သရုပ်ဆောင် မင်းသမီး မယ်လိုဒီက ဘဏ်မှာငွေအပ်ရင်း ငွေမပြည့်တာကြောင့် ဂွမ်းခဲ့ရတဲ့ သူမရဲ့အဖြစ်အပျက်လေးကို ပရိသတ်တွေအတွက် ဝေမျှပေးထားတာပါ။ ချစ်ပရိသတ်တွေလည်း မယ်လိုဒီလိုအဖြစ်မျိုးနဲ့ မကြုံတွေ့ရစေဖို့ သူမရဲ့အတွေ့အကြုံကို ဖော်ပြပေးလိုက်ပါတယ်နော်။

မယ်လိုဒီရဲ့အဖြစ်အပျက်လေးကတော့ ရယ်ရခက် ငိုရခက်ပါပဲ။ တခြားဘဏ်က ထုတ်လာတဲ့ ငွေထုတ်ကို ဧရာဝတီဘဏ်မှာ သွားအပ်မှ အရွက်ရေလျော့နေတာ သိလိုက်ရတာပါ။

မယ်လိုဒီကတော့ ” တစ်သောင်းတန်အုပ်မှာ တစ်အုပ်ကို ၈၉ရွက်ပဲ ပါတယ် အုပ်ရေများရင် ခိုးတဲ့လူ သူဌေးဖြစ်ပြီ ဒါပေမယ့် သူများတွေမှာ ငွေပြည့်ပြီး ကိုယ်အနုပညာကြေးအုပ်ထဲက လျော့နေတော့ ဒီဘဏ်က အနုပညာရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင်ကြား ဘာလားပေါ့နော် (ဘဏ်နာမည်တော့ မပြောတော့ပါ) ကဲ ငွေလျော့နေတာ မပြောဘဲ ငြိမ်ငြိမ်လေးနေမလား အမှန်အတိုင်းပြောမလား လောလောဆယ် ဧရာဝတီဘဏ်မှာ ငွေအပ်ရင်း ဂွမ်းသွားသူပေါ့ 😷 ငွေမပြည့်ဘဲ ခပ်တည်တည်နဲ့လာအပ်ပါတယ်ပေါ့ 😢 နှစ်ခါဂွမ်းသော အခြေအနေများ ကြုံဖူးပါသလား” ဆိုပြီး ဘဏ်တစ်ခုမှာ ငွေထုတ်တာ ငွေအပြည့်မပါလာတာကြောင့် တခြားဘဏ်မှာ ငွေအပ်ရင်း ဂွမ်းခဲ့ရတဲ့ သူမရဲ့အဖြစ်ကို ဝေမျှပေးထားတာပါ။

မယ်လိုဒီကတော့ လတ်တလောမှာ Photo Shooting တွေ ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတာ တွေ့ရပါတယ်။ အိမ်ထောင်ရှင်မ တစ်ဦးအနေနဲ့လည်း တာဝန်ကျေတဲ့ မယ်လိုဒီကတော့ မိသားစုကို အပြည့်အဝဂရုစိုက်တဲ့အပြင် စီးပွားရေးတွေကိုလည်း ကိုယ်တိုင်လု ပ်ကိုင်နေသူ တစ်ဦးပါ။ ချစ်ပရိသတ်တွေလည်း ဘဏ်တွေမှာ ငွေထုတ်ရင် သေချာစစ်ယူခဲ့ကြဖို့ သတိပေးလိုက်တဲ့ မယ်လိုဒီရဲ့အတွေ့အကြုံလေးကို Share သွားကြပါဦးနော်။

welovecele