ကိုရိုနာကြောင့် ဘောလုံးပွဲတွေ ရပ်နားထားရတဲ့ အခြေအနေမှာ လီဗာပူးခံစစ်မှူး ဗန်ဒိုက်က အသင်းပရိသတ်တွေကို ဆုတောင်း စကားတစ်ခွန်း မက်ဆေ့ပေးမှု ပြုလုပ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး ပရီးမီးယားလိဂ်ကို ယာယီရပ်တန့်လိုက်တာကြောင့် သီတင်းပတ် အကုန်မှာ ယှဉ်ပြိုင်ကစားရမယ့် မာဆေးဆိုဒ် ဒါဘီပွဲက ပျက်ပြယ်ခဲ့ရတာပါ။ ပုံမှန်အတိုင် ဘောလုံးရာသီကို ပြန်စတင်မယ်ဆို ဧပြီလ ၅ ရက်နေ့မှာတော့ အီသီဟတ်ကွင်းကိုသွားပြီး မန်စီးတီးနဲ့ အမှတ်ပေးဖလား ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်။

လီဗာပူးအသင်းဟာ အမှတ်ပေးပွဲ ၂၉ ပွဲ ကစားပြီးချိန်မှာ လိဂ်ကို ၂၅ မှတ် အသာနဲ့ ဦးဆောင်ထားပြီး မန်စီးတီးကို အဝေးကွင်းမှာ အနိုင်ရမယ်ဆိုရင် လက်ကျန်ပွဲ ၈ ပွဲကို မကစားပဲတောင် ချန်ပီယံဖြစ်နိုင်တဲ့ ရမှတ်ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေတဲ့ ကပ်ရောဂါကြောင့် လီဗာပူးရဲ့ ချန်ပီယံဖြစ်ခွင့်က နှောင့်နှေးနေခဲ့ရတာဖြစ်တယ်။

ဗန်ဒိုက်က သူ့ရဲ့ လူမှုကွန်ယက်ကနေပဲ “ ခက်ခဲတဲ့ ဒီလို အချိန်အခါမှာ လူတိုင်း အဆင်ပြေနေစေဖို့ မျှော်လင့်တဲ့ ဒီ ဆုတောင်းစကားလေးကို ပေးပို့လိုပါတယ်။ ကမ္ဘာတစ်ဝန်း ခက်ခဲမှုတွေ ရှိနေတဲ့ ဒီလို အခြေအနေမှာ ငါတို့ အချင်းချင်း ကူညီ စောင့်ရှောက်မှုတွေ လုပ်ရမှာဖြစ်ပါတယ်။

ဘေးအန္တရာယ်ကင်းကင်း နေကြပါ။ ငါတို့ ပြန်လာမှာပါ။ You’ll Never Walk Alone ” လို့ လီဗာပူးပရိသတ်တွေကို သတင်းပေးစကား ပို့ခဲ့တာ ဖြစ်တယ်။

ယူအီးအက်ဖ်အေကတော့ ပြည်တွင်းလိဂ်ပွဲတွေ အားလုံးကို ဖြစ်နိုင်သလောက် အပြီးသတ်စေဖို့ ယူရို ပြိုင်ပွဲကို နောက်ဆုတ်ပေးထားပြီဖြစ်ပြီး လိဂ်ပွဲစဉ်ဇယား ရေးဆွဲသူတွေက ပွဲစဉ်တွေကို ပြန်လည် ပြင်ဆင် ရေးဆွဲမှုတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ZAWGYI

ကိုရိုနာေၾကာင့္ ေဘာလံုးပြဲေတြ ရပ္နားထားရတဲ့ အေျခအေနမွာ လီဗာပူးခံစစ္မွဴး ဗန္ဒိုက္က အသင္းပရိသတ္ေတြကို ဆုေတာင္း စကားတစ္ခြန္း မက္ေဆ့ေပးမႈ ျပဳလုပ္လာခဲ့ပါတယ္။

ျပီးခဲ့တဲ့ ေသာၾကာေန႔ကစျပီး ပရီးမီးယားလိဂ္ကို ယာယီရပ္တန္႔လိုက္တာေၾကာင့္ သီတင္းပတ္ အကုန္မွာ ယွဥ္ျပိဳင္ကစားရမယ့္ မာေဆးဆိုဒ္ ဒါဘီပြဲက ပ်က္ျပယ္ခဲ့ရတာပါ။ ပံုမွန္အတိုင္ ေဘာလံုးရာသီကို ျပန္စတင္မယ္ဆို ဧျပီလ ၅ ရက္ေန႔မွာေတာ့ အီသီဟတ္ကြင္းကိုသြားျပီး မန္စီးတီးနဲ႔ အမွတ္ေပးဖလား ယွဥ္ျပိဳင္ကစားရမွာျဖစ္တယ္။

လီဗာပူးအသင္းဟာ အမွတ္ေပးပြဲ ၂၉ ပြဲ ကစားျပီးခ်ိန္မွာ လိဂ္ကို ၂၅ မွတ္ အသာနဲ႔ ဦးေဆာင္ထားျပီး မန္စီးတီးကို အေဝးကြင္းမွာ အနုိင္ရမယ္ဆိုရင္ လက္က်န္ပြဲ ၈ ပြဲကို မကစားပဲေတာင္ ခ်န္ပီယံျဖစ္ႏုိင္တဲ့ ရမွတ္ကို ရရွိမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကမၻာတစ္ဝန္း ျဖစ္ပြားေနတဲ့ ကပ္ေရာဂါေၾကာင့္ လီဗာပူးရဲ႕ ခ်န္ပီယံျဖစ္ခြင့္က ေႏွာင့္ေႏွးေနခဲ့ရတာျဖစ္တယ္။

ဗန္ဒိုက္က သူ႔ရဲ႕ လူမႈကြန္ယက္ကေနပဲ “ ခက္ခဲတဲ့ ဒီလို အခ်ိန္အခါမွာ လူတိုင္း အဆင္ေျပေနေစဖို႔ ေမွ်ာ္လင့္တဲ့ ဒီ ဆုေတာင္းစကားေလးကို ေပးပို႔လိုပါတယ္။ ကမၻာတစ္ဝန္း ခက္ခဲမႈေတြ ရွိေနတဲ့ ဒီလို အေျခအေနမွာ ငါတို႔ အခ်င္းခ်င္း ကူညီ ေစာင့္ေရွာက္မႈေတြ လုပ္ရမွာျဖစ္ပါတယ္။

ေဘးအႏၱရာယ္ကင္းကင္း ေနၾကပါ။ ငါတို႔ ျပန္လာမွာပါ။ You’ll Never Walk Alone ” လို႔ လီဗာပူးပရိသတ္ေတြကို သတင္းေပးစကား ပို႔ခဲ့တာ ျဖစ္တယ္။

ယူအီးအက္ဖ္ေအကေတာ့ ျပည္တြင္းလိဂ္ပြဲေတြ အားလံုးကို ျဖစ္ႏုိင္သေလာက္ အျပီးသတ္ေစဖို႔ ယူရို ျပိဳင္ပြဲကို ေနာက္ဆုတ္ေပးထားျပီျဖစ္ျပီး လိဂ္ပြဲစဥ္ဇယား ေရးဆြဲသူေတြက ပြဲစဥ္ေတြကို ျပန္လည္ ျပင္ဆင္ ေရးဆြဲမႈေတြ လုပ္ေဆာင္မွာ ျဖစ္ပါတယ္။