ဘောလုံးရပ်ဝန်း ပြင်ပမှာ ကလပ်အသင်း အများအပြားဟာ တုန့်လှုပ်ခြောက်ခြားမှုတွေကြောင့် ရောက်ယက်ခတ်နေပေမယ့် လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ကတော့ တည်တည်ငြိမ်ငြိမ် ရှိလို့နေပါတယ်။

The Athletic က ဖော်ပြရာမှာ ပြီးခဲ့တဲ့အပတ် သောကြာနေ့ကစပြီး မဲဝုဒ်မှာ လေ့ကျင့်ရေးတွေ အားလုံးကို ပယ်ဖျက်လိုက်ပြီး လာမယ့် နှစ်ပတ်အထိလည်း မည့်သည် လေ့ကျင့်ရေးမှ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မန်နေဂျာကလော့ပ်က ဧပရယ်လ ၅ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် မန်စီးတီးပွဲအတွက် အသင်းသားတွေကို အဆင်သင့်ပြင်ထားဖို့ သတိပေးထားပါတယ်။

ပရီးမီးယားလိဂ်ကိုတော့ ဧပြီလ ၃ ရက်နေ့ထိ ယာယီ ပိတ်သိမ်းထားတာဖြစ်ပြီး ပုံမှန်အတိုင်းဆိုရင် ဧပြီလ ၅ ရက်နေ့မှာ လီဗာပူးဟာ အီသီဟတ်ကွင်းကိုသွားပြီး မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်။ အဆိုပါပွဲကို အနိုင်ရမယ်ဆိုရင် လက်ကျန်ပွဲ တစ်ပွဲမှကို ကစားဖို့ မလိုအပ်ပဲ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

ဧပြီလ ၅ ရက်နေ့ မန်ချက်စတာမှာ သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲကို ကစားရမယ်ဆိုရင် လက်ရှိချန်ပီယံက ချန်ပီယံလောင်းကို အိမ်ကွင်းမှာ ဧည့်ခံရမယ့် ပွဲကောင်းဖြစ်ပြီး လီဗာပူးအတွက်ကတော့ နှစ်ပေါင်း ၃၀ ကြာ စောင့်ခဲ့ရတဲ့ အမှတ်ပေးဖလားအတွက် နောက်ဆုံးသော ခြေလှမ်းကို လှမ်းတဲ့ အနေအထားတောင် ဖြစ်သွားနိုင်ပါတယ်။

ဒီကနေ့မှာပဲ ယူအီးအက်ဖ်အေက ယူရို ၂၀၂၀ ကို နောက်နှစ်ထိ ရွှေ့ဆိုင်းလိုက်တာကြောင့် အမှတ်ပေးလိဂ်တွေက လက်ကျန်ရာသီကို အပြီးသတ်ဖို့ နည်းလမ်းတွေ စတင် ရှာဖွေရတော့မှာပါ။ ဇွန်၊ ဇွန်လိုင်၊ သြဂတ်လတွေထိ ရောက်ခဲ့ရင်တောင် လိဂ်ကတော့ အပြီးသတ်ကို သတ်ရမယ့် အနေအထားလို့လည်း သတင်းတွေ ကျယ်ပြန့်လာတာဖြစ်ပါတယ်။

ZAWGYI

ေဘာလံုးရပ္ဝန္း ျပင္ပမွာ ကလပ္အသင္း အမ်ားအျပားဟာ တုန္႔လႈပ္ေျခာက္ျခားမႈေတြေၾကာင့္ ေရာက္ယက္ခတ္္္ေနေပမယ့္ လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကေတာ့ တည္တည္ျငိမ္ျငိမ္ ရွိလို႔ေနပါတယ္။

The Athletic က ေဖာ္ျပရာမွာ ျပီးခဲ့တဲ့အပတ္ ေသာၾကာေန႔ကစျပီး မဲဝုဒ္မွာ ေလ့က်င့္ေရးေတြ အားလံုးကို ပယ္ဖ်က္လုိက္ျပီး လာမယ့္ ႏွစ္ပတ္အထိလည္း မည့္သည္ ေလ့က်င့္ေရးမွ ရွိမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ မန္ေနဂ်ာကေလာ့ပ္က ဧပရယ္လ ၅ ရက္ေန႔မွာ ယွဥ္ျပိဳင္ရမယ့္ မန္စီးတီးပြဲအတြက္ အသင္းသားေတြကို အဆင္သင့္ျပင္ထားဖို႔ သတိေပးထားပါတယ္။

ပရီးမီးယားလိဂ္ကိုေတာ့ ဧျပီလ ၃ ရက္ေန႔ထိ ယာယီ ပိတ္သိမ္းထားတာျဖစ္ျပီး ပံုမွန္အတိုင္းဆိုရင္ ဧျပီလ ၅ ရက္ေန႔မွာ လီဗာပူးဟာ အီသီဟတ္ကြင္းကိုသြားျပီး မန္စီးတီးနဲ႔ ယွဥ္ျပိဳင္ကစားရမွာျဖစ္တယ္။ အဆိုပါပြဲကို အႏုိင္ရမယ္ဆိုရင္ လက္က်န္ပြဲ တစ္ပြဲမွကို ကစားဖို႔ မလိုအပ္ပဲ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ မွတ္တမ္းဝင္မွာျဖစ္ပါတယ္။

ဧျပီလ ၅ ရက္ေန႔ မန္ခ်က္စတာမွာ သြားေရာက္ယွဥ္ျပိဳင္ရမယ့္ပြဲကို ကစားရမယ္ဆိုရင္ လက္ရွိခ်န္ပီယံက ခ်န္ပီယံေလာင္းကို အိမ္ကြင္းမွာ ဧည့္ခံရမယ့္ ပြဲေကာင္းျဖစ္ျပီး လီဗာပူးအတြက္ကေတာ့ ႏွစ္ေပါင္း ၃၀ ၾကာ ေစာင့္ခဲ့ရတဲ့ အမွတ္ေပးဖလားအတြက္ ေနာက္ဆံုးေသာ ေျခလွမ္းကို လွမ္းတဲ့ အေနအထားေတာင္ ျဖစ္သြားႏုိင္ပါတယ္။

ဒီကေန႔မွာပဲ ယူအီးအက္ဖ္ေအက ယူရို ၂၀၂၀ ကို ေနာက္ႏွစ္ထိ ေရႊ႔ဆိုင္းလိုက္တာေၾကာင့္ အမွတ္ေပးလိဂ္ေတြက လက္က်န္ရာသီကို အျပီးသတ္ဖို႔ နည္းလမ္းေတြ စတင္ ရွာေဖြရေတာ့မွာပါ။ ဇြန္၊ ဇြန္လိုင္၊ ၾသဂတ္လေတြထိ ေရာက္ခဲ့ရင္ေတာင္ လိဂ္ကေတာ့ အျပီးသတ္ကို သတ္ရမယ့္ အေနအထားလို႔လည္း သတင္းေတြ က်ယ္ျပန္႔လာတာျဖစ္ပါတယ္။