ယူအီးအက်ဖ်အေ ဥက္ကဌဖြစ်သူ Ceferin က ဒီရာသီကို မျှော်လင့်ထားသလို မဟုတ်ပဲ အပြီးမသတ်နိုင်ဘူးဆိုရင် လိဂ်ထိပ်ဆုံးအသင်းတွေကို ချန်ပီယံတွေအဖြစ် သက်မှတ်ပေးမယ့် ကိစ္စက မမှန်ပါဘူးလို့ ဖွင့်ဟလိုက်ပါတယ်။

ယူအီးအက်ဖ်အေရဲ့ ရည်ရွယ်ချက်က ဒီရာသီကို အဆုံးသတ်နိုင်အောင် ဆက်လက် တွန်းအားပေးဖို့ဖြစ်ပြီး ဒါအတွက်လည်း ယူရို ၂၀၂၀ ပြိုင်ပွဲကိုတော့ ၂၀၂၁ ခုနှစ် နွေအထိ ရွှေ့ဆိုင်းပေးထားပြီ ဖြစ်ပါတယ်။

Ceferin က ပြောရာမှာ “ ယူအီးအက်ဖ်အေက အမှတ်ပေးလိဂ်တွေကို ရပ်နားမယ်ဆိုရင် လက်ရှိ ထိပ်ဆုံးမှာ ရှိနေတဲ့ ကလပ်အသင်းတွေကိုပဲ ချန်ပီယံအဖြစ် သက်မှတ်ပေးမယ်ဆိုတဲ့ သတင်းမှားတွေ ဖော်ပြနေတာကို ကျနော် မြင်ထားပါတယ်။ အဲ့သည်သတင်းက မဟုတ်ပါဘူးလို့ ကျနော် အတည်ပြုပေးလိုပါတယ်။

ယူအီးအက်ဖ်အေရဲ့ ရည်မှန်းချက်က လက်ရှိ ယှဉ်ပြိုင်နေတဲ့ လိဂ်ပြိုင်ပွဲတွေကို အဆုံးသတ်စေဖို့ဖြစ်ပြီး လိဂ်ကို ရပ်တည်ရင် ထိပ်ဆုံးအသင်းကို ချန်ပီယံဖြစ်စေမယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပက်သက်ပြီး ထောက်ခံသွားမှာ မဟုတ်ပါဘူး ” လို့ ရှင်းပြခဲ့တာပါ။

ယူအီးအက်ဖ်အေက ဒီရာသီ အမှတ်ပေးပြိုင်ပွဲတွေကို သေချာပေါက် အဆုံးသတ်စေမှာဖြစ်ပြီး မူလအတိုင်းပဲ ချန်ပီယံအသင်း တန်းတက် တန်းဆင်း အသင်းတွေကို အတည်ပြုပေးနိုင်ဖို့ ဆက်လက် ယှဉ်ပြိုင်စေမယ်လို့ အတည်ပြုထားတယ်။ ဖြစ်နိုင်မယ်ဆိုရင် ပြိုင်ပွဲတွေ အားလုံးက ဇွန်လ ၃၀ ရက်နေ့ မတိုင်ခင် အပြီးသတ်ဖို့ လိုအပ်ပါမယ်။

Ceferin ကတော့ “ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီက တူညီတဲ့ နည်းလမ်းတွေနဲ့ပဲ အဆုံးသတ်မှာဖြစ်ပြီး မမျှော်လင့်ထားတဲ့ အခြေအနေတွေ ဖြစ်လာတာတောင်မှ အပြောင်းအလဲ ရှိလာမှာ မဟုတ်ပါဘူး။ ဇွန်လ ၃၀ မတိုင်ခင် ဘောလုံးရာသီတွေ အဆုံးသတ်ဖို့တော့ အာမမခံပါဘူး။ အခု အနေအထားအတိုင်း လိဂ်တွေကို အဆုံးသတ်လိုက်ဖို့ကလည်း မျှတမှု မရှိပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ယူအီးအက္ဖ္ေအ ဥကၠဌျဖစ္သူ Ceferin က ဒီရာသီကို ေမွ်ာ္လင့္ထားသလို မဟုတ္ပဲ အျပီးမသတ္ႏုိင္ဘူးဆိုရင္ လိဂ္ထိပ္ဆံုးအသင္းေတြကို ခ်န္ပီယံေတြအျဖစ္ သက္မွတ္ေပးမယ့္ ကိစၥက မမွန္ပါဘူးလို႔ ဖြင့္ဟလိုက္ပါတယ္။

ယူအီးအက္ဖ္ေအရဲ႕ ရည္ရြယ္ခ်က္က ဒီရာသီကို အဆံုးသတ္ႏုိင္ေအာင္ ဆက္လက္ တြန္းအားေပးဖို႔ျဖစ္ျပီး ဒါအတြက္လည္း ယူရို ၂၀၂၀ ျပိဳင္ပြဲကိုေတာ့ ၂၀၂၁ ခုႏွစ္ ေႏြအထိ ေရႊ႔ဆိုင္းေပးထားျပီ ျဖစ္ပါတယ္။

Ceferin က ေျပာရာမွာ “ ယူအီးအက္ဖ္ေအက အမွတ္ေပးလိဂ္ေတြကို ရပ္နားမယ္ဆိုရင္ လက္ရွိ ထိပ္ဆံုးမွာ ရွိေနတဲ့ ကလပ္အသင္းေတြကိုပဲ ခ်န္ပီယံအျဖစ္ သက္မွတ္ေပးမယ္ဆိုတဲ့ သတင္းမွားေတြ ေဖာ္ျပေနတာကို က်ေနာ္ ျမင္ထားပါတယ္။ အဲ့သည္သတင္းက မဟုတ္ပါဘူးလို႔ က်ေနာ္ အတည္ျပဳေပးလိုပါတယ္။

ယူအီးအက္ဖ္ေအရဲ႕ ရည္မွန္းခ်က္က လက္ရွိ ယွဥ္ျပိဳင္ေနတဲ့ လိဂ္ျပိဳင္ပြဲေတြကို အဆံုးသတ္ေစဖို႔ျဖစ္ျပီး လိဂ္ကို ရပ္တည္ရင္ ထိပ္ဆံုးအသင္းကို ခ်န္ပီယံျဖစ္ေစမယ္ဆိုတဲ့ ကိစၥေတြနဲ႔ ပက္သက္ျပီး ေထာက္ခံသြားမွာ မဟုတ္ပါဘူး ” လို႔ ရွင္းျပခဲ့တာပါ။

ယူအီးအက္ဖ္ေအက ဒီရာသီ အမွတ္ေပးျပိဳင္ပြဲေတြကို ေသခ်ာေပါက္ အဆံုးသတ္ေစမွာျဖစ္ျပီး မူလအတိုင္းပဲ ခ်န္ပီယံအသင္း တန္းတက္ တန္းဆင္း အသင္းေတြကို အတည္ျပဳေပးႏုိင္ဖို႔ ဆက္လက္ ယွဥ္ျပိဳင္ေစမယ္လို႔ အတည္ျပဳထားတယ္။ ျဖစ္ႏုိင္မယ္ဆိုရင္ ျပိဳင္ပြဲေတြ အားလံုးက ဇြန္လ ၃၀ ရက္ေန႔ မတိုင္ခင္ အျပီးသတ္ဖို႔ လိုအပ္ပါမယ္။

Ceferin ကေတာ့ “ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီက တူညီတဲ့ နည္းလမ္းေတြနဲ႔ပဲ အဆံုးသတ္မွာျဖစ္ျပီး မေမွ်ာ္လင့္ထားတဲ့ အေျခအေနေတြ ျဖစ္လာတာေတာင္မွ အေျပာင္းအလဲ ရွိလာမွာ မဟုတ္ပါဘူး။ ဇြန္လ ၃၀ မတိုင္ခင္ ေဘာလံုးရာသီေတြ အဆံုးသတ္ဖို႔ေတာ့ အာမမခံပါဘူး။ အခု အေနအထားအတိုင္း လိဂ္ေတြကို အဆံုးသတ္လိုက္ဖို႔ကလည္း မွ်တမႈ မရွိပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။