ဒီရက်တွေမှာ လီဗာပူးပရိသတ်တွေ စိတ်ပူနေကြတာက ပရီးမီးယားလိဂ် ဘောလုံးရာသီကို ပယ်ဖျက်လိုက်ပြီး လီဗာပူးအသင်း ချန်ပီယံမဖြစ်မှာမျိုး ဖြစ်ပါလိမ့်မယ်။

သတင်းကောင်းကတော့ အဲ့သည်အတွက် စိတ်ပူစရာ မလိုတော့ပါဘူး။ ဒီရာသီကို ပြီးဆုံးတဲ့အထိ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ သတင်းဆိုးကတော့ လိဂ်ကို အဆုံးသတ်မယ့် ရက်ဟာ မျှော်လင့်ထားတာထက် ပိုကြာသွားနိုင်ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ အကြာဆုံး ဘောလုံးရာသီတောင် ဖြစ်သွားနိုင်တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကြားဖြတ် သဘာပတိ Claudia Arney ဟာ ပရီးမီးယားလိဂ် အမှုဆောင်ချုပ် Richard Masters နဲ့ ပရီးမီးယားလိဂ် ကလပ်အသင်း ၂၀ မှ တာဝန်ရှိသူတွေ ပါဝင်တဲ့ အရေးပေါ် အစည်းအဝေးကို ဒီညပိုင်းက လုပ်ဆောင်ခဲ့ပါတယ်။ လိဂ်ကို ဘယ်လို အဆုံးသတ်မလဲ၊ ဘယ်အချိန်မှာ ဘယ်လို ပြန်စမလဲဆိုတဲ့ အဖြေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ကလပ်အသင်း ၂၀ လုံး တက်ရောက်ပြီး ဆွေးနွေးပေမယ့် အဖြေပေးမရတဲ့ မေးခွန်းတွေ အများအပြား ထွက်လာခဲ့တာပါ။ အတော်လေး ဆွေးနွေးမှုတွေ လုပ်ခဲ့ကြအပြီးမှာတော့ ပရီးမီးယားလိဂ်၊ EFL နဲ့ FA ပွဲတွေကို မူလ သက်မှတ်ထားတဲ့ ဧပြီလ ၃ ရက်နေ့ကို ထပ်တိုးပြီး ဧပြီလ ၃၀ ရက်နေ့ထိ ရပ်နားမှာဖြစ်ကြောင်း အတည်ပြု ကြေညာလိုက်ပါတယ်။

အဆိုပါ ကြေညာမှုနဲ့အတူ အက်ဖ်အေရဲ့ တရားဝင် ထုတ်ပြန်မှုမှာတော့ ” ငါတို့ ကော်မတီဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို ပြန်စတင်နိုင်ဖို့ ဖြစ်နိုင်သလောက် အမြန်ဆုံးနဲ့ အလုံခြုံဆုံး နည်းလမ်းကို ရှာဖွေသွားမှာပါ။ ယူအီးအက်ဖ်အေက ယူရို ၂၀၂၀ ကို ရွှေ့ဆိုင်းပေးထားတာကြောင့် ပွဲစဉ်တွေကို ဆက်ကစားဖို့ အထောက်အပံ့ဖြစ်စေပါတယ်။

အက်ဖ်အေရဲ့ ပုံမှန် စည်းမျဉ်းမှာ ” ဇွန်လ ၁ ရက်နေ့ထက် နောက်မကျပဲ လိဂ်ကို အဆုံးသတ်ရမယ် ” ဆိုတဲ့ အချက် ပါဝင်ခဲ့ပေမယ့် ငါတို့ ဘုတ်အဖွဲ့ဝင်တွေ အားလုံးက ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို အဆုံးသတ်နိုင်ဖို့ ရက်အကန့်အသတ်မရှိ ရက်ရွှေ့ပေးဖို့ သဘောတူညီခဲ့ပါတယ်။ လိဂ်ကိုတော့ ဧပြီလ ၃၀ ရက်ထပ် စောပြီး ပြန်စနိုင်ဖို့တော့ မရှိပါဘူး ” လို့ ပါရှိတာပါ။

ပရီးမီးယားလိဂ်ဟာ ဧပြီလ ၃၀ ရက်နေ့ထက် စောပြီး ကစားနိုင်ဖို့ မရှိပေမယ့် ပယ်ဖျက်ဖို့ မရှိတာကလည်း သေချာသွားပါပြီ။ ဒီရာသီအတွက် ချန်ပီယံ၊ ဥရောပဝင်ခွင့်ရ အသင်းများ၊ တန်းဆင်းရမယ့် အသင်းတွေကို အဖြေပေါ်အောင် လိဂ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

ZAWGYI

ဒီရက္ေတြမွာ လီဗာပူးပရိသတ္ေတြ စိတ္ပူေနၾကတာက ပရီးမီးယားလိဂ္ ေဘာလံုးရာသီကို ပယ္ဖ်က္လုိက္ျပီး လီဗာပူးအသင္း ခ်န္ပီယံမျဖစ္မွာမ်ိဳး ျဖစ္ပါလိမ့္မယ္။

သတင္းေကာင္းကေတာ့ အဲ့သည္အတြက္ စိတ္ပူစရာ မလိုေတာ့ပါဘူး။ ဒီရာသီကို ျပီးဆံုးတဲ့အထိ ယွဥ္ျပိဳင္သြားမွာျဖစ္ပါတယ္။ သတင္းဆိုးကေတာ့ လိဂ္ကို အဆံုးသတ္မယ့္ ရက္ဟာ ေမွ်ာ္လင့္ထားတာထက္ ပိုၾကာသြားႏုိင္ပါတယ္။ ပရီးမီးယားလိဂ္သမိုင္းမွာ အၾကာဆံုး ေဘာလံုးရာသီေတာင္ ျဖစ္သြားႏုိင္တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ ၾကားျဖတ္ သဘာပတိ Claudia Arney ဟာ ပရီးမီးယားလိဂ္ အမႈေဆာင္ခ်ဳပ္ Richard Masters နဲ႔ ပရီးမီးယားလိဂ္ ကလပ္အသင္း ၂၀ မွ တာဝန္ရွိသူေတြ ပါဝင္တဲ့ အေရးေပၚ အစည္းအေဝးကို ဒီညပိုင္းက လုပ္ေဆာင္ခဲ့ပါတယ္။ လိဂ္ကို ဘယ္လို အဆုံးသတ္မလဲ၊ ဘယ္အခ်ိန္မွာ ဘယ္လို ျပန္စမလဲဆိုတဲ့ အေျဖကို ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

ကလပ္အသင္း ၂၀ လံုး တက္ေရာက္ျပီး ေဆြးေႏြးေပမယ့္ အေျဖေပးမရတဲ့ ေမးခြန္းေတြ အမ်ားအျပား ထြက္လာခဲ့တာပါ။ အေတာ္ေလး ေဆြးေႏြးမႈေတြ လုပ္ခဲ့ၾကအျပီးမွာေတာ့ ပရီးမီးယားလိဂ္၊ EFL နဲ႔ FA ပြဲေတြကို မူလ သက္မွတ္ထားတဲ့ ဧၿပီလ ၃ ရက္ေန႔ကို ထပ္တိုးၿပီး ဧၿပီလ ၃၀ ရက္ေန႔ထိ ရပ္နားမွာျဖစ္ေၾကာင္း အတည္ျပဳ ေၾကညာလိုက္ပါတယ္။

အဆိုပါ ေၾကညာမႈနဲ႔အတူ အက္ဖ္ေအရဲ႕ တရားဝင္ ထုတ္ျပန္မႈမွာေတာ့ ” ငါတို႔ ေကာ္မတီဟာ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကို ျပန္စတင္ႏုိင္ဖို႔ ျဖစ္ႏုိင္သေလာက္ အျမန္ဆံုးနဲ႔ အလံုျခံဳဆံုး နည္းလမ္းကို ရွာေဖြသြားမွာပါ။ ယူအီးအက္ဖ္ေအက ယူရို ၂၀၂၀ ကို ေရႊ႔ဆိုင္းေပးထားတာေၾကာင့္ ပြဲစဥ္ေတြကို ဆက္ကစားဖို႔ အေထာက္အပံ့ျဖစ္ေစပါတယ္။

အက္ဖ္ေအရဲ႕ ပံုမွန္ စည္းမ်ဥ္းမွာ ” ဇြန္လ ၁ ရက္ေန႔ထက္ ေနာက္မက်ပဲ လိဂ္ကို အဆံုးသတ္ရမယ္ ” ဆိုတဲ့ အခ်က္ ပါဝင္ခဲ့ေပမယ့္ ငါတို႔ ဘုတ္အဖြဲ႔ဝင္ေတြ အားလံုးက ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကို အဆံုးသတ္ႏုိင္ဖို႔ ရက္အကန္႔အသတ္မရွိ ရက္ေရႊ႔ေပးဖို႔ သေဘာတူညီခဲ့ပါတယ္။ လိဂ္ကိုေတာ့ ဧျပီလ ၃၀ ရက္ထပ္ ေစာျပီး ျပန္စႏုိင္ဖို႔ေတာ့ မရွိပါဘူး ” လုိ႔ ပါရွိတာပါ။

ပရီးမီးယားလိဂ္ဟာ ဧျပီလ ၃၀ ရက္ေန႔ထက္ ေစာျပီး ကစားႏုိင္ဖို႔ မရွိေပမယ့္ ပယ္ဖ်က္ဖို႔ မရွိတာကလည္း ေသခ်ာသြားပါျပီ။ ဒီရာသီအတြက္ ခ်န္ပီယံ၊ ဥေရာပဝင္ခြင့္ရ အသင္းမ်ား၊ တန္းဆင္းရမယ့္ အသင္းေတြကို အေျဖေပၚေအာင္ လိဂ္ကို အဆံုးသတ္မွာ ျဖစ္ပါတယ္။