀၂၀ ကို ဒီဇင်ဘာကို ရွှေ့ဆိုင်းတာ သို့သည်မဟုတ် လာမယ့်နှစ် နွေကို ပြောင်းရွှေ့တာကို လုပ်ဆောင်ကာ လက်ရှိ ရာသီကို ဘယ်လို အပြီးသတ်မလဲကိုပဲ ဦးစားပေးအဖြစ် အဖြေရှာသွားမှာ ဖြစ်ပါတယ်။

ZAWGYI

စပိန္သတင္းေတြမွာေတာ့ ယူအီးအက္ဖ္ေအဟာ ေဘာလံုးရာသီေတြကို ဘယ္လို အဆံုးသတ္မလဲဆိုတဲ့အေပၚ စဥ္းစားရာမွာ လက္ရွိ လိဂ္ရပ္တည္မႈ ထိပ္ဆံုးအသင္းေတြကို ခ်န္ပီယံေပးလိုက္ဖို႔ ကိစၥကိုပါ ထည့္ေဆြးေႏြးမယ္လို႔ ေဖာ္ျပလာပါတယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကို ဘယ္လို အဆံုးသတ္မလဲ၊ ယူရိုျပိဳင္ပြဲကို ဘယ္လို ကစားေစမလဲဆိုတာက အေရးၾကီး ေမးခြန္း ျဖစ္လာခဲ့ျပီး ျဖစ္ႏုိင္စရာ နည္းလမ္းေတြ အားလံုးကို ယူအီးအက္ဖ္ေအရဲ႕ ဗီဒီယိုအေျချပဳ ေဆြးေႏြးမႈမွာ ထည့္သြင္းသြားမွာပါ။ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ကိုဆိုရင္ တစ္ေက်ာ့စီနဲ႔ ေလးရက္အတြင္း အျပီးသတ္ဖို႔ထိ စဥ္းစားထားတာလည္း ရွိေနပါတယ္။

ျပည္တြင္းလိဂ္ေတြကို အဆံုးသတ္ေစဖို႔ ကိစၥမွာေတာ့ လက္ရွိ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ အသင္းေတြကို ခ်န္ပီယံေပးလိုက္ဖို႔ဆိုတဲ့ အခ်က္ကေတာ့ အေတာ္ေလး အျငင္းအခံုမ်ားႏုိင္တဲ့ ေဆြးေႏြးမႈျဖစ္ပါတယ္။ အဆိုပါ အတိုင္းဆိုရင္ ထိပ္ဆံုး လိဂ္ၾကီး ၅ ခုမွာ လီဗာပူး၊ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္၊ ဘိုင္ယန္ျမဴးနစ္နဲ႔ ပီအက္ဂ်ီတို႔က ခ်န္ပီယံေတြျဖစ္ၾကမွာျဖစ္တယ္။

ယူအီးအက္ဖ္ေအ မန္ဘာ ၅၅ ဦးနဲ႔တကြ ေဘာလံုးေလာကမွ အေရးၾကီးပုဂၢိဳလ္ေတြ ပါဝင္တဲ့ အစည္းအေဝးဟာ ေနာက္ဆံုး ဆံုးျဖတ္ခ်က္ေတြကို မတ္လ ၁၇ ရက္ေန႔မွာ ျပဳလုပ္သြားမွာျဖစ္ျပီး ဥေရာပေဘာလံုးေလာကတစ္ခုလံုး ေစာင့္ၾကည့္ေနၾကတာျဖစ္တယ္။

လက္တေလာမွာေတာ့ ယူအီးအက္ဖ္ေအကပဲ ယူရို ၂၀၂၀ ကို ဒီဇင္ဘာကို ေရႊ႔ဆုိင္းတာ သို႔သည္မဟုတ္ လာမယ့္ႏွစ္ ေႏြကို ေျပာင္းေရႊ႔တာကို လုပ္ေဆာင္ကာ လက္ရွိ ရာသီကို ဘယ္လို အျပီးသတ္မလဲကိုပဲ ဦးစားေပးအျဖစ္ အေျဖရွာသြားမွာ ျဖစ္ပါတယ္။