ယာဂင်ကလော့ပ် ကိုင်တွယ်မှု အဆုံးသတ်သွားချိန်မှာ လီဗာပူးကို မန်နေဂျာသစ်အဖြစ် ဘယ်သူကိုင်တွယ်မလဲလို့ မေးရင် လီဗာပူးပရိသတ်တွေ အားလုံးက စတီဗင်ဂျရတ်ကို ကိုင်စေလိုတယ်လို့ ဖြေကြမှာပါ။

ဒါပေမယ့်လို့ တူညီတဲ့ အဖြေကို လီဗာပူးအသင်း ပိုင်ရှင်တွေက ပေးမှာ မဟုတ်ပါဘူး။ သူတို့ကတော့ ကလပ်အသင်းရဲ့ တိုးတက်မှုကို ဆက်လက် ထိန်းသိမ်းနိုင်မယ့် မန်နေဂျာမျိုးကိုပဲ အစားထိုးမှာဖြစ်ပြီး အဲ့အတွက်လည်း ကြိုတင် လျာထားမှုတွေ ရှိထားတယ်လို့ The Athletic သတင်းထောက် ဂျိမ်းပီယာစ့်က ထုတ်ဖော်လိုက်ပါတယ်။

ခရစ်စမတ်မတိုင်ခင်ကပဲ ကလော့ပ်ဟာ လီဗာပူးနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တာကြောင့် သူဟာ ၂၀၂၄ ခုနှစ်ထိ လီဗာပူးမှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ အဲ့ကာလတွေ မတိုင်ခင်မှာ ကလော့ပ်က လီဗာပူးမှာပဲ ဆယ်စုနှစ်ကြာ ရှိနေမှာဖြစ်ကာ ထပ်မံ သက်တမ်းတိုးဖို့ကိုလည်း ပရိသတ်တွေဘယ်က မျှော်လင့်နေဆဲပါ။

လီဗာပူးပိုင်ရှင်တွေဖြစ်တဲ့ FSG ကတော့ အနာဂတ်အတွက် ရည်ရွယ်ရာမှာ လက်ရှိ မန်နေဂျာကလော့ပ်ရဲ့ လက်ထောက်ဖြစ်တဲ့ ပပ်လင်ဒါးကို အတော်လေး သဘောတွေ့တယ်လို့ သိရပါတယ်။ လူငယ်အသင်းနည်းပြ အဖြစ်ကနေ ဝင်ရောက်လာတဲ့ နယ်သာလန်သား လင်ဒါးဟာ လက်ရှိမှာ မန်နေဂျာကလော့ပ်ရဲ့ လက်ထောက်ဖြစ်သလို ကလပ်ရဲ့ အကြီးတန်း အစည်းအဝေးတွေမှာ ကလော့ပ်နဲ့အတူ ပါဝင်ခွင့်ရနေသူဖြစ်ပါတယ်။

ထပ်ပြီးလည်း ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်းကို ကိုင်တွယ်နေတဲ့ နေဂဲလ်စမန်းက တိုးတက်မှုတွေကို ဆက်လက် ရှာဖွေနိုင်မယ်ဆိုရင် လာမယ့် လေးနှစ်အတွင်း လီဗာပူးပိုင်ရှင်တွေရဲ့ ပစ်မှတ်ထဲမှာ ပါဝင်သွားနိုင်သူလို့ သိရတယ်။ ဒါဟာ အသင်းပိုင်ရှင်တွေရဲ့ စိတ်ကူးပဲဖြစ်ပြီး လက်တွေ့ လုပ်ဆောင်ဖို့ကတော့ အဝေးကြီး လိုပါသေးတယ်။

ကလပ်ဘက်ကတော့ အမှတ်ပေးလိဂ်မှာ အခြေအနေ မကောင်းပေမယ့် စကော်တလန်ကလပ် ရိန်းဂျားကို တာဝန်ယူပြီးနောက်ပိုင်း တိုးတက်မှုတွေကို ရှာဖွေနိုင်နေတဲ့ စတီဗင်ဂျရတ်ကိုလည်း သဘောကျမှု ရှိပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းကို ကိုင်တွယ်ဖို့ဆိုရင် စတီဗင်ဂျရတ်ဟာ ရိန်းဂျားကို အောင်မြင်အောင် လုပ်တာမျိုးနဲ့ အခြားသော ကလပ်တစ်သင်းကို ပြောင်းရွှေ့ ကိုင်တွယ်ပြီး ကောင်းမွန်တဲ့ အလားအလာကို ပြသနိုင်တဲ့ အတွေ့အကြုံကို ဆုပ်ကိုင်ပြဖို့ လိုအပ်မယ်လို့ ပီယာစ့်က ဆိုသွားတာဖြစ်ပါတယ်။

ZAWGYI

ယာဂင္ကေလာ့ပ္ ကိုင္တြယ္မႈ အဆံုးသတ္သြားခ်ိန္မွာ လီဗာပူးကို မန္ေနဂ်ာသစ္အျဖစ္ ဘယ္သူကိုင္တြယ္မလဲလို႔ ေမးရင္ လီဗာပူးပရိသတ္ေတြ အားလံုးက စတီဗင္ဂ်ရတ္ကို ကိုင္ေစလိုတယ္လို႔ ေျဖၾကမွာပါ။

ဒါေပမယ့္လို႔ တူညီတဲ့ အေျဖကို လီဗာပူးအသင္း ပိုင္ရွင္ေတြက ေပးမွာ မဟုတ္ပါဘူး။ သူတို႔ကေတာ့ ကလပ္အသင္းရဲ႕ တိုးတက္မႈကို ဆက္လက္ ထိန္းသိမ္းႏုိင္မယ့္ မန္ေနဂ်ာမ်ိဳးကိုပဲ အစားထိုးမွာျဖစ္ျပီး အဲ့အတြက္လည္း ၾကိဳတင္ လ်ာထားမႈေတြ ရွိထားတယ္လို႔ The Athletic သတင္းေထာက္ ဂ်ိမ္းပီယာစ့္က ထုတ္ေဖာ္လိုက္ပါတယ္။

ခရစ္စမတ္မတိုင္ခင္ကပဲ ကေလာ့ပ္ဟာ လီဗာပူးနဲ႔ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာေၾကာင့္ သူဟာ ၂၀၂၄ ခုႏွစ္ထိ လီဗာပူးမွာ ဆက္ရွိေနမွာ ျဖစ္ပါတယ္။ အဲ့ကာလေတြ မတိုင္ခင္မွာ ကေလာ့ပ္က လီဗာပူးမွာပဲ ဆယ္စုႏွစ္ၾကာ ရွိေနမွာျဖစ္ကာ ထပ္မံ သက္တမ္းတိုးဖို႔ကိုလည္း ပရိသတ္ေတြဘယ္က ေမွ်ာ္လင့္ေနဆဲပါ။

လီဗာပူးပိုင္ရွင္ေတြျဖစ္တဲ့ FSG ကေတာ့ အနာဂတ္အတြက္ ရည္ရြယ္ရာမွာ လက္ရွိ မန္ေနဂ်ာကေလာ့ပ္ရဲ႕ လက္ေထာက္ျဖစ္တဲ့ ပပ္လင္ဒါးကို အေတာ္ေလး သေဘာေတြ႔တယ္လို႔ သိရပါတယ္။ လူငယ္အသင္းနည္းျပ အျဖစ္ကေန ဝင္ေရာက္လာတဲ့ နယ္သာလန္သား လင္ဒါးဟာ လက္ရွိမွာ မန္ေနဂ်ာကေလာ့ပ္ရဲ႕ လက္ေထာက္ျဖစ္သလို ကလပ္ရဲ႕ အၾကီးတန္း အစည္းအေဝးေတြမွာ ကေလာ့ပ္နဲ႔အတူ ပါဝင္ခြင့္ရေနသူျဖစ္ပါတယ္။

ထပ္ျပီးလည္း ဘြန္ဒက္လီဂါကလပ္ လိုက္ဇစ္အသင္းကို ကိုင္တြယ္ေနတဲ့ ေနဂဲလ္စမန္းက တိုးတက္မႈေတြကို ဆက္လက္ ရွာေဖြႏုိင္မယ္ဆိုရင္ လာမယ့္ ေလးႏွစ္အတြင္း လီဗာပူးပိုင္ရွင္ေတြရဲ႕ ပစ္မွတ္ထဲမွာ ပါဝင္သြားႏုိင္သူလို႔ သိရတယ္။ ဒါဟာ အသင္းပိုင္ရွင္ေတြရဲ႕ စိတ္ကူးပဲျဖစ္ျပီး လက္ေတြ႔ လုပ္ေဆာင္ဖုိ႔ကေတာ့ အေဝးၾကီး လိုပါေသးတယ္။

ကလပ္ဘက္ကေတာ့ အမွတ္ေပးလိဂ္မွာ အေျခအေန မေကာင္းေပမယ့္ စေကာ္တလန္ကလပ္ ရိန္းဂ်ားကို တာဝန္ယူျပီးေနာက္ပိုင္း တိုးတက္မႈေတြကို ရွာေဖြႏုိင္ေနတဲ့ စတီဗင္ဂ်ရတ္ကိုလည္း သေဘာက်မႈ ရွိပါတယ္။ ဒါေပမယ့္ လီဗာပူးအသင္းကို ကိုင္တြယ္ဖို႔ဆိုရင္ စတီဗင္ဂ်ရတ္ဟာ ရိန္းဂ်ားကို ေအာင္ျမင္ေအာင္ လုပ္တာမ်ိဳးနဲ႔ အျခားေသာ ကလပ္တစ္သင္းကို ေျပာင္းေရႊ႔ ကိုင္တြယ္ျပီး ေကာင္းမြန္တဲ့ အလားအလာကို ျပသႏုိင္တဲ့ အေတြ႔အၾကံဳကို ဆုပ္ကိုင္ျပဖို႔ လိုအပ္မယ္လို႔ ပီယာစ့္က ဆိုသြားတာျဖစ္ပါတယ္။